Modal Shift ဖြစ်နေတဲ့ ဂျပန်နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း။ ရထားလမ်းမှ မော်တော်ယာဥ် ထို့နောက် ရထားလမ်းသို့။

စစ်ကြီးပြီးတဲ့နောက် ဂျပန်နိုင်ငံဟာ အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်ခဲ့ရာမှာ အကြောင်းအရင်းတွေရှိပါတယ်။

အဲ့ထဲကမှ ပထမဆုံး အကူအညီဖြစ်ခဲ့တာကတော့ ရထားလမ်းတွေလို့ ထင်ပါတယ်။

စာဖတ်သူများလည်း သိတဲ့အတိုင်း ဂျပန်နိုင်ငံရဲ့ ကျဥ်းမြောင်းတဲ့မြေပေါ်မှာ ရထားလမ်းတွေက နေရာတိုင်းမှာ ရှိနေတာဖြစ်ပါတယ်။

ရထားလမ်းတွေဟာ ကားလမ်းထက် ပိုမြန်မြန် တိုးတက်လာပြီး လူတွေကို သယ်ယူဖို့သာမက ပစ္စည်းပမာဏများစွာကို တင်ဆောင်ဖို့အတွက်လည်း သင့်တော်ပါတယ်။

ဒီလိုမျိုး ကုန်တင်ရထားကို ကျွန်တော်ကလေးအရွယ်ကတည်းက ကောင်းကောင်းမြင်ဖူးပါတယ်။

https://trafficnews.jp/post/91955

ကိုယ်ထည်ထဲမှာ ဘာမဆို သယ်ဆောင်နိုင်ပါတယ်။

နွားနို့ရော၊ နွားရော၊ ဝက်ရော၊ စစ်ရေးသုံးယာဥ်တွေရော အမှိုက်တွေရော တင်ဆောင်နိုင်ပါတယ်။

လေးလံတဲ့ပစ္စည်းတွေရွေ့ပြောင်းမယ်ဆိုရင် ကုန်တင်ရထား သုံးရတဲ့ခေတ်ဖြစ်ပါတယ်။

ကျွန်တော်ရော ကျွန်တော့အဖေရော တိုကျိုမြို့ရဲ့ ငါးဈေးမှာ အလုပ်လုပ်ခဲ့ပါတယ်။ အဖေ့ခေတ်တုန်းကတော့ ငါးအများစုကို ကုန်တင်ရထားနဲ့ တင်ခဲ့ပါတယ်။

http://butsuryu.web.fc2.com/sengyo-yusou.html

 

ဒါပေမယ့် မသိလိုက်ခင်မှာဘဲ ကုန်တင်ယာဥ်ကို အသုံးများလာကြပြီး ဈေးထဲထိရောက်လာဖူးတဲ့ ကုန်တင်ရထားလိုင်းတွေလည်း ပျောက်ကွယ်သွားခဲ့ပါတယ်။

ကုန်တင်ယာဥ်တွေမှာ  ဂိုထောင်ထဲမှာ ပုံထားတဲ့နေရာကနေ ချမယ့်နေရာအထိ တိုက်ရိုက်သယ်ယူလာနိုင်တဲ့ကောင်းကွက်ရှိပါတယ်။

ကျွန်တော် ငါးလုပ်ငန်းလုပ်ခဲ့တဲ့အချိန်မှာတော့ အမြဲ ကုန်တင်ယာဥ်နဲ့ ကုန်တင်၊ ကုန်ချပြုလုပ်ပါတယ်။

ဒီလိုနဲ့ ရထားကနေ ကုန်တင်ယာဥ်ခေတ်ပြောင်းခဲ့ပေမယ့် အခုအခါမှာတော့ ကုန်တင်ရထားခေတ်ကို ပြန်ရောက်တဲ့အချိန် ရောက်လာပါပြီ။

 

နွားနို့သောက်သုံးကုန်ပစ္စည်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Meiji နို့လုပ်ငန်းကတော့ ကုန်တင်ယာဥ်နဲ့ သယ်ယူပို့ဆောင်ရာကနေ ရထားနဲ့သယ်ယူပို့ဆောင်ရေးအဖြစ် ပြောင်းလဲတဲ့ Modal shift ကို စတင်ဖော်ဆောင်လိုက်တဲ့ပုံပါပဲ။

အိုကယမစီရင်စုမှာရှိတဲ့ စက်ရုံဂိုဒေါင်ကနေ ကုန်တင်ယာဥ်နဲ့ ဘူတာအထိ သယ်ဆောင်ပြီး၇၇၀ ကီလိုမီတာကွာဝေးတဲ့ ဆအိတမစီရင်စုအထိ ရထားလမ်းကြောင်းကနေ သယ်ပို့ပါတယ်။

အဲ့ဒီကနေ အနီးဆုံး ဖြန့်ဖြူးရေးဂိုထောင်အထိကိုတော့ ကုန်တင်ယာဥ်နဲ့ ပြန်သယ်ဆောင်ပါတယ်။

 

ဒါပေမယ့် ပစ္စည်းတွေကို ပြန်ထပ်ပြန်စီရတဲ့အလုပ်က ပိုတိုးလာမှာဖြစ်တဲ့အတွက် ကုန်စည်ပို့တဲ့အချိန်ကလည်း ကြာလာပါတယ်။

ဒါကြောင့် ဒီလိုနည်းစနစ်သစ်ကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။

https://monoist.atmarkit.co.jp/mn/articles/2109/16/news055.html

အဲ့ဒါကတော့ Auto Floor Container ဆိုတဲ့အရာဖြစ်ပါတယ်။ ကွန်တိန်နာအတွင်းက စင်ရဲ့ကြမ်းပြင်ကို လျှပ်စစ်နဲ့ လျှောထွက်အောင်လုပ်ပြီး ပစ္စည်းအတင်၊ အချပြုရာမှာ အချိန်ရော လူအားရော အတော်လေးသက်သာသွားပါတယ်။

ဒီလို Modal shift နဲ့ တစ်နှစ်တာထွက်ရှိတဲ့ CO₂ ပမာဏ ၁၃ တန်ကို လျှော့ချပြီးသားဖြစ်သွားပါတယ်။

အရင်ကထက် ၇၀ ရာခိုင်နှုန်း လျှော့ကျသွားတာဖြစ်ပါတယ်။

ကမ္ဘာမြေကြီးကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ဟာ အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

ဒါကြောင့် မိမိဘက်ကနေလည်း ကုန်ကျစရိတ်အချို့ ကျခံရတာမျိုးရှိပေမယ့် ဒီလိုမျိုး လျှင်လျှင်မြန်မြန်နဲ့ တုန့်ပြန်လုပ်ဆောင်ပေးတဲ့ကုမ္ပဏီရဲ့ ထုတ်ကုန်ကို အတူတကွ ဝယ်ယူအားပေးသင့်တယ်လို့ထင်ပါတယ်။ စာဖတ်သူတို့ရော ဘယ်လိုထင်ပါသလဲ။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: