(အိပ်မက်)နဲ့မတူဘဲ၊ “志(こころざし)”(ရည်မှန်းချက်)လို့ခေါ်တဲ့ တွေးခေါ်မှု

အားလုံးကိုယ်စီ (အိပ်မက်)ဆိုတာရှိကြတယ်နော် ?
-ဂျပန်ကိုခရီးသွားချင်တယ်။
-သူဌေးဖြစ်သွားပြီး ခမ်းနားတဲ့အိမ်ကြီးထဲမှာနေချင်တယ်။
-နိုင်ငံရေးသမားဖြစ်ချင်တယ်။

အမျိုးမျိုးသော(အိပ်မက်)တွေဟာ သင့်ကိုအလုပ်ကြိုးစားစေပြီး၊ ပင်ပန်းခက်ခဲတဲ့အရာထဲကနေ ရုန်းထွက်စေဖို့တွန်းအားတစ်ခုဖြစ်စေပါတယ်။
ထို(အိပ်မက်)ကိုပိုပြီးကြီးမားသောအဓိပ္ပါယ်ရှိတဲ့အရာအဖြစ် ပြောင်းလဲကြရအောင် !!

မျက်မှောက်ခေတ်ဂျပန်မှာတော့ တစ်ဖြည်းဖြည်းကွယ်ပျောက်စပြုလာတဲ့ယဥ်ကျေးမှုတစ်ခုရှိတယ်။
အဲ့ဒါကတော့ “志(こころざし)” (ရည်မှန်းချက်)တဲ့….
ဂျပန်ဘာသာစကားလေ့လာထားသူတွေထဲမှာ ဒီစကားလုံးကိုသိပြီးသူတွေရှိမယ်လို့ထင်ပါတယ်။
တကယ်တော့ ဒီစကားလုံးက “ အိပ်မက်” နဲ့ဆိုလိုရင်းအဓိပ္ပါယ်ကွဲပြားပါတယ်။

နောက်ပြီး ရည်မှန်းချက်ဟာ သေးငယ်တဲ့ကျွန်းနိုင်ငံဂျပန်ရဲ့ စီးပွားရေးနဲ့စစ်ရေးအင်အားကို ကမ္ဘာ့ထိပ်တန်းဝင်ဖြစ်အောင်ဆွဲတင်ပြီး နိုင်ငံကြီးတွေနဲ့ဆန့်ကျင်ယှဥ်ပြိုင်တိုက်ခိုက်စေသလို၊ စစ်ပြီးနောက်စုတ်ချာနေတဲ့အခြေအနေကနေ ကမ္ဘာ့No.2စီးပွားရေးနိုင်ငံကြီးအဖြစ်သို့တွန်းပို့လိုက်တဲ့ အားတစ်ခုဖြစ်လာပါတော့တယ်။

လက်ရှိမြန်မာဟာ အရမ်းကိုခက်ခဲတဲ့အခြေအနေထဲမှာရှိနေပါတယ်။
ထိုအထဲမှာ နောက်တစ်ကြိမ်ကမ္ဘာ့နိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ရန်အတွက် အားလုံးမှာသေချာပေါက် (ရည်မှန်းချက်) ရှိထားမှဖြစ်မယ်လို့ထင်ပါတယ်။

(ရည်မှန်းချက်)နဲ့(အိပ်မက်)ဆိုတာ ဆင်တူတယ်လို့တွေးကြတယ်။
ပထမဆုံး ထိုခြားနားချက်ကိုကြည့်ကြပါစို့..
အစပိုင်းဖော်ပြခဲ့တဲ့ ၃ ခုလုံးဟာ (အိပ်မက်)ပါ။ (ရည်မှန်းချက်) မဟုတ်ပါဘူး။

(ရည်မှန်းချက်) ဆိုတာကတော့၊ Social ကျတဲ့အိပ်မက်နဲ့ပန်းတိုင်ပဲဖြစ်ပါတယ်။

လောကကြီးအတွက် ဘယ်လိုပြောရင်အကျိုးရှိမလဲ?

နိုး.. အဲ့ဒီလိုအတွေးက မှားနေတယ်လေ….
ကမ္ဘာမှာ နာမည်ကြီးကုမ္ပဏီဖြစ်လာတဲ့ HONDA ရဲ့တည်ထောင်သူ, Soichiro Honda ဟာ (ရည်မှန်းချက်) ကိုအလေးထားတွေးတောကာ၊ ဝန်ထမ်းတွေကိုလည်းသူ့လို (ရည်မှန်းချက်) ကိုထားရှိဖို့ သင်ကြားပေးလေ့ရှိခဲ့ပါတယ်။

 

https://toyokeizai.net/articles/-/150187

လောကကြီးအတွက်၊ လူတွေအတွက်
ငါတို့ဟာ ဘာလဲ ?
လုပ်ပေးနိုင်တာမရှိဘူးလား?

သူဟာဝန်ထမ်းတွေကို အမြဲတမ်းပြောလေ့ရှိခဲ့တယ်။
သူဟာရည်မှန်းချက်ကို မီးရှူးတိုင်နဲ့ဥပမာပေးလေ့ရှိခဲ့တယ်။
တောက်ပစွာလောင်ကျွမ်းနေတဲ့ မီးရှူးတိုင်ဟာပတ်ဝန်းကျင်ရှိလူတွေအတွက် အသုံးဝင်တယ်။
ထိုမီးရှူးတိုင်ကို မိမိလက်ဖြင့်ကိုင်နိုင်တဲ့ကုမ္ပဏီဖြစ်ရမယ်။
ဒါက HONDA ကိုတည်ထောင်ချိန်ကစပြီး တောက်လျှောက်တသမတ်တည်းထားလာတဲ့ သဘောထားတစ်ရပ်ဖြစ်ပါတယ်။

HONDA ဟာအမြတ်အစွန်းကိုအဓိကမထားဘဲ၊ သိပ္ပံနည်းပညာဖြင့် လူ့အဖွဲ့အစည်းကိုအလှူအတန်းပြုနိုင်မယ့် အကြီးမားဆုံးသော mission ကိုညွှန်ကြားထားလျှက်ရှိပါတယ်။

နိုင်ငံရေးသမားတစ်ယောက်ဖြစ်ချင်တယ်?
ဒါဟာအရမ်းကောင်းတဲ့ (အိပ်မက်)ပါ။ သို့သော် (ရည်မှန်းချက်) တော့မဟုတ်ဘူး။

နိုင်ငံရေးသမားလုပ်ပြီး၊ ဒီနိုင်ငံကနေဆင်းရဲမွဲတေမှု ပပျောက်စေမယ်။
နိုင်ငံရေးသမားလုပ်ပြီး၊ ကမ္ဘာတစ်ဝှမ်းကစီးပွားရေးလုပ်ငန်းတွေ မြန်မာမှာရင်းနှီးမြှုပ်နှံချင်လာတဲ့နိုင်ငံဖြစ်အောင်လုပ်မယ်။
နိုင်ငံရေးသမားလုပ်ပြီး၊ မြန်မာရဲ့ယဥ်ကျေးမှု ကမ္ဘာကိုကျယ်ပြန့်စေမယ်။

ဒါက (ရည်မှန်းချက်)ပဲဖြစ်တယ်။
နိုင်ငံရေးသမားဖြစ်ရမယ်ဆိုတာက ဖြတ်သန်းသွားရာအမှတ်တစ်နေရာထက်မပိုဘူး။
အဲ့ဒီအစားလုပ်ချင်တာကိုလုပ်ဖို့အတွက် စတင်တဲ့မျဥ်း‌ကြောင်းကနိုင်ငံရေးသမားဖြစ်ရမယ်လို့ ပြောတာဖြစ်ပါတယ်။

တစ်နေ့နိုင်ငံရေးသမားဖြစ်ရမယ်လို့ ရည်မှန်းထားသူတွေ၊ အဲ့လိုဖြစ်ပြီးရင်ရော ဘာဆက်လုပ်မလဲ?
ဦးတည်ချက်ပျောက်ဆုံးလိုက်၊ မိမိအကျိုးစီးပွားရှာနေလိုက်နဲ့ ပတ်ဝန်းကျင်ကနေအသိအမှတ်ပြုမခံရတော့ဘဲ၊ လူမှုရေးဆိုတဲ့စကားလုံးနဲ့အဝေးကိုရောက်သွားတော့တယ်။

နိုင်ငံရေးလုပ်ပြီး ကိုယ့်အကျိုးစီးပွားပဲပထမဦးစားပေးလုပ်နေရင် တစ်ခဏတော့အမြတ်အစွန်းအများကြီးထွက်လာနိုင်ပေမဲ့၊ ကြာကြာတော့ဆက်မသွားနိုင်ပါဘူး။

ဘယ်လောက်ပဲအကောင်းဆုံးကုန်ပစ္စည်းတွေထုတ်တဲ့ကုမ္ပဏီဖြစ်ပါစေ၊ စားသုံးသူရဲ့အားပေးမှုမရဘူးဆိုရင် ဒီကုမ္ပဏီဆက်ပြီးမရပ်တည်နိုင်တော့ပါဘူး။
ဂျပန်မှာနှစ် ၁၀၀ ထက်ပိုကြာတဲ့ကုမ္ပဏီတွေက ကမ္ဘာပေါ်မှာအများဆုံးရှိတယ်လို့ပြောကြပါတယ်
ဒါဟာ လူမှုရေးရည်မှန်းချက်ကိုပါ ထည့်သွင်းတဲ့ကုမ္ပဏီတွေများလို့ပဲလို့ ထင်တယ်ဗျ။

ဟော့ကိုင်းဒိုးရဲ့တက္ကသိုလ်မှာသင်ကြားရေးအပိုင်းတာဝန်ယူခဲ့သူ အမေရိကန်လူမျိုး PhD ဒေါက်တာက၊ တိုင်းပြည်ပြန်ခါနီးမှာ ကျောင်းသားတွေကိုဒီလိုစကားတစ်ခွန်းပြောခဲ့တယ်။

Boys, be ambitious.

ဂျပန်ဘာသာစကားနဲ့ဆို..
少年達よ、志を抱きなさい

(အိပ်မက်)ကို (ရည်မှန်းချက်)အဖြစ် upgrade လုပ်လိုက်တဲ့အခါ လူ့တန်ဖိုးအများကြီးမြင့်တက်သွားမယ်။
ထိုနေရာမှာ level တူသူတွေကလည်း စုဝေးလာမယ်။
ဒီလိုစုဝေးမှုက နောက်ဆုံးတော့ ကြီးမားတဲ့အားတစ်ခုဖြစ်လာပြီး၊ ကမ္ဘာကိုငြိမ်းချမ်းရေးဆီသို့ ဒီအပြင်တောက်ပတဲ့ပြောင်းလဲမှုတွေဆီသို့ ခေါ်ဆောင်သွားပါလိမ့်မယ်။

ကိုယ့်အကျိုးစီးပွားသာဦးစားပေးမနေဘဲ၊ လူ့အဖွဲ့အစည်းတစ်ခုလုံးကိုလှုပ်နှိုးလိုက်တဲ့အခါ ရလဒ်အနေနဲ့ကြီးမားတဲ့အမြတ်အစွန်းတွေရရှိလာပါမယ်။

ဂျပန်ဟာစီးပွားရေးနိုင်ငံကြီးအဖြစ် ၁၉၆၈ ခုနှစ်လောက်မှာ GNPကကမ္ဘာ့အဆင့် ၂ ကိုချိတ်ခဲ့တယ်။
၁၉၄၅ ခုနှစ်စစ်ပြီးနောက် ၂၃ နှစ်အကြာမှ ဒီလိုနှိုးထလာခဲ့တာပေါ့…

အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ကြီးအားလုံးနီးပါးမီးလောင်ခဲ့ပြီး၊ မြို့ ၂ မြို့ကတော့ အနုမြူဗုံးကြောင့်ပြာကျသွားကာ၊ အလုပ်သမားအင်အားဖြစ်တဲ့ လူငယ်ယောက်ျားသားတွေ စစ်ပွဲမှာပဲသေကြေကုန်ကြတယ်။
အဲ့ဒီအချိန်တိုကျိုဆိုတာ ဒီလိုအခြေအနေပါ။

 

ဒီလိုမြို့ကနေ၊ တိုကျိုဆိုတာတစ်နေ့ မိုးမျှော်တိုက်တွေနဲ့ဖြစ်လာမယ်လို့ ဘယ်သူကများတွေးမိခဲ့မလဲ?

အကယ်၍ဂျပန်လူမျိုးတွေသာ မိမိအကျိုးကိုပဲရှာမယ်ဆိုရင် ဒီလိုအံ့သြစရာကောင်းတဲ့တိုးတက်မှုတွေဖြစ်လာမှာမဟုတ်ပါဘူး…

အနာဂတ်မှာမြန်မာပြည်ရဲ့ကြီးမားတဲ့ဖွံ့ဖြိုးတိုးတက်မှုရဲ့သော့ချက်ဟာ လူများစွာတို့ရဲ့ရည်မှန်းချက်အပေါ်မူတည်တယ်လို့ ကျွန်တော်ထင်ပါတယ်။

နောင် ၅ နှစ်၊ နောင် ၁၀ နှစ်၊ နောက်ပြီး မိမိသားသမီးတွေလက်ထပ်…
ဒီအပြင် ထိုနောက်ပိုင်းကလေးတွေခေတ်ထိတိုင် မြန်မာကိုထွန်းလင်းတဲ့အနာဂတ်ဆီလမ်းညွှန်သွားမယ့်စွမ်းအားတစ်ခု….
အဲ့ဒါဟာ ရည်မှန်းချက်ပဲဖြစ်ပါတယ်….

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: