အိမ်ထောင်သည်များ တွေ့ဆုံပွဲရဲ့ အခြေအနေအမှန်က? ဒီပွဲရဲ့ရည်ရွယ်ချက်က တကယ်ပဲ အဲ့ဒါလား?

အလုပ်ရှုပ်တာကြောင့် ရည်းစားမရှိဘူး။

အလုပ်တအားရှုပ်ပြီး အမျိုးသမီးတွေနဲ့ စကားပြောဖို့အချိန်မရဘူး။

လို့ ပြောတဲ့အမျိုးသားတွေ ပြီးတော့ အဲ့လိုတွေးတဲ့အမျိုးသမီးတွေလည်း အများကြီးရှိပါတယ်။

အလုပ်ကို အပြစ်တင်နေတာတော့ မဟုတ်သေးဘူးထင်တယ်ဆိုတဲ့ ထင်မြင်ချက်ကို ဘေးပို့လိုက်ပြီး ဒီလိုလူငယ်လေးတွေက အချင်းချင်းတွေ့ဆုံဖို့အတွက် သတ်မှတ်လိုက်တာကတော့ တွေ့ဆုံပွဲနဲ့ ပါတီတွေဖြစ်ပါတယ်။

ယောကျာ်းလေးက ကိုယ့်သူငယ်ချင်းကို

မိန်းကလေးက ကိုယ့်သူငယ်ချင်းကို အသီးသီးခေါ်လာပြီး အားလုံးအတူတူ ထမင်းစားကြရအောင်ဆိုတဲ့အရာမျိုးဖြစ်ပြီး ပုံမှန်အားဖြင့် လက်ထပ်ဖို့ရည်ရွယ်တဲ့လူတွေက စုဝေးကြတဲ့အတွက် အိမ်ထောင်ပြုပြီသားသူတွေကို ပါဝင်ဖို့ တားမြစ်လေ့ရှိပါတယ်။

ဒါပေမယ့် အခုတလော များလာတာတဲ့တွေ့ဆုံပွဲကတော့ လက်ထပ်ပြီးသားသူတွေရဲ့ တွေ့ဆုံပွဲဖြစ်ပါတယ်။

အမျိုးသားနဲ့ အမျိုးသမီး ချစ်ကြိုက်လာဖို့ တွေ့ဆုံစေတာက တွေ့ဆုံပွဲဖြစ်ပြီး အိမ်ထောင်သည်တွေအတွက် တွေ့ဆုံပွဲက ဘာကိုဆိုလိုတာဖြစ်မလဲ?

ပွဲစီစဥ်သူက အင်တာနက်ကနေ သူငယ်ချင်းရအောင်လုပ်ပေးတာဆိုပြီး စကားအလှလေးသုံးထားပေမယ့် လက်တွေ့မှာတော့ ကြားလူရှာပေးတာ များပါတယ်။

 

  ချစ်သူရည်းစားလိုချင်ရင် အိမ်ထောင်သည်တွေက ကောင်းတယ်

  လက်ထပ်ဖို့လည်း တောင်းဆိုမှာမဟုတ်သလို၊ လျှို့ဝှက်ချက်ကိုလည်း ထိန်းထားပေးမှာမို့လို့ပေါ့

 

ဆိုတာမျိုး ဖြစ်ပါတယ်။

တွေ့ဆုံမှာ တွေ့ဆုံကြပြီး နှစ်ပွဲဆက်သွားကြမယ်ဆိုကာ ညမှာပျောက်သွားတဲ့ယောကျာ်းလေးနဲ့ မိန်းကလေး။

ပြီးတော့ ဘာမှမဖြစ်ခဲ့သလိုမျိုး ကိုယ့်အိမ်ကို ပြန်သွားကြပါတယ်။

ဒါက အိမ်ထောင်သည်လင်မယားနှစ်ယောက်ရဲ့ ဆက်ဆံရေးကို ထိန်းထားပေးနိုင်မလား

ဒါမှမဟုတ် ကြားလူထားတာက အဆင်ပြေရဲ့လား?

အိမ်ထောင်မရှိသူတွေမှာလည်း နားမလည်နိုင်တဲ့ အရာတွေအများကြီးရှိမယ်လို့ထင်ပေမယ့် ဒီအိမ်ထောင်ဖက်တွေ့ဆုံမှာ အဲ့ဒီအရာတွေကို မျှဝေခံစားပေးတာမျိုးလည်း ရှိတယ်လို့ဆိုပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: