၈၂ နှစ်အရွယ်၊ ကတ်ထူလုပ်ငန်းရဲ့ထိပ်တန်းစီးပွားရေးသမား (ဆုံးရှုံးမှုဟာ မြင်လာရမည့်အမြတ်ဖြစ်သည်။)

တိုကျိုအိုလံပစ်ရဲ့ လူနေအဆောက်အဦးမှာ ကတ်ထူကုတင်နဲ့ပတ်သက်ပြီး အတော်လေးနာမည်ကြီးသွားပါတယ်။
ချက်ချင်းပျက်ဆီးသွားမှာပဲလို့လှောင်ပြောင်ခဲ့ကြပေမဲ့၊ လက်တွေ့မှာကစားသမားတွေဟာ ကုတင်ပေါ်တက်ခုန်တာတောင် သိပ်ပြီးမပျက်ဆီးသွားခဲ့ပါဘူး။
လူ ၉ ယောက်တက်ခုန်လို့သာ နောက်ဆုံးတော့ပျက်ဆီးသွားပေမဲ့၊ ပုံမှန်ကုတင်ထက်ပိုပြီး ကြံ့ခိုင်တယ်ဆိုတဲ့အကြောင်းကိုပြသခဲ့တဲ့ ကတ်ထူကုတင်ကိုမှတ်မိပါသလား?

ဒီကတ်ထူလုပ်ငန်းဟာ အတော်လေးပူပါတယ်။

ကတ်ထူကိုတော့ စုဆောင်းထားတဲ့အသုံးပြုပြီးသားစက္ကူများမှတစ်ဆင့် ပြန်လည်ပြုလုပ်ပါတယ်။


https://www.mbs.jp/mbs-column/leader/

လူသားတွေရဲ့ နေ့စဥ◌်ဘဝမှာထွက်လာတဲ့ စက္ကူအမှိုက်တွေကိုစုဆောင်းပြီးပြန်လည်အသုံးချပါတယ်။
ဂျပန်ပြည်တွင်းရှိ ကတ်ထူတွေရဲ့ ပြန်လည်အသုံးချမှုနှုန်းဟာ ၉၅ ရာခိုင်နှုန်းဖြစ်ပါတယ်။
ပတ်ဝန်းကျင်အတွက်ထည့်သွင်းစဥ◌်းစားမှုကိုလုပ်ဆောင်လာပြီး၊ SDGs စတဲ့စကားလုံးတွေပေါ်လာခဲ့ပေမဲ့၊ ကတ်ထူဟာ SDGs ဆိုတဲ့စကားလုံးကမွေးဖွားလာပြီးတောက်လျှောက် ဟိုးယခင်ကတည်းက
လုပ်ကိုင်လာခဲ့တဲ့ လုပ်ငန်းဖြစ်ပါတယ်။

ဒီလိုပူတဲ့လုပ်ငန်းရဲ့ ထိပ်ဆုံးကိုပြေးနေတဲ့ကုမ္ပဏီကတော့ “ Rengo Co., Ltd.” ဖြစ်ပါတယ်။
ဒီကုမ္ပဏီမှာ အနှစ် ၂၀ ကျော်အတွင်း၊ သူဌေး,ဥက္ကဌအဖြစ်အလုပ်လုပ်ပြီး၊ ယခုအသက် ၈၂ နှစ်ရောက်သည့်တိုင် ဒီလုပ်ငန်းရဲ့ ဦးဆောင်သူအဖြစ်ခိုင်မာတဲ့တည်
ရှိမှုကိုပြသနေတာကတော့ ဟောဒီ Kiyoshi Otsubo ဆိုသူပဲဖြစ်ပါတယ်။

ဟိုးယခင်ကတည်းကရှိခဲ့ပြီး၊ အစောဆုံးလည်းဖြစ်တဲ့ဒီလုပ်ငန်းမှာ နှစ်ပေါင်းများစွာထိပ်တန်းအဆင့်မှာရှိနေတဲ့ သူ့ရဲ့စီမံခန့်ခွဲမှုနဲ့
၎င်းရဲ့နောက်ခံအကြောင်းအရာကို မေးမြန်းခဲ့ပါတယ်။

အဓိကကုန်သွယ်ရေးကုမ္ပဏီသို့ဝင်ရောက်ပြီး ၂ လအကြာမှာပဲ ချက်ချင်းပြောင်းရွေ့ဖို့အမိန့်ကျလာတယ်။

တက္ကသိုလ်ဘွဲ့ရပြီးတဲ့နောက် Sumitomo ကော်ပိုရေးရှင်းဆိုတဲ့ ဂျပန်ရဲ့အဓိကကုန်သွယ်ရေးကုမ္ပဏီတစ်ခုသို့ ပထမဆုံးအလုပ်ဝင်ခဲ့ပါတယ်။
ပထမဆုံးတာဝန်ကျခဲ့တာကတော့ စက္ကူအပျော့ဌာနဖြစ်ပေမဲ့၊ အလုပ်ဝင်ပြီး ၂ လအကြာမှာ ကတ်ထူထုတ်လုပ်တဲ့ အခြားသောကုမ္ပဏီသို့ ပြောင်းရွေ့ခြင်းခံခဲ့ရပါတယ်။
ဒီနေရာမှာ ပြောင်းရွေ့တဲ့နေရာရဲ့တည်ထောင်သူဆီကနေ အလုပ်ရဲ့တွေးခေါ်ပုံကိုသင်ယူခဲ့ရပြီး၊ သူ့ရဲ့ဘဝဟာ ပြောင်းလဲသွားပါတော့တယ်။

“ အလုပ်နယ်ပယ်ထဲမှာလည်း အမှန်တရားရှိတယ်။”
“ အရှုံးဟာ မြင်လာရမယ့်အမြတ်လည်းဖြစ်တယ်”

ဒီ ၂ ချက်ဟာ တည်ထောင်သူရဲ့ခံယူချက်ဖြစ်ပါတယ်။
အလုပ်ခွင်ကိုမသိတဲ့မန်နေဂျာဟာ စီမံနိုင်မှာမဟုတ်သလို၊ အလုပ်ခွင်ကိုသိပြီး ဖြစ်ပေါ်နေတဲ့ဆုံးရှုံးမှုတွေကိုမရပ်တန့်နိုင်ဘူးဆိုရင် အမြတ်အစွန်းလည်းရှိမှာမဟုတ်ဘူး။

စက်ရုံမှာအိပ်ဖို့ကြိုးစားကြည့်ပါ
ဒီစကားတစ်ခွန်းဟာ အတွေးကိုအခေါ်ကိုအကြီးအကျယ်ပြောင်းလဲဖို့လမ်းစဖြစ်လာခဲ့ပါတယ်။
ဒီလိုအပြောခံရပြီးမတတ်နိုင်ဘဲ စက်ရုံရဲ့ထောင့်မှာအိပ်မယ်လို့လုပ်ခဲ့တဲ့အချိန်၊ စက်ရုံရဲ့ပိုက်ကနေကျနေတဲ့ရေကိုသတိထားမိသွားပါတယ်။
စက်တွေကိုတော့ ညအချိန်မှာရပ်ထားပေမဲ့၊ ရပ်ထားပြီးတဲ့နောက်မှာ ပိုက်နဲ့စက်ရဲ့အထဲမှာ ပိတ်မိနေတဲ့ရေရဲ့အသံဟာမြည်နေတယ်။
သတိထားမိပြီး သွားကြည့်လိုက်တဲ့အချိန်မှာ ထိုစက်ရဲ့အလုပ်လုပ်ပုံကို နားလည်သွားပါတော့တယ်။
အဲ့ဒီအချိန်မှာပဲ လျှပ်စစ်မီတာခနဲ့ရေ၊ ဒီအပြင်မလိုအပ်တဲ့လူသားအရင်းအမြစ်တွေအထိ စတဲ့ဆုံးရှုံးမှုကိုမြင်လာရပါတယ်။

နောက်ပြီး၊ ကုန်သွယ်ရေးကုမ္ပဏီကနေစေလွှတ်ခံရတဲ့သူဆိုတာ ပုံမှန်အားဖြင့်အထင်ကြီးစရာကောင်းတဲ့လူဖြစ်ပေမဲ့၊ ဒါတွေအထိလုပ်နေတာကိုကြည့်မယ်ဆို၊
စက်ရုံရှိလူတွေထံမှလည်း လုပ်ဖော်ကိုင်ဖက်အဖြစ်အသိအမှတ်ပြုခံရပြီး စကားပြောဆိုနိုင်လာပါတယ်။
လုပ်ရကိုင်ရလည်းလွယ်ကူလာသလို၊ အလုပ်ခွင်ကလူတွေရဲ့အခက်အခဲကိုနားထောင်မယ်ဆို ဆုံးရှုံးမှုကိုတတ်နိုင်သလောလျော့ချနိုင်လာပါတယ်။
တစ်နည်းအားဖြင့်၊ ကုမ္ပဏီရဲ့အမြတ်အစွန်းကို တိုးချဲ့နိုင်ဖို့သတိပြုနိုင်လာပါတယ်။

မလေးရှားတွင် ကြီးမားတဲ့ပြုပြင်ပြောင်းလဲမှု

အဲ့ဒီနောက် ယာယီတာဝန်စေလွတ်ခြင်းခံရတဲ့နေရာကနေပြန်ရောက်ခဲ့ပေမဲ့၊ အသက် ၅၀ မတိုင်ခင် မလေးရှားရဲ့ကွာလာလမ်ပူမှာ ဌာနခွဲမန်နေဂျာအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။
တကယ်တော့အရင်တာဝန်ယူခဲ့တဲ့ဌာနခွဲမန်နေဂျာဟာ အမှားကြီးကိုလုပ်မိပြီး၊ ဌာနခွဲဆက်လက်ရပ်တည်မှုမှာ အန္တရာယ်ရှိသွားခဲ့ပါတယ်။
အဲ့ဒီလိုတစ်ချက်မှားသွားတာနဲ့ ဆုံးရှုံးရတော့မယ့်ဌာနခွဲကို ပြန်လည်ပြုပြင်တည်ဆောက်ဖို့ အမိန့်ကျခဲ့တာပဲဖြစ်ပါတယ်။

ပထမဆုံးမှာသူလုပ်ခဲ့တာက ခွဲခြားဆက်ဆံမှုပပျောက်ရေးဖြစ်ပါတယ်။
ကုန်သွယ်ရေးကုမ္ပဏီဖြစ်တာကြောင့် မကြာခဏပြောင်းရွေ့သွားလာရပေမဲ့၊ အဲ့ဒီအချိန်စီးပွားရေးသွားလာမှုထောက်ပံ့ပေးထားတဲ့စရိတ်ဟာ ဂျပန်လူမျိုးနဲ့ဒေသခံများအကြားလုံးဝခြားနားခဲ့ပါတယ်။
အလုပ်တစ်ခုကိုအတူတူလုပ်ရင် အကျိုးခံစားခွင့်လည်းအတူတူပဲရသင့်တယ်ဆိုပြီး၊ ဒီခွဲခြားဆက်ဆံမှုကို ပပျောက်စေခခဲ့ပါတယ်။
ဂျပန်မှာရှိတဲ့ရုံးချုပ်ဟာ အခြားသောဌာနခွဲတွေအပေါ်လွမ်းမိုးမှုရှိတဲ့အတွက် နဂိုအတိုင်းပြန်ထားဖို့ညွှန်ကြားခဲ့ပေမဲ့၊ သူပြန်မနုတ်ခဲ့ပါဘူး။

ထိုရလဒ်ကတော့ ဒေသခံများကိုအလေးအနက်အလုပ်လုပ်လာစေဖို့ ခွန်အားဖြစ်စေခဲ့ပါတယ်။
မလေးရှားမှာတော့ မလေးရှားလူမျိုးတွေရဲ့ ကွန်ရက်ရှိပါတယ်။
အဲ့ဒီအချိန်၊ ဂျပန်စီးပွားရေးကုမ္ပဏီမှာ Mitsui Group ဟာအရမ်းအားကောင်းနေခဲ့ပေမဲ့၊ အဲ့ဒါကိုတစ်ပြိုင်နက်လိုက်နိုင်ခဲ့တာက ဒေသခံတွေရဲ့ကွန်ယက်ကြောင့်လို့ဆိုပါတယ်။

အဲ့ဒီနောက် လန်ဒန်ရုံးခွဲကိုဒေသဆိုင်ရာကိုယ်စားလှယ်အဖြစ် ပြောင်းရွေ့ခြင်းခံခဲ့ရပေမဲ့၊ ရက်ပေါင်း ၈၀ ရုံးထိုင်ပြီးနောက်လက်ရှိကုမ္ပဏီ Rengo ရဲ့ဥက္ကဌအဖြစ်ခန့်အပ်ခြင်းခံရပါတော့တယ်။

မျက်နှာချင်းဆိုင်စကားပြောဖို့လုံးဝလိုအပ်တယ်

ကိုရိုနာကူးစက်မှုတွေကြောင့် work from home များလာလျှက်ရှိပေမဲ့၊ သူဟာမျက်နှာချင်းဆိုင်စကားပြောရခြင်းရဲ့အရေးပါပုံကို အလေးထားသူတစ်ယောက်ဖြစ်ပါတယ်။
အချိန်ခွဲပြီးအလုပ်တက်ရတာဖြစ်ဖြစ်၊ ၁ နာရီလောက်လေးပဲဖြစ်ဖြစ် ရုံးကိုလာပြီးလုပ်ဖော်ကိုင်ဖက်တွေကို တွေ့ဆုံစကားပြောဖို့သတ်မှတ်ထားပါတယ်။
အလုပ်ကိုအိမ်မှာလုပ်နိုင်တယ်ဆိုပေမဲ့၊ တကယ်အကြောင်းအရာတွေကိုပြောရတာအားမရှိသလို၊ အလုပ်လုပ်နေပုံကိုလည်းမတွေ့ရပါဘူး။
ဒီလိုသာဆိုရင် အလုပ်ဟာအဆင်ပြေချောမွေ့နိုင်မှာမဟုတ်ဘူးဆိုတာ သူစဥ◌်းစားမိပါတယ်။

အသက် ၈၀ ကိုကျော်လာတဲ့ယခုအချိန်၊ ငွေရေးကြေးရေးအခက်အခဲမရှိသော်လည်း၊ အနားယူဖို့မစဥ◌်းစားသေးပါဘူး။
ကုမ္ပဏီဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့် ကြီးမားတဲ့ရလဒ်ကိုရရှိထားပါတယ်။

နောက်ထပ်သူလုပ်ချင်တာက စက်မှုလုပ်ငန်းတစ်ခုလုံးကိုအဆင့်မြင့်တင်ခြင်းဖြစ်ပါတယ်။

ကတ်ထူတွေဟာ ယခုကစပြီးပို၍အရေးပါတဲ့ကဏ္ဍကနေ ပါဝင်လာပါတော့မယ်။
အကယ်၍လူတွေကမရွေ့ပြောင်းဘူးဆိုရင် ငါတို့ဟာပစ္စည်းအမျိုးမျိုးကိုပို့ပေးမယ်။
အဲ့ဒီအချိန်လိုအပ်တာက ကတ်ထူ

နောက်ပြီးကတ်ထူအိပ်ရာလိုမျိုး လူသုံးကုန်ပစ္စည်းတွေထုတ်လုပ်နိုင်လာတဲ့အခါ ဒီလိုသဘာဝပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေတဲ့ ပစ္စည်းကိုရှာဖို့ခက်ပါတယ်။

Otsubo စံကို ကိုယ်လုပ်ဆောင်လာခဲ့တဲ့အရာတွေကမှန်ကန်ခဲ့သလားလို့ မေးကြည့်တဲ့အခါ

“ အနာဂတ်ဟာ အတိတ်ကိုဆုံးဖြတ်ပေးတယ်။”

ဆိုပြီးပြန်ဖြေထားပါတယ်။
ယခုကနေစပြီး၊ ဒီကုမ္ပဏီ၊ ဒီလုပ်ငန်း နောက်ပြီးတစ်ယောက်ချင်းစီကဘယ်လိုရှိသလဲ?
အဲ့ဒါကိုအလေးအနက်စဥ◌်းစားပြီး၊ အလေးအနက်ရှေ့ဆက်သွားဖို့က အတိတ်ကိုလည်းထည့်သွင်းထားတဲ့တန်ဖိုးတစ်ခုလို့ထင်ပါတယ်။

သူ့ရဲ့ Rengo ကုမ္ပဏီကို 1909 ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်။
ဂျပန်မှာပထမဆုံး ကတ်ထူပြားထုတ်လုပ်တဲ့စက်ရုံလည်းဖြစ်ပါတယ်။
ပြည်တွင်းပြည်ပ ကုမ္ပဏီအုပ်စုပေါင်း ၁၀၀ ကျော်ရှိပြီး၊ ရောင်းအားပမာဏ ယန်း ၆၈၀ ဘီလီယံနဲ့ ဝန်ထမ်းပေါင်း ၂ သောင်းကျော်ရှိတဲ့ အဖွဲ့အစည်းကြီးတစ်ခု!!!
ဒီအဖွဲ့အစည်းကြီးရဲ့ အနာဂတ်ကတော့ တကယ်အားကျစရာကောင်းမှာ အသေအချာပါပဲ …

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: