မြန်မာအခြေခံလူတန်းစားတွေဆီသို့ ယန်းသန်း ၄၀၀ ကျော် အစားအစာများထောက်ပံ့ပေးမယ့် ဂျပန်အစိုးရ

ဂျပန်အစိုးရဟာ မြန်မာနိုင်ငံရဲ့အာဏာသိမ်းမှုအတွင်း ပျက်ဆီးဆုံးရှုံးမှုများအပြင်းအထန်ရရှိခဲ့တဲ့ဒေသရှိ ပြည်သူများအတွက်ရည်ရွယ်ကာ ခန့်မှန်းချေ ယန်းသန်း ၄၀၀ တန်ဖိုးရှိ အစားအသောက်‌ထောက်ပံ့မှုများပြုလုပ်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

 

https://news.ksb.co.jp/ann/article/14350376

 

နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Motegi ဟာ “ အနိမ့်ဆုံးလက်လုပ်လက်စားဘဝမှာပင် ဒုက္ခရောက်နေတဲ့ ရန်ကုန်တိုင်းရှိပြည်သူတွေကိုအဓိကထားပြီး WFP (ကမ္ဘာလုံးဆိုင်ရာကုလသမဂ္ဂ အစားအသောက်ထောက်ပံ့ခြင်းအစီအစဥ်) ကနေတစ်ဆင့် ဒေါ်လာ ၄ သန်းနဲ့ညီမျှသော၊ ယန်း ၄၃၂ သန်းတန်ဖိုးရှိ အစားအသောက်ထောက်ပံ့မှု ပြုလုပ်သွားမယ်” လို့ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနပြောချက်အရ၊ မြန်မာနိုင်ငံရှိရန်ကုန်တိုင်းအတွင်း ယခုနှစ် ၂ လပိုင်းမှာဖြစ်ပွားခဲ့သော အာဏာသိမ်းမှုဖြစ်စဥ်နောက်ပိုင်း၊ အထူးသဖြင့် အခြေခံလူတန်းစားပြည်သူတွေအကြား အစားအသောက်မလုံလောက်မှုဟာ လျင်မြန်စွာပဲကျယ်ပြန့်လာပါတယ်။

ဒီလိုအခြေအနေနဲ့ပတ်သက်ပြီး၊ ယခုတစ်ခေါက်ဂျပန်အစိုးရရဲ့ထောက်ပံ့မှုဟာ ခန့်မှန်းချေ လူပေါင်း ၆ သိန်းစာအတွက် အစားအသောက်များလုံလောက်မယ်လို့ဆိုပါတယ်။

 

 

ထောက်ပံ့မည့်ငွေကြေးဟာ မြန်မာစစ်အစိုးရဆီသို့မဟုတ်ဘဲ၊ ကုလသမဂ္ဂအဖွဲ့အစည်းကနေတစ်ဆင့်ရောက်ရှိမှာဖြစ်ပြီး၊ ယခုလအတွင်းပြည်သူလူထုဆီသို့ အစားအစာများထောက်ပံ့သွားနိုင်လိမ့်မယ်လို့ ဂျပန်သတင်းဌာန တင်ပြချက်အရသိရှိရပါတယ်။

 

Japo Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: