ပိုက်ဆံအများကြီးရတယ်! သို့သော်အန္တရာယ်ရှိတဲ့ အချိန်ပိုင်းအလုပ်

တစ်ကမ္ဘာလုံးကခက်ခဲနေတဲ့အခြေအနေထဲမှာ၊ ဝင်ငွေလျော့နည်းသွားသူတွေ၊ အလုပ်ပြုတ်သွားသူတွေ အများကြီးရှိပါတယ်။
အဲ့ဒီလိုအချိန်မှာ ဝင်ငွေအများကြီးရနိုင်မယ့်အချိန်ပိုင်းအလုပ်နဲ့ ချက်ချင်းငွေရှာအောင်..
အဲ့ဒီလိုမျိုးအချိန်ပိုင်းအလုပ်ဆိုရင်တော့ ဂျပန်မှာဒီလိုအချိန်ပိုင်းအလုပ်ရှိပါတယ်။

ပိုက်ဆံအတွက်သာဆိုရင် သင်ရောဒီလိုအလုပ်မျိုးလုပ်နိုင်ပါသလား?

အနံ့ဆိုးလွန်းတဲ့အချိန်ပိုင်းအလုပ်
ရုတ်တရက်သေဆုံးခြင်း (သို့) အက်စီးဒင့်ဖြင့်သေဆုံးခြင်း၊ ဒီအပြင်လူသတ်မှုအထိ
အခန်းထဲမှာ သေသွားတဲ့လူရဲ့ အလောင်းထုပ်ပိုးခြင်း၊သယ်ဆောင်ခြင်းတွေကိုဆောင်ရွက်ရတာဟာ အခုပြောပြမယ့်ပထမဆုံးမြောက် ဝင်ငွေများတဲ့အချိန်ပိုင်းအလုပ်ဖြစ်ပါတယ်။

https://cash-studio.com/ayashii-urabaito/

အလောင်းကိုပုံမှန်အားဖြင့်တော့ ရဲတွေကကိုင်တွယ်ကြပေမဲ့၊ အခန်းတွင်းရဲ့သန့်ရှင်းရေးနှင့် ရှင်းလင်းရေး၊ အထူးသဖြင့်သန့်ရှင်းရေးဆိုတဲ့အလုပ်ကတော့
အခုတစ်ခေါက်ပြောပြတဲ့အချိန်ပိုင်းအလုပ်ပဲဖြစ်ပါတယ်။ သေဆုံးပြီး‌ချက်ချင်းကိုင်တွယ်ရမယ်ဆိုရင်တော့ အဆင်ပြေသေးပေမဲ့၊ အများစုအခြေအနေက
ထိုနေရာမှာတင်ရှာဖွေရတာနဲ့တင် အချိန်ပေးရပါတယ်။ ပုပ်ဆော်နံ့ဟာလည်း အရမ်းပြင်းပါတယ်။
ခန္ဓာကိုယ်မှာအနံ့စွဲသွားပြီး တော်တော်နဲ့အနံ့မပျောက်တော့တာမျိုး …
သတ်သေမှုနဲ့ အခြားသောလူသတ်မှု၊ စတဲ့အမှုခင်းတွေလည်းရှိတာကြောင့်၊ အပုပ်အနံ့နဲ့တင်သေနိုင်သလို၊ လူသေကနောက်ကနေလိုက်လာမှာကို ကြောက်တယ်…
ဒီအလုပ်ဟာ တစ်ရက်ဝင်ငွေ ယန်း ၁၂၀၀၀ ကနေ ယန်း ၁၅၀၀၀ ဈေးကွက်ပေါက်ဈေးရှိပါတယ်။

အလောင်းအားရေချိုးပေးခြင်း
ဒီလိုမျိုးအချိန်ပိုင်းအလုပ်အများကြီးမရှိတဲ့အတွက်၊ အလောင်းရေချိုးပေးခြင်းအလုပ်ဟာ မြို့ပြအထက်ကရကြီးပဲလို့ သတ်မှတ်ခြင်းခံရပါတယ်။
တက္ကသိုလ်ဆေးရုံတွေမှာတော့ ဆရာဝန်တစ်ယောက်ဖြစ်လာဖို့ အသားစယူစစ်ဆေးခြင်းတွေပြုလုပ်ရပါတယ်။
အဲ့ဒီအချိန်မှာအသုံးပြုတဲ့အလောင်းကို သန့်ရှင်းစေဖို့ဆေးကြောရတာက အလုပ်တစ်ခုဖြစ်ပါတယ်။
စကားမစပ် ကျွန်တော်ရဲ့အမဟာ သွားနှင့်ခံတွင်းသန့်ရှင်းရေးပညာရှင်တစ်ဦးဖြစ်ပေမဲ့၊ သွားဘက်ဆိုင်ရာနဲ့မသက်ဆိုင်တဲ့ အလောင်းခွဲစိတ်မှုပါပြုလုပ်ခဲ့ရပြီး၊
လူ ၄ ယောက်ကို အလောင်း ၁ လောင်းနှုန်းဖြင့် အသားစယူစစ်ဆေးခြင်းတွေပြုလုပ်ခဲ့ကြပါတယ်။
ဆေးပညာဖွံ့ဖြိုးတိုးတက်ဖို့အတွက်လိုအပ်ပေမဲ့၊ အတော်လေးပြင်းထန်တဲ့အကြောင်းအရာဖြစ်ပါတယ်။

အလောင်းဆေးကြောခြင်းဟာ အခြေအနေအများစုမှာ၊ တက္ကသိုလ်ဆေးရုံမှာပြုလုပ်ပါတယ်။
အလောင်း ၁ လောင်းကိုလူ ၂ ယောက်ဖြင့်ဆေးကြောကြပါတယ်။
လက်အိတ်၊ Mask နှင့် goggles ကိုဝတ်ဆင်ပြီး၊ ပထမဆုံးကတော့ လက်ဖဝါးမှာရာဘာအဆူးတွေပါတဲ့လက်အိတ်ဖြင့် အလောင်းကိုသန့်ရှင်းရေးလုပ်ရပါတယ်။
အဲ့ဒီနောက်၊ ခန္ဓာကိုယ်တစ်ခုလုံးကအမွေးအမျှင်များကိုရိတ်ပြီး၊ နှာခေါင်းနှင့်ပါးစပ်ကနေ ခန္ဓာကိုယ်မှအရည်များယိုစိမ့်မကျစေရန် ဝါဂွမ်းကိုစို့ထားရပါတယ်။

ခန့်မှန်းခြေ ၄ နာရီအကြာလောက်မှာပြီးစီးပါတယ်။ ဈေးကွက်ပေါက်ဈေးကတော့ ယန်း ၃ သောင်းမှ၊ ၅ သောင်းဖြစ်ပါတယ်။
ခဏလောက်တော့ အသားကင်တွေကိုမြိုကျလောက်မှာမဟုတ်ဘူးနော်…

ဒီအလုပ်အမှန်တကယ်ရှိပါ့မလားဆိုတာကိုသံသယဖြစ်နေတာက၊ အချိန်ပိုင်းအလုပ်မလုပ်ခင် သတင်းအချက်အလက်ပေါက်ကြားမှုကိုအပြည့်အဝကာကွယ်သော
စာချုပ်နဲ့ချည်နှောင်ထားတဲ့ပုံစံလို့လည်း ပြောကြပါတယ်။
ဒါနဲ့ တကယ်ရောရှိပါ့မလား?

သို့သော်ဒါနဲ့ဆင်တဲ့အလုပ်ဆိုရင်တော့ ရှိပါတယ်။
သေဆုံးသွားတဲ့လူကိုနောက်ဆုံးမှာ လှလှပပလေးပြင်ပေးပြီး ခေါင်းတလားထဲကိုထည့်ပေးရတဲ့အလုပ်ကတော့ တကယ်ရှိပါတယ်။

ချစ်စရာကောင်းတဲ့စကားတွေနဲ့ ကောင်လေးကိုလှည့်စားမယ်!

ကမ္ဘာမှာအလျင်အမြန်ပဲများပြားလာတဲ့ ချိန်းတွေ့တဲ့ဝဘ်ဆိုက်
အမှန်တကယ်တွေ့ဆုံချင်တဲ့ ယောက်ျားလေးမိန်းကလေးတွေသေချာပေါက်ရှိသလို၊ အဲ့ဒီအထဲကအချို့ကတော့ အချိန်ပိုင်းသဘောမျိုးအနေဖြင့်ငှားရမ်းထားကြတဲ့
အမျိုးသမီးဝန်ထမ်းတွေဖြစ်ပါတယ်။ Email staff,Chat operator ဆိုပြီးသုံးနှုန်းပေမဲ့၊ ဒါဟာဒီအချိန်ပိုင်းအလုပ်ခေါ်ယူခြင်းနည်းလမ်းဖြစ်ပါတယ်။
တစ်နာရီလုပ်အားခ ယန်း ၃၀၀၀ နှင့်အထက်အထိရတာမျိုးလည်းရှိပါတယ်။
ကွန်ပျူတာ သို့မဟုတ် လက်ကိုင်ဖုန်းရှိမယ်ဆိုရင် အိမ်ကနေအလုပ်လုပ်နိုင်တာကလည်း ကောင်းတဲ့အချက်ပဲနော် …
အမျိုးသားတွေကိုလိမ်လည်နေတာဖြစ်လို့ အပြစ်ရှိတယ်လို့မခံစားရဘူးဆိုရင်တော့ အဆင်ပြေပါတယ် …ဒါပေမဲ့လည်း….

နျူကလီးယားဓာတ်အားပေးစက်ရုံအလုပ်သမားများ
စာဖတ်သူတို့အားလုံး သိကြတဲ့အတိုင်းပါပဲ။ ၂၀၁၁ ခုနှစ်မှာဂျပန်ဟာ Fukushima ခရိုင်ရှိနျူကလီးယားဓာတ်အားပေးစက်ရုံမှာ ပေါက်ကွဲမှုကြီးဖြစ်သွားခဲ့ပါတယ်။
၎င်းရဲ့ရှင်းလင်းရေးက ယခုတိုင်မပြီးစီးသေးပါဘူး။
ညစ်ညမ်းသွားတဲ့ဧရိယာကို သန့်ရှင်းရေးလုပ်ပေးရတဲ့အလုပ်ဟာ၊ လစဥ်ယန်းသောင်း ၃၀ မှ သောင်း ၄၀ အထိရပါတယ်။
ဒီအပြင်လုပ်ငန်းအတွင်း အဆောင်မှာပဲနေရတာကြောင့်၊ ပိုက်ဆံသုံးခွင့်မရှိပါဘူး။
ဝင်ငွေအပြင် ပိုက်ဆံစုမိစေတဲ့အချိန်ပိုင်းအလုပ်တစ်ခုဖြစ်ပါတယ်။

တစ်စုံတစ်ခုဖြစ်ခဲ့ရင်လည်း အကောင်းဆုံးသောစနစ်များဖြင့်ဆေးကုသပေးဖို့အသင့်ရှိတယ်လို့ပြောနေပေမဲ့၊ တကယ်တော့တော်တော်ကြောက်စရာကောင်းတဲ့အလုပ်ဖြစ်ပါတယ်။

အိပ်စက်ခြင်းတစ်ခုပဲလုပ်ရမည့်အလုပ်
လှဲအိပ်ပြီး စမတ်ဖုန်းထဲကဂိမ်းဆော့လိုက်၊ Youtube ကြည့်လိုက်လုပ်ရုံနဲ့တင် ပိုက်ဆံရနေတာက လက်တွေ့စမ်းသပ်အချိန်ပိုင်းအလုပ်ဖြစ်ပါတယ်။
အကြိမ်ကြိမ်အခါခါဆေးစမ်းသပ်မှုကိုပြုလုပ်ပြီး၊ စိတ်ချသွားပြီဆိုတာကိုအတည်ပြုပြီးနောက်၊ နောက်ဆုံးအဆင့်စာမေးပွဲမှာ လက်တွေ့လူသားဖြင့်စမ်းသပ်ပါတယ်။
၎င်းဆေးကိုသောက်သုံးပြီးနောက် ညွှန်းကြားထားတဲ့နေရာမှာ ရက်အနည်းငယ်ကြာနေပေးရုံလေးပဲဖြစ်ပါတယ်။
၂ ညအိပ် ၃ ရက်ဖြင့် ယန်း ၄ သောင်းမှ ၈ သောင်းဖြစ်ပါတယ်။
၇ ညအိပ် ၈ ရက်ဖြင့် ယန်း ၁၄ သောင်းမှ ၂၁ သောင်းအထိရပါတယ်။
ဒီလောက်သက်သာတဲ့အလုပ်မရှိတော့ပါဘူး။ ဒါပေမဲ့ ကျန်းမာတဲ့လူအတွက်တော့ အိပ်ရလွန်းလွန့်စိတ်ညစ်မိမှာအမှန်ပါပဲ..

ဒီထက်ပိုပြီးအန္တရာယ်များပြီးဝင်ငွေလည်းအရမ်းကောင်းတဲ့ တရားမဝင်အလုပ်လည်းရှိပါတယ်။ ဒါပေမဲ့ အဲ့ဒါကိုတော့ မိတ်ဆက်ပေးလို့မရပါဘူး။
ကဲ! စာဖတ်သူတို့ရောဘယ်တစ်ခုကိုရွေးချယ်မလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: