ဒီကာလဖြစ်နေတာကြောင့်လည်း မှန်ကန်စွာနေထိုင်ဖို့လိုအပ်ကြောင်း..။

တိုကျိုမြို့ ဘူတာရုံအတွင်းရှိစက်လှေကားမှာ အသက် ၂၀ ဝန်းကျင်ခန့်အမျိုးသမီးတစ်ဦး သူမရဲ့ဆံပင်ကိုဓါးကဲ့သို့သောအရာဖြင့်ဖြတ်တောက်ခံလိုက်ရတယ်ဆိုတဲ့သံသယကြောင့်၊ မြန်မာလူမျိုးအမျိုးသားတစ်ဦးဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။

 

မြန်မာနိုင်ငံသို့ပြန်ရန်မဖြစ်နိုင်သောစိတ်ဖိစီးမှုတွေကနေ ဒီလိုလုပ်မိသွားတယ်လို့ဆိုပေမဲ့၊ ယခုသူဟာ “ မမှတ်မိဘူး” လို့ဆိုပြန်ပါတယ်။

သူ့ရဲ့အိမ်ကနေ အမျိုးသမီးဆံပင်အများအပြားကိုပါရှာတွေ့ခဲ့ပုံရပါတယ်။

စိတ်ဖိစီးမှုတွေကြောင့် လူတစ်ယောက်ရဲ့ဆံပင်ကိုညှပ်ဖြတ်ချင်လာတဲ့ခံစားချက်ကို နားမလည်နိုင်သလို၊ “ မမှတ်မိတော့ဘူး” ဆိုတဲ့သဘောထားမှာလည်း ပြဿနာကြီးရှိနေတယ်။

လက်ရှိ မြန်မာဟာခက်ခဲတဲ့အခြေအနေထဲမှာကျရောက်နေပြီး, ကမ္ဘာတစ်ဝှမ်းနိုင်ငံတွေဆီကအကူအညီကို လိုအပ်လျှက်ရှိပါတယ်။ ဒီရည်မှန်းချက်ကိုဦးတည်သွားနေတုန်းမှာပဲ၊ တစ်စုံတစ်ယောက်ကဒီလိုအမှုကို ကျူးလွန်လိုက်မယ်ဆိုရင်…..

မြန်မာကိုဘာကြောင့်ကူညီရမှာလဲ?

ဆိုတဲ့အတွေးတွေဝင်လာနိုင်ပါတယ်။

လူတွေမှာတစ်ယောက်နဲ့တစ်ယောက်အသီးသီးကွဲပြားကြတာကြောင့်၊ ကျားမ, အသက်အရွယ်, လူမျိုးနွယ်စု စသည်ဖြင့် အားလုံးကိုတစ်ပြိုင်တည်းဆုံးဖြတ်ချက်မချသင့်ပါဘူး။
ဒါပေမဲ့ အားလုံးမှာရော ဒီလိုခံစားမှုမရှိဘူးလား?

ဂျပန်လူမျိုးတွေကတော့ ဒီလိုလူမျိုး၊ တရုတ်လူမျိုးကတော့ ဒီလိုလူမျိုး… ဆိုပြီးစုစည်းပြီးသတ်မှတ်လိုက်တယ်.
ဂျပန်လူမျိုးထဲမှာရော၊ တရုတ်လူမျိုးထဲမှာပါ ကောင်းသူရော၊မကောင်းသူပါ ရှိပါတယ်။
ဒါကိုတောင်မှ တရုတ်ကတော့မကောင်းဘူး၊ ဂျပန်ကတော့ကောင်းတယ် အစရှိသဖြင့်ဆုံးဖြတ်ချက်ချသူတွေ အများကြီးရှိနေမယ်လို့ထင်ပါတယ်။

ဂျပန်မှာတော့ မြန်မာနိုင်ငံကိုကူညီပေးပါလို့ အလေးအနက်တောင်းဆိုနေသောမြန်မာလူမျိုးတွေရှိပါတယ်။
ကုလသမဂ္ဂတက္ကသိုလ်ရှေ့မှာ အစာငတ်ခံဆန္ဒပြမှုပြုလုပ်ခဲ့သောနေ့က ကျွန်တော်လည်းသွားပြီးဓါတ်ပုံရိုက်ကူးခဲ့ပါသေးတယ်။

ဒီလိုကြိုးစားနေကြတဲ့လူတွေရှိတဲ့အထဲမှာ၊ မသင့်‌တော်တဲ့လုပ်ရပ်ကိုကျူးလွန်တဲ့မြန်မာလူမျိုးတစ်ယောက်ကြောင့် မြန်မာတစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာမကျဆင်းလို့မဖြစ်ပါဘူး။

ဂျပန်မှာတော့ ဒီလိုလူမျိုးတွေကို “ 国辱(こくじょく)အမျိုးသားအရှက်” လို့ခေါ်ပါတယ်။
တိုင်းပြည်အတွက်ရှက်စရာကောင်းသူ ဆိုတဲ့အဓိပ္ပါယ်ပါပဲ…

ကမ္ဘာတစ်ဝှမ်းရဲ့အာရုံစိုက်လာအောင်ကြိုးစားနေရတဲ့ယခုလိုအချိန်ဖြစ်တာကြောင့်လည်း၊ လူမျိုးကိုအရှက်မရစေဖို့၊ မှန်မှန်ကန်ကန်နေထိုင်ဖို့လိုအပ်ပါတယ်။

ဒါကတော့ပြည်ပမှာရောက်နေတဲ့မြန်မာလူမျိုးတွေပဲစောင့်ထိန်းရမယ်လို့ ပြောခြင်းမဟုတ်ပါဘူး။
မြန်မာပြည်တွင်းမှာရှိနေလည်း ထို့နည်းတူပဲဖြစ်ပါတယ်။

အမေရိကန်ဟာ ဆန္ဒပြမှုကနေအဓိကရုဏ်းအဖြစ်သို့ပြောင်းလဲသွားပြီး၊ လုယက်မှုတွေပါအစပြုလာကြတယ်ဆိုတာကို သတင်းစောင့်ကြည့်နေသူအားလုံးသိကြတယ်နော်…
မိမိကိုယ်ကိုသားရဲတစ်ကောင်အဖြစ်ပြောင်းလဲပြီး ချစ်ချင်တဲ့သူကိုကယ်တင်ချင်ပါသလား?

ကမ္ဘာတစ်ဝှမ်းလုံးရှိလူတွေက မြန်မာလူမျိုးဆိုတာဘယ်လိုမျိုးလဲဆိုပြီး စောင့်ကြည့်နေကြပါတယ်။

ဒါကြောင့်တစ်ယောက်ချင်းတစ်ယောက်ချင်းက မှန်ကန်စွာနေထိုင်သွားကြရအောင်နော်…

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: