စပိန်နိုင်ငံမှာ ပေါ်ပေါက်လာတဲ့ဆာမူရိုင်ဟာ အားကောင်းတဲ့အသွင်အပြင်ရှိနေ

ချွန်ထက်လှတဲ့ဂျပန်ဓားဟာ ဘာမဆိုဖြတ်နိုင်တယ်ဆိုလို့ ကမ္ဘာတစ်ဝှမ်းမှာ တွေးထင်နေကြပါတယ်။
အနီမေးရှင်းနဲ့ ဇာတ်ကားတွေမှာတော့ သံကိုလည်း ဖြတ်နိုင်ကြပေမယ့် အဲ့ဒါက တစ်ကယ်တော့ မဖြစ်နိုင်ပါဘူး။
ဒါဆိုဆံပင်ဆိုရင်ရော?
အဲ့ဒီကနေ စိတ်ကူးရခဲ့တာလားမသိပေမယ့် စပိန်နိုင်ငံမှာတော့ ဂျပန်ဓားနဲ့ ဆံပင်ညှပ်ပေးတဲ့ဆံသဆရာ ပေါ်ထွက်လာပါတယ်။

https://rocketnews24.com/

ဒါက လုံးဝ Youtube လုပ်ဇာတ်နဲ့တူပေမယ့် ဆံသဆရာကတော့ တကယ့်ကို ဓားနဲညှပ်နေတာပါ။
ဒီဆိုင်ကိုတော့ ဆာမူရိုင်းဆလွန်းလို့ခေါ်ပါတယ်။

ပြီးတော့ ဒီပုဂ္ဂိုလ်ကတော့ သတင်းပျံ့နေတဲ့ ဆံသဆရာဆာမူရိုင်းဖြစ်ပါတယ်။


ဒီခန့်ညားတဲ့ဆာမူရိုင်းဟာ ဆံပင်ဆလွန်းနယ်ပယ်မှာ အတော်လေး နာမည်ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ပုံပါပဲ။
ပြီးတော့ ဒီတစ်ခေါက် သားကောင် မှားလို့ ဧည့်သည်ကတော့ ဒီပုဂ္ဂိုလ်ပါ။

ဂျပန်ဓားကို လက်မှာကိုင်ထားတဲ့ ဆံပင်ညှပ်ဆရာ။
ကျေးဇူးပြုပြီး မသတ်လိုက်ပါနဲ့နော် !!

ဒီလိုနဲ့ စညှပ်ပါတော့တယ်။

ဓားနှစ်ချောင်းကိုင်ပြီး ညှပ်ပါတယ်။

ဆံပင်အဖျားတိဖို့ကိုတော့ မီးကိုအသုံးပြုပါတယ်။


အရိုင်းဆန်ဆန် ဆံပင်ညှပ်နည်းပဲနော်။
ဆံပင်အခြောက်ခံစက်ကိုလည်း နှစ်ခုပြိုင်သုံးပါတယ်။ ဟင် ဒါကတော့ တစ်ခုတည်းသုံးရင်လည်း ရတယ်မဟုတ်ဘူးလား။

ရလဒ်ကတော့ ဒီလိုပါ။ အရိုင်းဆန်တယ်နော်…


ဂျပန်ဓားပုံစံသာမက သံလက်သည်းပုံစံလည်း ရှိတဲ့ပုံပါပဲ။


ဒီလို ဆံသဆရာ အယ်ဘာတိုရဲ့ ပို့စ်ကို ကြည့်လိုက်ပါဦး။

ဒီပုံက ဆံသဆရာကိုယ်ရေးမှတ်တမ်းဓာတ်ပုံတော့ မဟုတ်လောက်ပါဘူးနော်။

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဆံသဆရာများ
ဒီလိုဆံပင်ညှပ်နည်းကလည်း စိတ်ဝင်စားစရာပဲနော်။ ဘယ်လိုလဲ ဧည်သည်တွေကို ဆွဲဆောင်ကြည့်ရင်ရော?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: