ဧည့်ကြိုငါးမန်း? ထူးဆန်းတဲ့လာဘ်ကောင်လေးနဲ့ ကြိုဆိုပေးနေတဲ့ ဆူရှီဆိုင်

များစွာသောဆိုင်တွေနဲ့ ယှဥ်ပြိုင်ရာမှာ အနိုင်ရဖို့အတွက် ဆိုင်တွေဟာ ကိုယ်ပိုင်စိတ်ကူးတွေကို တီထွင်ကြလေ့ရှိကြပါတယ်။
အရသာ၊ ဈေးနှုန်းနဲ့ ဧည့်သည်ကို ဆွဲဆောင်တာက အခြေခံနည်းလမ်းဖြစ်ပေမယ့် ဒါက ပြိုင်ဖက်တွေရဲ့ နည်းလမ်းနဲ့ သိပ်မကွာလှပါဘူး။
ဒီလိုအခြေအနေအတွက် အသုံးပြုတာကတော့ လာဘ်ခေါ်ကောင်လေးတွေ ဖြစ်ပါတယ်။

ဥပမာ ဖုဂျိယဆိုတဲ့ ကိတ်မုန့်ဆိုင်မှာဆိုရင် ပဲခိုချန် (Peko-Chan) လို့ခေါ်တဲ့ ဇာတ်ကောင်ကို ဆိုင်ရှေ့မှာ ထားထားပါတယ်။


ကုန်ပစ္စည်းထုတ်ပိုးရာမှာလည်း အသုံးပြုပြီး Peko-Chan ဆိုင် = ဖုဂျိယဆိုတဲ့ ပုံစံကို တည်ထောင်ခဲ့ပါတယ်။
ဒီလိုနဲ့ ချစ်စရာမုန့်လေးကို ဝယ်ချင်တဲ့ဧည့်သည်တွေဟာ Peko-Chan ဆီကို ရောက်လာကြပါတယ်။

အရုပ်သာမက အသက်ရှိတဲ့လာဘ်ခေါ်ကောင်လေးတွေလည်း ရှိပါတယ်။
အခုတော့ ဆုံးသွားပြီဖြစ်ပေမယ့် ဒီကြောင်လေး တမ ကတော့ ဒေသဘူတာရဲ့ ဘူတာရုံမှူးဖြစ်ပါတယ်။

ပုံမှန်ဆိုရင် လူတွေသိပ်မစီးတဲ့ရထားလိုင်းဖြစ်ပေမယ့် သူ့ကို တွေ့ချင်လို့ ရထားလာစီးတဲ့လူတွေလည်း များလာတယ်လို့ဆိုပါတယ်။

ဒီလိုမျိုး သာမန်အားဖြင့် ချစ်စရာကောင်းတဲ့အရာကို အသုံးပြုကြပေမယ့် ဒီဆူရှီဆိုင်ကတော့ ထူးခြားတာတစ်ခုကို သတိထားမိခဲ့ပါတယ်။
ငါးမန်းကို လာဘ်ခေါ်ကောင်အနေနဲ့ အသုံးပြုခဲ့တာဖြစ်ပါတယ်။
အဲ့ဒီငါးမန်းကလည်း ငါးမန်းအရှင်ဖြစ်ပါတယ်။

ဒီပုံကတော့ ဆိုင်ရှင်ပုံဖြစ်ပါတယ်။

https://gunosy.com/articles/aQy3c?s=s

၂ မီတာကျော်တဲ့ ကြီးမားတဲ့ခန္ဓာကိုယ်နဲ့ဒီပုံစံက နည်းနည်းကြောက်စရာကောင်းပြီး ဘာလို့ဒီလိုလာဘ်ကောင်နေရာမှာ သုံးရတယ်ဆိုရတယ်ဆိုတာနားမလည်နိုင်ဘူး။
နားလည်ရင်တောင် ဧည့်သည်တွေ ကြောက်သွားမှာ မစိုးရိမ်ဘူးလားမသိဘူးနော်?

ဒါပေမယ့် ဒီတစ်ခေါက်ဇာတ်လိုက်ကတော့ နည်းနည်းထူးဆန်းတဲ့ဆိုင်ပိုင်ရှင်မဟုတ်ပါဘူး။
ဒီငါးမန်းလေးပါ။

ကြောင်လေးလိုမျိုး လူယဥ်တဲ့ငါးမန်းဖြစ်ပုံရပါတယ်။
Youtube မှာ ကြည့်ချင်ရင်တော့ အောက်ကလင့်မှာ ကြည့်နိုင်ပါတယ်။

ပြည်ကြီးငါးနဲ့ ငါးအသားကို ကျွေးရင် ကျွေးတဲ့သူနားကိုကပ်လာပြီး ငါးမန်းကိုလည်း ထိကိုင်နိုင်ပါတယ်။
ငါးမန်းတစ်ကောင်နဲ့မတူဘဲ အတော်လေး ချစ်စရာကောင်းနေပါတယ်။

ဒီလိုငါးမန်းထားရတဲ့အကြောင်းအရင်းကတော့ အခုအထိဖွင့်လာတဲ့ဆိုင်အသွင်သဏ္ဍာန်ကို ပြောင်းလဲချင်တာကြောင့်လို့ဆိုပါတယ်။
ခုနက ငါးမန်းခေါင်းဆောင်းထားသူကတော့ ဒီဆိုင်ရဲ့ တတိယမြောက်ပိုင်ရှင်ဖြစ်ပါတယ်။

ဆိုင်ပိုင်ရှင်ကတော့ ဆူရှီဆိုင်ရဲ့ ဈေးကြီးပြီး ကြောက်စရာကောင်းတဲ့ပုံစံကို ဖယ်ရှားချင်ခဲ့တာလို့ဆိုပါတယ်။

ဟုတ်ပါတယ်။ ဆူရှီပွဲတွေကို လှည့်လည်ပြီးချပေးနေတဲ့ဆိုင်နဲ့မတူဘဲ ပုံမှန်ဆူရှီဆိုင်တွေဟာ ဈေးကြီးတဲ့အတွက် ငွေဘယ်လောက်ကျသင့်မလဲဆိုတာကို ကြောက်တဲ့ ဂျပန်လူမျိုးအများကြီးရှိပါတယ်။
ဒီလိုပုံစံကို ဖယ်ရှားဖို့အတွက် မရည်ရွယ်ဘဲဆိုင်ထဲလာစေမယ့် ဆိုင်ပုံစံဖြစ်စေချင်ပုံရပါတယ်။

ဈေးလည်းမကြီးဘဲ ဒီလိုအထက်တန်းမြင့်တဲ့ပင်လယ်စာပန်းကန်ဆိုရင် ယန်း ၉၀၀ သာ ကျသင့်ပါတယ်။

ဒါ့အပြင် ဒီငါးမန်းတွေကို အသုံးပြုပြီး SNS မှာ ပိုစ့်တင်ခြင်းကြောင့် ကာစတန်မာတွေနဲ့ ပိုရင်းနှီးတဲ့အနေအထားကို ဖန်တီးနိုင်ခဲ့ပါတယ်။
ပြီးတော့ ကလေးတွေလည်း ပျော်ရွှင်နိုင်တဲ့နေရာတစ်ခုဖြစ်အောင် လုပ်ထားပါတယ်။

https://tabelog.com/osaka/A2707/A270703/27061852/

အရင်တုန်းကတော့ ငါးလေးတွေနဲ့ ထိတွေ့နိုင်တဲ့အခွင့်အရေးတွေ သိပ်အများကြီးမရှိတဲ့အပြင် ငါးမန်းကလည်း တစ်ခြားနေရာမှာဆိုရင် ရှာဖွေဖို့ ခက်ခဲမယ်လို့ထင်ပါတယ်။
ဒါပေမယ့် ငါးမန်းကတော့ ဒီလိုမျိုးကို ချစ်စရာကောင်းနေပါတယ်။

ဒါကြောင့် အိုဆာကာကို လာရင် ဒီဆူရှီဆိုင်သွားဖို့ ညွှန်းဆိုချင်ပါတယ်။

『Sushi Matsumoto』
လိပ်စာ – ၃-၁-၆ အိုအိုးဟဆုဟိဂရှိ၊ ဟိဂရှိအိုဆာကာမြို့၊ အိုဆာကာစီရင်စု
ဖွင့်ချိန် – ၁၁း၃၀ မှ ၁၄း၀၀ Last order၊ ၁၇း၀၀ မှ ၂၁း၀၀ Last order
(လက်ရှိတွင် အရေးပေါ်ကအခြေအနေကြေညာချက်ထုတ်ပြန်ထားသည့်အတွက် ညဘက် ၈ နာရီအထိဖွင့်လျက်ရှိသည်။ Gold Sticker ရယူပြီး)
ပိတ်ရက် – အပတ်စဥ်တနင်္လာနေ့၊ တစ်ခါတစ်ရံတနင်္ဂနွေနေ့တွင် ပိတ်သည်

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: