ငွေလိမ်လည်တတ်လာတဲ့မိန်းကလေးတွေနဲ့ Sugar daddy ပြဿနာ !!!

ဒီတစ်ခေါက်တော့ ဂျပန်ရဲ့ ရူးသွပ်နေတဲ့အမှောင်ထုအကြောင်းကိုပြောပြပေးမယ်။
パパ活 (papa katsu) ဆိုတာကိုစာဖတ်သူတို့သိကြလား?
အဖေတစ်ယောက်လိုလုပ်ဆောင်တယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပေမဲ့၊ ငယ်ငယ်ရွယ်ရွယ်မိန်းကလေးနဲ့ အတိုင်းအတာတစ်ခုထိအသက်ရနေတဲ့ လူလတ်ပိုင်းအမျိုးသားတို့ အတူတူစားသောက်ဆိုင်တွေသွားကြတာ၊ ရုပ်ပိုင်းဆိုင်ရာပတ်သက်မှုကြောင့် ငွေအပေးအယူလုပ်ကြတာကိုပြောခြင်းဖြစ်ပါတယ်။
အခုခေတ်စကားနဲ့ဆိုရရင်တော့ Sugar daddy ပေါ့..
ရုပ်ပိုင်းဆိုင်ရာပတ်သက်မှုကို ငွေနဲ့ဖြေရှင်းတယ်ဆိုတာက..ပြည့်တန်ဆာလုပ်ငန်းတစ်ခုပါပဲ..
ဂျပန်ရဲ့ ဥပဒေနဲ့ညှိစွန်းပါတယ်။ သို့သော် အဲ့ဒါထက်ကိုဆိုးလွန်းတဲ့မိန်းကလေးတွေ မြန်မြန်ဆန်ဆန်ပဲများပြားလာတာကြောင့်၊
ဒီအကြောင်းလေးကိုပြောပြပေးချင်ပါတယ်။

“ Received girls” (ဂျပန်လို Itadaki joshi)

Itadaki ဆိုတာက၊ ထမင်းစားတဲ့အချိန်မှာပြောတဲ့ いただきます ရဲ့အဓိပ္ပါယ်ပါပဲ…
လက်ခံရယူတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
ဘာကိုလဲ? ဒါကလည်းရှင်းပါတယ်။ ပိုက်ဆံပါ…

ပိုက်ဆံပေးတဲ့အမျိုးသားကို “ အိုဂျီ” လို့ခေါ်ပြီး၊ အဲ့ဒီ “ အိုဂျီ” ကနေရနိုင်သလောက်ပိုက်ဆံကိုယူပြီးထွက်ပြေးကြတဲ့ပြဿနာ ဂျပန်မှာစတင်လာပါတယ်။
Sugar daddy ဆိုတာဂျပန်မှာတရားမဝင်ပေမဲ့၊ အခြေခံအားဖြင့်ထမင်းအတူစားတာက တစ်ကြိမ်ဆိုဘယ်လောက်၊ ဟိုတယ်သွားပြီးအတူနေကြတာက တစ်ကြိမ်ဆိုဘယ်လောက်.. ဆိုပြီးတစ်ယောက်နဲ့တစ်ယောက်သဘောတူညီမှုနဲ့လုပ်ကြတာကြောင့်၊ ဥပဒေနဲ့ညှိစွန်းပေမဲ့၊ နားလည်ပေးထားကြပါတယ်။

ဒါပေမဲ့ပြဿနာက ဒီ “ ငွေလက်ခံသူမိန်းကလေး” တွေဟာ တစ်ဖက်လူကို ငွေလိမ်သွားပြီးထွက်ပြေးတာကိုလုပ်လာကြတယ်။
အတူအိပ်တာမျိုးတောင်မလုပ်ဘူး။ အခြေအနေနဲ့လိုက်ပြီး လူချင်းတောင်မတွေ့လိုက်ရဘဲ ပိုက်ဆံလိမ်သွားတာက သူတို့ရဲ့ထူးခြားကျွမ်းကျင်တဲ့အချက်ပါပဲ။
အလိမ်အညာတွေပြောပြီး ပိုက်ဆံယူသွားတယ်။ မျှော်လင့်ချက်ပေးပြီးဘာမှမဖြစ်လာဘူး။ တွေ့တောင်မတွေ့လိုက်ရဘူးဆိုပြီး မကျေနပ်ချက်တွေတက်လာပါတယ်..

နောက်ပြီးဒီဗီဒီယိုမှာပါတဲ့အရာက၊ Itadaki joshi ဆိုတဲ့စကားလုံးကိုထွင်လိုက်ပုံနဲ့၊ အဲ့ဒီလိုလိမ်နည်းကိုသတင်းအချက်အလက်ကုန်ပစ္စည်းအဖြစ် ရောင်းချနေတဲ့အကြောင်းဖြစ်ပါတယ်။
ဟုတ်ပါတယ်၊ လောကကြီးထဲမှာ အနှောက်အယှက်ပေးတဲ့ Itadaki joshi ကိုအများကြီးထုတ်လုပ်နေတာက အတော်လေးဆိုးရွားလွန်းတယ်။

 

ပစ်မှတ်ဖြစ်လာတဲ့ “ အိုဂျီ” (ဦးလေးကြီး)တွေဟာ၊ နေ့တဓူဝအလုပ်ချည်းပဲလုပ်နေပြီး၊ အိပ်မက်ရော ရည်မှန်းချက်ရောမရှိတဲ့ လခစားတွေဖြစ်ပါတယ်။
စတိုင်ကျဖို့ကိုလည်းစိတ်မဝင်စား၊ ဝါသနာပါတဲ့အလုပ်လည်းမရှိ၊ ပျင်းစရာကောင်းတဲ့အမျိုးသားတွေမျှသာဖြစ်ပါတယ်။

ဗီဒီယိုကြည့်လို့ရတဲ့သူက သေချာပေါက်ကြည့်ကြည့်ပါ။
အင်တာဗျူးလုပ်ထားတဲ့အမျိုးသားကကျွမ်းကျင်စွာနဲ့
မိန်းကလေးရဲ့လုပ်နည်းလုပ်ဟန် အကုန်အစင်ကို မေးမြန်းထားပါတယ်။

“ အိုဂျီ” တစ်ယောက်ဆီကနေ ယန်းသန်းပေါင်းများစွာရနိုင်တာက အထူးအဆန်းကိစ္စမဟုတ်တော့ဘူး။
ထိုမိန်းကလေးတွေမှာ တစ်နှစ်ပတ်လုံးဝင်ငွေဟာ ယန်းသန်း ၁၀၀ အထက်ရှိပါတယ်။
သူတို့ရဲ့သတင်းအချက်အလက်ထုတ်ရောင်းခြင်းဟာလည်း ယန်းသန်း ၂၀၀ လောက်အထိရောင်းအားတက်လာခဲ့ပါတယ်။
ဒါပေမဲ့ ရှာထားတဲ့ပိုက်ဆံအကုန်လုံးကို host club မှာဖြုန်းကြတယ်။

နောက်ပြီး သူတို့ဟာအခွန်လည်းမဆောင်ထားကြပါဘူး။
ပိုဆိုးတာကတော့ လိမ်ပုံလိမ်နည်းကိုရောင်းချပြီး ရာဇဝတ်မှုကျူးလွန်သူကိုများပြားစေခြင်းဖြစ်ပါတယ်။

အင်တာနက်ပေါ်မှာ မိမိကနေသတင်းအချက်အလက်ကိုပေါက်ကြားစေတဲ့အတွက် မိန်းကလေးဟာနောက်ပိုင်းဘယ်လိုဖြစ်သွားမလဲ?
ဒေါသထွက်ခဲ့တဲ့ Youtuber ကအလွန်တိုက်ခိုက်ဝေဖန်မှုကိုပြသထားတာကြောင့် နောက်ပိုင်းလှုပ်ရှားမှုမှာ လူအများစိတ်ဝင်စားနေကြပါတယ်။

အလိမ်ခံလိုက်ရတဲ့ ဦးလေးကြီးတွေလည်း သေသေချာချာလေးပြန်စဥ◌်းစားဖို့လိုအပ်သလို
အဲ့ဒီလိုရူးကြောင်တဲ့ “ အိုဂျီ” ကိုလိမ်ပြီး၊ ငွေရှာနေတဲ့ “ အိတဒါခိ ဂျော်ရှိ” တွေလည်း ဒီထက်များလာရင်တော့ မကောင်းတော့ဘူးထင်တယ်နော်…

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: