ဂျပန်နိုင်ငံရဲ့ သက်လတ်ပိုင်းအမျိုးသား ၉၀% အထက်မှာ ချစ်သူရည်းစားမရှိကြဘူး!?

အရင်တုန်းကတော့ အမျိုးသမီးတွေက စိတ်ထဲမှာရော ပိုက်ဆံအိတ်မှာရော နေရာလွတ်တွေရှိတဲ့အတွက် အသက်ကြီးတဲ့အမျိုးသားတွေကို ကြိုက်ကြပေမယ့် အခုကတော့ အခြေအနေတွေ ပြောင်းလဲလာတဲ့ပုံပါပဲ။

ဂျပန်နိုင်ငံမှာ အိမ်ထောင်ပြုနှုန်း ကျဆင်းလာမှုနဲ့အတူ သက်လတ်ပိုင်းလူပျိုအရေအတွက်ကလည်း ဆက်လက်တိုးပွားလာပါတယ်။
သူတို့ဖြစ်နေတဲ့အခြေအနေက အတော်လေး ဆိုးပါတယ်။

https://nikkan-spa.jp/

လက်မထပ်ရသေးတဲ့ သက်လတ်ပိုင်းအမျိုးသား (၄၀~၅၀နှစ်) တွေကို စစ်တမ်းကောက်ကြည့်တဲ့အခါ ချစ်သူရည်းစားမရှိဘူးလို့ဖြေလာသူက ၉၀% ရှိပါတယ်။
လူပျိုသက်လတ်ပိုင်းအမျိုးသားတွေ လူကြိုက်များခံရတယ်ဆိုတာက ဟိုးအနောက်မှာ ကျန်ခဲ့ပါပြီ။
ဝင်ငွေဘက်ကကြည့်မယ်ဆိုရင် ဝင်ငွေနည်းရင်နည်းသလောက် လူပျိုဖြစ်နှုန်းမြင့်မားပြီး ရည်းစားလည်းမရနိုင်ပါဘူး။

အမျိုးသားတွေရဲ့ ရုပ်ရည်၊ အကျင့်စရိုက်ထက် ငွေကြေးကိုပဲ အာရုံစိုက်လာကြသမျိုးဖြစ်နေပါပြီ။

ငယ်ငယ်တုန်းကတော့ အိမ်ထောင်ပြုချင်ပေမယ့် အမျိုးသမီးတွေကို ဆွဲဆောင်နိုင်မယ့် ငွေကြေးလည်းမရှိ စကားပြောစွမ်းရည်လည်း ညံ့တယ်။ ကြိုးစားလည်း ချစ်သူရည်းစားမရနိုင်တဲ့အတွက် အချိန်ကုန်တာပဲ အဖတ်တင်တယ်။

ဆိုပြီး အများစုက ဒီလိုဖြေကြပါတယ်။
ဒီလိုဖြေတဲ့သူအများစုက အလုပ်မှာလည်း အပျက်သဘောဆောင်တဲ့အတွေးအခေါ်ရှိသူတွေ ဖြစ်နေတတ်ကြပါတယ်။

အလုပ်လုပ်ချင်စိတ်လည်းမရှိ ဒါကြောင့်မို့လို့ ပိုက်ဆံလည်း မရှိ။
ဒီလိုနဲ့ ပိုက်ဆံမရှိတာကို အကြောင်းပြုပြီး ချစ်သူရည်းစားလည်း မရှာပါဘူး။

အမျိုးသမီးတွေဘက်က ငွေကြေးကိုပဲ အာရုံစိုက်တာမဟုတ်ဘဲ အမျိုးသားတွေဘက်ကပဲ အရာအားလုံးကို လက်လျော့ပစ်လိုက်တာက အခုဂျပန်နိုင်ငံရဲ့ အခြေအနေပါ။

လူငယ်တွေက နားလည်ချင်မှနားလည်မှာဖြစ်ပေမယ့် အသက် ၄၅ ဝန်းကျင်လောက်ရောက်ရင် နောင်ရေးအတွက် တွေးပူမိကြပါတယ်။
အငြိမ်းစားယူပြီးတဲ့နောက် တစ်ယောက်တည်းအထီးကျန်ကျန်နဲ့ သေသွားရတော့မှာလားလို့ တွေးပြီး ဘဝလက်တွဲဖော်နဲ့ ကလေးယူချင်တယ်လို့တွေးလေ့ရှိကြပါတယ်။

ဒါဆိုရင် အလုပ်မှာရော အချစ်ရေးမှာရော လုပ်ချင်စိတ်၊ ဖြစ်ချင်စိတ်နဲ့ ကြိုးစားရင်ရပေမယ့် အဲ့လိုသာလုပ်နိုင်ခဲ့မယ်ဆိုရင် ဒီလိုအခြေအနေရောက်နေမှာမဟုတ်ဘူးပေါ့နော်။

ရာထူးလည်းမတိုးနိုင် အလုပ်မှာလည်း မပျော်ပေမယ့် အလုပ်လည်းမပြောင်းနိုင်ဘူး။
ဒီအတိုင်း ပင်စင်ယူတဲ့အချိန်ထိ အလုပ်ဆက်လုပ်နေရတာကပဲ စိတ်ကိုလေးလံစေတယ်။

ဆိုပြီး ဖြေကြားသူလည်း ရှိပါတယ်။

ပင်စင်ယူပြီးနောက်ပိုင်းအချိန်အတွက် စိုးရိမ်တဲ့သူတွေ များပေမယ့် ဒီလိုမျိုး ဘာမှလုပ်ချင်စိတ်မရှိတဲ့အခြေအနေနဲ့ဆိုရင် ပင်စင်မယူခင်မှာပဲ အလုပ်ထုတ်ခံရနိုင်ပါတယ်။ အဲ့လိုလူတွေများလာမယ်ဆိုရင် ဂျပန်နိုင်ငံရဲ့ အနာဂတ်က အဆင်ပြေပါ့မလား။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: