ငွေအများကြီးရတဲ့ တူနာငါးဖမ်းသင်္ဘော! “ ငွေချေးပြီးရင် တူနာငါးဖမ်းသင်္ဘောမှာလုပ်ဆိုတဲ့” အလှည့်အပြောင်းတစ်ခုရှိနေတယ်။

ပြန်မဆပ်နိုင်လောက်အောင် ငွေချေးမိတဲ့အတွက်ကြောင့် ဒေဝါလီခံသွားတဲ့သူတွေ ဂျပန်နိုင်ငံမှာ အများကြီးတိုးလာနေပါတယ်။

ဒေဝါလီခံသွားရင် ငွေပြန်ဆပ်စရာမလိုတဲ့စနစ်ရှိပေမယ့် ဒေဝါလီခံသွားတဲ့အခါ ကိုယ့်အပေါ်ယုံကြည်မှုဟာ သုညဖြစ်သွားပြီး လူမှုဘဝမှာလည်း အခက်အခဲတွေ တွေ့လာနိုင်ပါတယ်။
ကယ်ရာမရတော့တဲ့အချိန်မှာ ဒေဝါလီခံလိုက်တာက အဆင်ပြေသွားနိုင်တယ်လို့ထင်ရပေမယ့် လက်တွေ့မှာတော့ အခက်အခဲတွေ ရှိနေဆဲဖြစ်ပါတယ်။
ဒါ့အပြင် ကိုယ်ချေးထားတဲ့ငွေကို မကောင်းတဲ့နေရာမှာ အသုံးပြုမိထားရင် ဒေဝါလီခံဖို့စစ်ဆေးခြင်းမှာလည်း အောင်နိုင်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ဒီလိုမျိုး အခက်ကြုံနေတဲ့သူတွေက အလှည့်အပြောင်းလေးတစ်ခုလုပ်လိုက်ရုံနဲ့ ပိုက်ဆံပြန်ဆပ်နိုင်မယ့်နည်းလမ်းတစ်ခုရှိနေပါတယ်။
အဲ့ဒါကတော့ တူနာငါးဖမ်းသင်္ဘောဖြစ်ပါတယ်။

http://www.maguro-boshu.com

ဒါဆိုရင် ဒီတူနာငါးဖမ်းသင်္ဘောနဲ့ ငွေဘယ်လောက်ရှာနိုင်မှာလဲလို့ မေးစရာရှိလာပါတယ်။
ဒါကတော့ သေချာပေါက် သင်္ဘောပေါ်လိုက်ပြီး ကွာခြားမှုရှိပေမယ့် သင်္ဘောသားတွေရဲ့ ပျမ်းမျှလစာက

 တစ်လကို ၄၃၀,၀၀၀ ယန်း (မြန်မာငွေ ၅၂ သိန်းခန့်) ဖြစ်ပါတယ်

ဝန်ထမ်းအသစ်ဆိုရင် ယန်း ၃ သိန်းကနေ ၃၄၀,၀၀၀ ခန့်ရရှိမှာဖြစ်ပြီး ကျွမ်းကျင်လာရင်တော့ လစာတိုးလာမှာဖြစ်ပါတယ်။
ကပ္ပတိန်ခေါင်းဆောင်ဖြစ်လာရင်တော့ ယန်း ၇သိန်း အထက်လောက်ရရှိမှာဖြစ်ပါတယ်။
အထွေထွေမန်နေဂျာဆိုရင်တော့ ယန်း ၁၀ သိန်းအထက်ရရှိနိုင်တယ်လို့ဆိုပါတယ်။

ဒီလောက်ပဲရရင် အကြွေးတင်နေတဲ့ငွေကို ပြန်ဆပ်နိုင်မှာလားလို့ တွေးမိသူများ ရှိကောင်းရှိနိုင်ပါတယ်။
ဒီလိုတွေးသူတွေအတွက် တူနာငါးဖမ်းလှေရဲ့ အခြေအနေက စကားပြောလာပါတယ်။

ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းဖြစ်တဲ့အတွက် ၆ လ၊ တစ်နှစ်လောက် ရေထဲမှာပဲနေကြရပါတယ်။
သဘောပေါက်သွားပြီလားမသိဘူး။
ငွေသုံးချင်ရင်တောင် သုံးစရာနေရာမရှိပါဘူး။

ဒါကြောင့် တစ်နှစ်ကို ယန်း သိန်း ၁၀၀ လောက် ငွေစုမိမှာဖြစ်ပါတယ်။

ငွေမည်း ဘဏ္ဍာရေးကုမ္ပဏီကနေ ပိုက်ဆံချေးပြီး ပြန်မဆပ်နိုင်တဲ့အခါ ဒီလိုသင်္ဘောပေါ် လိုက်နိုင်တယ်လို့ဆိုပါတယ်။
သင်္ဘောပေါ်မှာ ကြိုးစားလုပ်ကိုင်နေရင် ဘဏ္ဍာရေးကုမ္ပဏီက လစာထဲကနေ ခုနှိမ်လိုက်တဲ့သဘောဖြစ်ပါတယ်။

အမျိုးသမီးတွေက အကြွေးနွံ့နှစ်ရင် အလုပ်အများဆုံးက လိင်အလုပ်သမားဆိုင်ဖြစ်ပါတယ်။
အမျိုးသားဆိုရင်တော့ တူနာငါးဖမ်းသင်္ဘောဖြစ်ပါတယ်။

ဒါဆိုရင် ဒီလိုတူနာငါးဖမ်းသင်္ဘောမှာ ဘယ်လိုနေထိုင်ကြရမှာလဲ?
သင်္ဘောပေါ်မှာ ပျမ်းမျှအနေနဲ့ လူပေါင်း ၂၀-၃၀ လောက်စီးနှင်းနိုင်ပါတယ်။
လတ်တလောမှာ နိုင်ငံခြားသားအလုပ်သမားတွေလည်း အများအပြား ရောနှောဝင်ရောက်လာကြတဲ့အတွက် အားလုံးအတူတူ သင်္ဘောကျဉ်းကျဉ်းလေးထဲမှာ အလုပ်အတူတူလုပ်ဖို့ဖြစ်လာတာကြောင့် ကိုယ်ပိုင်သီးသန့်နေရာကတော့ မရှိပါဘူး။

ပြီးတော့ တစ်နေ့မှာ ၁၅ နာရီလောက် အလုပ်လုပ်ရတဲ့အတွက် အတော်လေးခက်ခဲတဲ့အလုပ်ဖြစ်ပါတယ်။

ဒါ့အပြင် တူနာငါးဖမ်းသင်္ဘောမှာလည်း ကောင်းတဲ့သင်္ဘောနဲ့ မကောင်းတဲ့သင်္ဘောရှိတဲ့ပုံပါပဲ။
မကောင်းတဲ့သင်္ဘောမှာဆိုရင် နားချိန်လုံးဝမရှိသလောက်ကို အလုပ်လုပ်ရမှာဖြစ်ပြီး တစ်နာရီလောက် အနားယူပြီးရင် ချက်ချင်း အလုပ်လုပ်ရမှာဖြစ်ပါတယ်။ ပြီးတော့ ၁ နာရီပြန်အိပ် အဲ့လိုမျိုးကို ထပ်ခါထပ်ခါလုပ်ရတာ ဖြစ်ပါတယ်။
လှုပ်ခါနေတဲ့သင်္ဘောပေါ်မှာတော့ ၁ နာရီတောင် အိပ်ပျော်မယ်မထင်ပါဘူး။

ဒါ့အပြင် စက်ယန္တရားအကြီးကြီးတွေနဲ့ တူနာငါးကို ဆွဲတင်ရတာဖြစ်လို့ အဲ့ဒီစက်မှာ ညှပ်မိတဲ့ မတော်တဆမှုတွေလည်း အိပ်ရေးမဝတဲ့အတွက် အဖြစ်များကြပါတယ်။

https://ameblo.jp/yukonohimitunoheya2010/

ကျွန်တော်လည်း အရင်က ငါးနဲ့ပတ်သက်တဲ့အလုပ်ကို လုပ်ကိုင်ခဲ့ဖူးပါတယ်။ အလုပ်ပြောင်းတဲ့အချိန်မှာ ဧည့်သည်က ဒီလိုပြောခဲ့တာကို အမှတ်ရနေမိပါတယ်။

“ပိုက်ဆံအဆင်မပြေရင် ပြောနော်။
ကောင်းတဲ့သင်္ဘောမှာ မိတ်ဆက်ပေးမှာမို့လို့”

စနေတာမဟုတ်ဘဲ အတည်ပြောနေတဲ့အပေါ် စိတ်ဝင်စားစွာနဲ့ အော်ရီမိလိုက်တဲ့အခါ သူက ကောင်းတဲ့သင်္ဘောနဲ့ မကောင်းတဲ့သင်္ဘောရဲ့ ခြားနားချက်ကို သေချာလေးပြောပြပေးခဲ့ပါတယ်။

စာဖတ်သူများလည်း ငွေအချေးလွန်ပြီး ကြောက်စရာကောင်းတဲ့တူနာငါးဖမ်းလှေပေါ် အတင်မခံရအောင် ဂရုပြုပါနော်။

ဒါနဲ့ တူနာငါးဖမ်းသင်္ဘောကနေ ငွေဒီလောက်ရှာနိုင်ရင် ကိုယ့်လှေကိုသုံးပြီး ငါးဖမ်းရင် မိုက်မှာပဲလို့ တွေးမိကြမယ်ထင်ပါတယ်။
ဟုတ်ပါတယ်။ တူနာငါးဖမ်းသင်္ဘောပိုင်ရှင်က ဝန်ထမ်းတွေကို လစဥ် ဒီလောက်ပိုက်ဆံပေးရင်တောင် လှေတစ်စီးကနေ တစ်နှစ်ကို ယန်း သန်း ၁၀၀ လောက်အမြတ်ရပါတယ်။

ဒါပေမယ့် ကံစမ်းရတဲ့သဘောမျိုးလည်း ရှိနေပြန်ပါတယ်။
တူနာငါးက သဘာဝအလျောက်မွေးဖွားကြီးပြင်းကြတာမို့လို့ ငါးမဖမ်းနိုင်တဲ့အခါမျိုးလည်းရှိပါတယ်။
မဖမ်းနိုင်တဲ့အခါ ဝန်ထမ်းလခ၊ သင်္ဘောဆီဖိုးစတာတွေနဲ့ အနှုတ်ပြတာတွေလည်း ရှိပါတယ်။

ဒါဆိုရင်

・တူနာငါးဖမ်းသင်္ဘောပိုင်ရှင်
・တူနာငါးဖမ်းသင်္ဘောအလုပ်သမား
・တစ်ခြားအလုပ်လုပ်ပြီး တူနာငါးကို အရသာရှိရှိစားမယ့်သူ

စာဖတ်သူဆိုရင် ဘယ်ဟာကို ရွေးချယ်မလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: