ကျိုတိုသည်ဒေဝါလီခံရဖို့နီးနေပြီလား? ပြဿနာမှာ ကိုရိုနာတစ်ခုတည်းမဟုတ်ခဲ့ပါ။

ရှေးယခင်ဘုရားကျောင်းတွေနဲ့ မြို့ရှုခင်းတွေကြောင့် ယခုထိတိုင်ယဥ◌်ကျေးမှုမြို့တော်အဖြစ်ထိန်းသိမ်းခံရတဲ့ကျိုတိုမြို့ဟာ ဂျပန်လူမျိုးတွေအတွက်ဖြစ်ပါစေ၊ နိုင်ငံခြားသားတွေအတွက်ဖြစ်ပါစေ အရမ်းအဖိုးတန်တဲ့နေရာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကျိုတိုဟာအခုတော့ ဒေဝါလီခံရမယ့်အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။
စုစုပေါင်းအကြွေးမှာယန်း ၈၅၀,၀၀၀,၀၀၀,၀၀၀ !!
အစိုးရကအဓိကအသိအမှတ်ပြုထားတဲ့ အမိန့်ချမှတ်ထားသောမြို့တွေထဲမှာ အဆိုးဆုံးတစ်ခုဖြစ်လာတဲ့ ကပ်ဘေး…

ကိုရိုနာကပ်ဘေးကြောင့် ခရီးသွားတွေမလာကြတော့ဘဲတိတ်ဆိတ်သွားတဲ့မြို့ဖြစ်လာတာကြောင့် ကိုရိုနာပြီးဆုံးသွားရင်တော့ ပြန်လည်ထူထောင်လာနိုင်မှာပဲ? လို့တွေးသူတွေလည်းအများကြီးရှိမယ်ထင်ပါတယ်။
ဒါပေမဲ့ ဘတ်ဂျက်လိုငွေဟာ ကိုရိုနာမတိုင်ခင်ကတည်းကဖြစ်ပေါ်ခဲ့တာပါ။
ဘာကြောင့် ခရီးသွားတွေနဲ့စည်ကားနေတဲ့မြို့ဟာ ဘတ်ဂျက်လိုအပ်ငွေဖြစ်ပေါ်ခဲ့ရသလဲ?

၁။ နေထိုင်သူလူဦးရေကျဆင်းလာခြင်း
စီရင်စုများအောက်ရှိ ဒေသန္တရအစိုးရအဆင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေရာဆိုရင်၊ အဓိကထားရတဲ့အကျိုးအမြတ်က နေထိုင်ခွန်ဖြစ်ပါတယ်။
နေထိုင်သူလူဦးရေများရင်များသလို၊ ဝင်ငွေများတဲ့လူကများရင်များသလိုအခွန်ကိုလည်း များစွာကောက်နိုင်တဲ့ယန္တရားတစ်ခုဖြစ်ပေမဲ့၊ ကျိုတိုမြို့မှာ
သဘာဝရှုခင်းတွေကိုထိန်းသိမ်းထားဖို့အတွက် အထပ်မြင့်အဆောက်အအုံတွေကို ဆောက်လို့မရပါဘူး။
မြေနေရာအကျယ်အဝန်းကိုလည်းကန့်သတ်ထားတဲ့အတွက်၊ လူများစွာကိုနေထိုင်စေဖို့က အထပ်မြင့်အဆောက်အဦးတွေဆောက်ရုံအပြင်မရှိပါဘူး။
အဲ့ဒီလိုလုပ်လို့မရတဲ့ကျိုတိုဟာ မြေဈေးကအထူးသဖြင့်တက်ဖို့လွယ်ကူပြီး၊ နေထိုင်ဖို့မတတ်နိုင်တော့တဲ့လူတွေဟာ ကျိုတိုမြို့ကိုစွန့်ခွာလာခဲ့ကြပါတယ်။
ဒါနဲ့ပဲ နေထိုင်သူလူဦးရေလျော့ကျလာပါတယ်။

ကျေးလက်ဒေသများမှာလူဦးရေကျဆင်းမှုရှိတာက ဂျပန်တစ်ဝှမ်းလုံးမှာဖြစ်နေလို့မထူးဆန်းတော့ပေမဲ့၊ မြို့ပြဖြစ်လျှက်နဲ့လူဦးရေကျဆင်းမှုရှိတာကတော့ ရှားပါးတဲ့ပြဿနာပါပဲ။

၂။ မြို့တော်စည်ပင်မြေအောက်ရထားဟာ အဆိုးဆုံးအခြေအနေ


အခြားသောမြို့တွေလိုပါပဲ။ သူ့မှာလည်းမြေအောက်ရထားရှိပါတယ်။ ဒါပေမဲ့ ဘတ်စ် တွေကအဆင်ပြေတာကြောင့်
မြို့ခံအများစုကဘတ်စ်ကားများကိုသာအသုံးပြုပြီး မြေအောက်ရထားကိုအသုံးမပြုကြပါဘူး။
မြေအောက်ရထားမဖွင့်လှစ်ခင်အချိန်ထိ ကုန်ကျထားတဲ့ပိုက်ဆံကိုလုံးဝပြန်ရှာလို့မရတဲ့အတိုင်း၊ မဟုတ်သေးဘူး၊ လက်ရှိအခြေအနေမှာ ပြန်လည်ကောင်းမွန်လာဖို့တောင်
အလားအလာမရှိသေးပါဘူး။
ဒီအပြင်စီးပွားရေးအကျပ်အတည်းကာလထဲ ဝင်ရောက်လာခြင်းက အခြေအနေကိုသိသိသာသာပိုမိုဆိုးရွားသွားစေခဲ့ပါတယ်။

၃။ ကျောင်းသားများပြားခြင်း
မြို့နေထိုင်သူတွေရဲ့ ၁၀ ရာခိုင်နှုန်းရှိတဲ့ လူ ၁ သိန်း ၅ သောင်းလောက်ဟာကျောင်းသားတွေဖြစ်နေတာကလည်း ကျိုတိုမြို့ရဲ့ထူးခြားချက်ဖြစ်ပါတယ်။
တက္ကသိုလ်ကျောင်းသားတွေထဲမှာ ဝင်ငွေမရှိသူလည်းများပြီး၊ နေထိုင်ခွန်မပေးဆောင်ပါဘူး။
ကျိုတိုမြို့ထဲမှာနေထိုင်ခွန်ပေးဆောင်တာက ၄၃.၁ ရာခိုင်နှုန်းပဲရှိပါတယ်။
ဒါဟာ အစိုးရသတ်မှတ်ထားတဲ့မြို့ထဲမှာ အနိမ့်ဆုံးဖြစ်ပါတယ်။

၄။ ဘုရားကျောင်းတွေကနေ ငွေမရနိုင်ခြင်း။
ဂျပန်မှာဘာသာရေးအဖွဲ့အစည်းတွေက အခွန်ဆောင်စရာမလိုပါဘူး။

ဟုတ်ပါတယ်။ ကျိုတိုရဲ့ အမြတ်အစွန်းအများဆုံးရှိတဲ့ဘုရားကျောင်းကနေတောင် ငွေမရနိုင်ပါဘူး။
ခရီးသွားတွေအများအပြားလာရောက်လည်ပတ်ကြပေမဲ့၊ ဘုရားကျောင်းကနေရတဲ့ရောင်းအားမှာ အခွန်ငွေမရှိပါဘူး။
လက်ဆောင်ပစ္စည်းဆိုင်တွေရဲ့ ရောင်းအားကနေတော့ အခွန်ငွေရရှိပေမဲ့၊ အဲ့ဒါတစ်ခုတည်းသာလျှင်ဖြစ်ပါတယ်။
အမြင့်ကန့်သတ်ချက်ရှိနေတာကြောင့် အထပ်မြင့်ဟိုတယ်ကြီးတွေဆောက်လို့မရဘဲ၊ တည်းခိုမယ့်ဧည့်သည်တွေဟာ အခြားမြို့ကိုရောက်သွားပါတော့တယ်။

၅။ ကော်ပိုရေးရှင်းအနည်းငယ်သာရှိခြင်း
ဒါဟာလည်း အမြင့်ကန့်သတ်ချက်ကြောင့်ဖြစ်ပေါ်လာတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။
အထပ်မြင့်အဆောက်အအုံဆောက်လို့မရခြင်းဟာ ရုံးအဆောက်အဦးတွေကိုနည်းစေတဲ့အကြောင်းအရင်းတစ်ခုပါပဲ။
ဒီလိုဆိုရင် ကျိုတိုမှာရုံးခန်းဖွင့်ဖို့ခက်ခဲသွားနိုင်ပါတယ်။
ကျိုတိုဟာ အိုဆာကာကနေလည်းအဲ့ဒီလောက်မဝေးတာကြောင့်၊ အိုဆာကာမှာပဲအခြေစိုက်ကြရာကနေ ကျိုတိုမှာတော့ကော်ပိုရေးရှင်းအရေအတွက်မတိုးလာတော့ပါဘူး။
ကော်ပိုရေးရှင်းအရေအတွက်များလာရင် အခွန်လည်းများမှာဖြစ်သလို၊ အလုပ်လုပ်သူတွေနေထိုင်ခြင်းဖြင့် နေထိုင်ခွန်လည်းတိုးလာမှာဖြစ်ပါတယ်။
လူဦးရေတိုးလာရင် မြို့တွင်းရှိစတိုးဆိုင်တွေလည်းများလာမယ်။
သို့သော်လက်တွေ့မှာတော့ ဒီလိုအခြေအနေကိုဖန်တီးဖို့ခက်ခဲနေပါတယ်။

ကျိုတိုရဲ့ဘတ်ဂျက်ငွေလိုအပ်ချက်ဟာ ကိုယ်ထူကိုယ်ထစီးပွားရေးပြန်လည်ပတ်နိုင်မယ့်အဆင့်ကိုကျော်လွန်နေတယ်လို့လည်း ပြောနေကြပါတယ်။
ဒါနဲ့ ..နောက်ပိုင်းရောဘယ်လိုဖြစ်လာလိမ့်မလဲ?

ကိုရိုနာကပ်ဆိုးကြီးပြီးသွားခဲ့ရင် စာဖတ်သူတို့ထဲမှာ ကျိုတိုကိုသွားလည်ချင်တယ်လို့တွေးနေတဲ့သူရှိလား?
ဒုက္ခရောက်နေတဲ့ကျိုတိုမြို့အတွက် လက်ဆောင်ပစ္စည်းများဝယ်ယူအားပေးခြင်း၊ အစားအစာများစားသောက်ခြင်းဖြင့် တစ်ဖက်ကနေကူညီနိုင်ပါတယ်။
ဂျပန်ရဲ့ယဥ◌်ကျေးမှုအမွေအနှစ်လက်ရာတွေရှိနေတဲ့ကျိုတိုမြို့…
ဒီမြို့မှာရင်ဆိုင်နေရတဲ့ပြဿနာကိုတော့ ကျွန်တော်တို့မသိခဲ့ပါဘူး…

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: