ဂျပန်ရဲ့ ရွာတစ်ရွာမှာ Drone delivery အစပြုနေပြီ။….

တရုတ်လူမျိုးနဲ့အမေရိကန်လူမျိုးတွေ ဂျပန်ရဲ့ ကျေးလက်ဒေသကိုသွားတဲ့အခါ အခြေခံအဆောက်အုံပစ္စည်းကိရိယာတွေကို အံ့သြသွားရပါတယ်။
ဘယ်နေရာပဲဖြစ်ဖြစ်ရောက်တဲ့ရထားလမ်း၊ ဘယ်နေရာပဲရောက်ရောက်အသုံးပြုနိုင်တဲ့ လျှပ်စစ်မီး၊ ဂတ်စ်၊ ရေပိုက်လိုင်း၊ ဒီအပြင် အင်တာနက်..

https://www.maff.go.jp/j/nousin/noukei/binosato/b_hyakusen/hyakusen.html

 

ကျေးလက်ဒေသအပါအဝင်၊ တစ်နိုင်ငံလုံးမှာဒီလို အခြေခံအဆောက်အုံသုံးပစ္စည်းကိုတပ်ဆင်ထားတဲ့နိုင်ငံဟာ နိုင်ငံသေးကလွဲရင် ဂျပန်တစ်နိုင်ငံသာရှိမယ်လို့ထင်ပါတယ်။
တပ်ဆင်မှုရင်းနှီးမြှုပ်နှံခြင်းအတွက်ကျသင့်တဲ့ငွေနဲ့ ဒါနဲ့လိုက်ပြီးသုံးစွဲမယ့်နေထိုင်သူနည်းခြင်းကတော့ အမြတ်ရဖို့နေနေသာသာ ဟန်ချက်မညီဘဲ၊ ရင်းနှီးမှုအတွက် risk များလွန်းပါတယ်။
သို့သော် ဂျပန်တစ်နိုင်ငံလုံး တန်းတူညီမျှဖြစ်ခြင်းဟာ ဂျပန်စတိုင်ပဲဖြစ်ပါတယ်။

အဲ့ဒီလိုတောင်အဆင်ပြေတဲ့ ကျေးလက်တောရွာမှာ သေချာပေါက်မဖြစ်မနေလုပ်ရမယ့်အချက်တစ်ချက်ရှိပါတယ်။
အဲ့ဒါကတော့ ထောက်ပံ့ပို့ဆောင်ရေး…
အင်တာနက်ကိုကျယ်ပြန့်စွာအသုံးပြုနိုင်လာတာကြောင့် ပစ္စည်းorder လုပ်နိုင်သလို၊ ရထားလမ်းလည်းပေါက်တဲ့အတွက် delivery လုပ်ဆောင်နိုင်ပါတယ်။
သို့သော် မြင်ရတဲ့အတိုင်းပဲ တောတောင်ထဲမှာဖြစ်တဲ့အတွက် လမ်းမဖြောင့်ဘဲ အတော်လေးခရီးဝေးကိုပတ်ပြီးမှ သွားချင်တဲ့နေရာကိုရောက်ရတယ်။
ဒီနေရာမှာတော့ delivery လုပ်ငန်းဟာဘယ်လိုမှအမြတ်မရှိဘဲ၊ delivery မှအပဆိုတာတွေလည်း ရှိလာပါတော့တယ်။

အဲ့ဒီလိုစိတ်ညစ်စရာကိုဖြေရှင်းပေးလိုက်တာကတော့ drone delivery လို့ခေါ်ပြီး၊ အမေရိကရဲ့ amazon နဲ့အခြားသောအရာတွေကလည်း drone delivery မှာဘတ်ဂျက်ပါထည့်သွင်းပြီး သုတေသနလုပ်ငန်းကိုလုပ်ဆောင်လာကြပါတယ်။

ထိုအနာဂတ်ဟာမျက်စိရှေ့ကိုရောက်လာပြီလို့တွေးလိုက်ရင် ဂျပန်ကလက်တွေ့တောင်အသုံးချနေပြီဖြစ်လို့ အံ့သြစရာပါပဲ။
ဒီသတင်းကို၊ ဂျပန်လူမျိုးအများစုတောင်မသိကြသေးပါဘူး။

Nagano စီရင်စုရဲ့တောင်ပတ်လည်ဝန်းရံနေတဲ့ရွာတစ်ရွာမှာ အသုံးချနေပါပြီ။
ကျေးလက်ဒေသရဲ့ကျေးလက်အိမ်နဲ့ နောက်ဆုံးပေါ်နည်းပညာတို့ရဲ့ ပေါင်းစပ်မှုကိုအတူတူမြင်ရတဲ့ရှုခင်းဟာ အရမ်းမိုက်ပါတယ်။

 


https://www.gizmodo.jp/2021/03/kddi-smartdrone.html?int=giz002

အဓိကတယ်လီဖုန်းကုမ္ပဏီကြီး KDDI က ဒေသန္တရအစိုးရနဲ့ပူးပေါင်းလိုက်တဲ့ ဒီ drone delivery ကထိရောက်မှုလည်းအရမ်းကောင်းပါတယ်။

ဒီဒေသတွင်းနေထိုင်သူမိသားစုတွေရဲ့ တီဗွီရုပ်သံမှာအထူးသီးသန့်ကိရိယာတွဲလျှက်ပါပြီး၊ တီဗွီကြည့်ရင်းအင်တာနက်ဖြင့် အော်ဒါမှာခြင်းပြုလုပ်နိုင်ပါတယ်။
အော်ဒါလက်ခံရရှိတဲ့ဆိုင်က drone မှာဝန်ကိုတင်ပြီး ပျံသန်းစေပေမဲ့၊ တကယ်စိတ်ဝင်စားဖို့ကောင်းတာကတော့ ဆိုက်ရောက်မယ့်နေရာပါ။

Amazon စတာတွေကတော့ တစ်အိမ်ချင်းစီသို့ချဖို့စီစဥ်ထားပေမဲ့၊ ဒီမှာတော့တစ်အိမ်ချင်းစီရဲ့အခြေအနေကိုမသိတဲ့အထဲ ဆိုက်ရောက်မယ့်နေရာရဲ့အတည်ပြုမှုကလည်းခက်ခဲတယ်။
ဒါဆိုရင် ရွာရဲ့အများပြည်သူပိုင်ရုံးသို့ပို့မယ် ဆိုပြီးဖြစ်လာပါတော့တယ်?

အများပြည်သူပိုင်ရုံးသို့ရောက်ရှိပြီးနောက် အထုပ်အပိုးများချကာ အဲ့ဒီကနေတစ်ဆင့်လူကပြန်လည်ဖြန့်ဝေပေးတယ်။
တစ်ရွာတည်းပဲဖြစ်လို့သိပ်ပြီးဝေးဝေးလံလံမသွားရသလို၊ delivery လုပ်တဲ့အခါအဆင်မပြေတာမရှိတော့ပါဘူး။

ဒီစတိုင်ကိုစဥ်းစားမိတဲ့လူက တကယ်တော်တယ်လို့ပြောရမယ်။

ဒီအပြင်ဂျပန်မှာတော့ drone ကိုဥပဒေအရကန့်သတ်ထားတာမျိုးရှိပါတယ်။
မြို့ထဲမှာ drone လွှတ်မယ်ဆို Visual flight ဆိုတဲ့ အဝေးထိန်းနေသူက drone ကိုမိမိမြင်ရတဲ့အကာအဝေးလောက်ပဲလွှတ်ရမယ်။
အဲ့ဒီထက်ကျော်ပြီး ပျံသန်းဖို့ခွင့်မပြုထားပါဘူး။

ပြဿနာတစ်စုံတစ်ခုဖြစ်ပြီး drone ပြုတ်ကျလာတဲ့အချိန် ထိုနေရာမြို့ဖြစ်နေမယ်ဆို အောက်မှာရှိနေသူတစ်စုံတစ်ယောက်ကိုထိခိုက်သွားစေဖို့ ဖြစ်နိုင်ချေများပါတယ်။

သို့သော် ဒီလိုကျေးလက်ဒေသဆိုရင်တော့ လူဦးရေသိပ်သည်းမှုမရှိလို့ ထိခိုက်နစ်နာစေဖို့ရာခိုင်နှုန်းနည်းပါတယ်။
ကျေးလက်ဒေသဘက်ဖြစ်နေလို့လည်း အသုံးချနိုင်တဲ့နောက်ဆုံးပေါ် ဝန်ဆောင်မှုပဲပေါ့…

drone အရွယ်အစားသေးနေပေမဲ့၊ သူ့ကို size ကြီးအဖြစ်ပြောင်းလဲလိုက်ပြီး ပိုကြီးတဲ့ကုန်ပစ္စည်းတွေကို drone နဲ့သယ်လာနိုင်ပြီဆိုရင် ရွာမှာနေသူတွေအဖို့ အဆင်မပြေဘူး ဆိုတဲ့စကားလုံးဟာ မကြာဖူးသလောက်တောင်ဖြစ်သွားနိုင်ပါတယ်။…

 

 

ဂျပန်ရဲ့ ကျေးလက်နေထိုင်သူတွေက ကမ္ဘာမှာအဆင်အပြေဆုံးသူတွေများဖြစ်နေပြီလား…

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: