Hawaii ရဲ့အမှတ်တရလက်ဆောင်က Made in Japan ဖြစ်နေခဲ့ !?

လှပတဲ့ပင်လယ်နဲ့ ပြာလဲ့နေတဲ့ကောင်းကင်ကျယ်…
ဒါဟာနတ်ပြည်များလား? လို့ထင်သွားရမယ့်အထိလှပပြီး၊ လှပတဲ့ဆိုင်တွေအများအပြားရှိတာကြောင့် အရမ်းနာမည်ကြီးတဲ့ Beach resort …
ဒါဟာ Hawaii ပါပဲ…

https://www.his-j.com/hawaii/vr/

 

အမေရိကန်ပြည်ထောင်စုကနေ ဟိုးအဝေးကြီးမှာရှိနေတဲ့ ပစိဖိတ်သမုဒ္ဒရာအလယ်မှာတည်ရှိပါတယ်။

ဂျပန်လူမျိုးတွေကြားမှာလည်း ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာအဖြစ် နာမည်ကြီးပြီး၊ လွန်ခဲ့သော် နှစ် ၂၀ မတိုင်ခင် ကျွန်တော်ရောက်ဖြစ်ခဲ့တဲ့အချိန်တုန်းကတော့ ဂျပန်ယာဥ်‌မောင်းလိုင်စဥ်ကိုပြလိုက်တာနဲ့
ကားငှားပြီး ကားမောင်းနိုင်တဲ့အချိန်ဖြစ်ခဲ့ပါတယ်….
အဲ့ဒီနေရာဟာ ဂျပန်ပဲလား? လို့မေးချင်သူတွေရှိမယ်လို့ထင်ပါတယ်…
Hawaii ဟာအမေရိကန်ရဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။

အဲ့ဒီလို Hawaii ရဲ့လက်ဆောင်တွေထဲကနေ အထူးခြားဆုံး ၂ ခုရှိပါတယ်။
၁ ခုက Macadamia ခွံမာသီးချောကလက် ဖြစ်ပါတယ်။
နောက်ပိုင်း Hawaii မှာမှမဟုတ်ဘဲ တွင်တွင်ကျယ်ကျယ်ရောင်းချလာတဲ့အတွက်၊ အမှတ်တရလက်ဆောင်အနေနဲ့ သိပ်ပြီးမသတ်မှတ်လာကြတော့ပေမဲ့၊ ဈေးကလည်းအဲ့ဒီလောက်မကြီးတဲ့အတွက် မိတ်ဆွေတွေကိုပြန်ပေးဖို့ အမှတ်တရလက်ဆောင်အဖြစ် အသုံးဝင်ပါတယ်။

နောက်ထပ်တစ်ခုကတော့ ဒီအရာပါ။

https://www.harlem-store.jp/?pid=143914879

 


https://okinawa-aloha.shop/shopdetail/000000000257/

 

ဒုတိယကတော့ ထူးခြားတဲ့အဆင်နဲ့ Aloha shirt ပဲဖြစ်ပါတယ်။
တောက်ပတဲ့အရောင်၊ ဆွဲဆောင်မှုရှိတဲ့အဆင်၊ ခန့်မှန်းကြည့်ရင် ဒါအပူပိုင်းဒေသပဲနော်…
စိတ်လွတ်လပ်ပေါ့ပါးသွားတယ်နော်….!! ဆိုပြီး ဟာဝိုင်အီရဲ့အမှတ်တရလက်ဆောင်ကို တော်တော်များများဝယ်ကြပေမဲ့၊ တကယ်ကတော့ဒီအင်္ကျီဟာ ဟာဝိုင်အီရဲ့ရိုးရာတစ်ခုဟုတ်မနေခဲ့ပါဘူး။

နောက်ပြီး ထူးဆန်းတာဟာ၊ ဒီနေရာမှာ ဂျပန်လူမျိုးတွေဟာ နက်နက်ရှိုင်းရှိုင်းပါဝင်ပက်သတ်မှု ရှိနေခဲ့ပါတယ်။

၁၈၆၈ ခုနှစ်ကနေစပြီး ဂျပန်လူမျိုးတို့ရဲ့ ဟာဝိုင်အီသို့ ရွေ့ပြောင်းနေထိုင်ခြင်း အစပြုခဲ့ပါတယ်။
ဂျပန်လူမျိုးတွေဟာ အကြိမ်ပေါင်းမနည်းခွဲပြီး ဟာဝိုင်အီသို့ရွေ့ပြောင်းသွားကြပါတယ်။

ကြံခင်းထဲမှာအလုပ်လုပ်ပြီး၊ လုံးဝပြောင်းစရာမကောင်းတဲ့ဘဝနဲ့နေထိုင်ခဲ့ကြပါတယ်။

ဟာဝိုင်အီရိုးရာမဟုတ်ပါဘူး။

https://www.sunsurf.jp/news/193/

 

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအစပြုသူလည်း ပေါ်ထွက်ခဲ့ပြီး လူမျိုးနွယ်စုရှိရာမြို့ကိုတည်ထောင်လိုက်ကြပါတယ်။
ထိုအထဲမှာ၊ အဝတ်အစားဆိုင်တစ်ဆိုင်ပေါ်လာပါတယ်။
Musa shiya လို့နာမည်ပေးထားတဲ့ ဒီဆိုင်က Aloha shirt ရဲ့ဇစ်မြစ်ဖြစ်လာပါတယ်။

ဒီဆိုင်ရဲ့ ပထမဆုံးဖန်တီးလိုက်တဲ့ ဒီဇိုင်းကတော့ ဒါပါ။….

ဟာဝိုင်အီရဲ့သမိုင်းမှာ ထင်ရှားတဲ့ဘုရင်တစ်ပါးရဲ့ပုံစံနဲ့ ဒီဇိုင်းပြုလုပ်ထားပါတယ်။
ဟုတ်ပါတယ်။ အစကတည်းက ၎င်းဟာကမ္ဘာလှည့်ခရီးသည်တွေအတွက် ရည်ရွယ်ပြီးထုတ်လိုက်တဲ့ ထုတ်ကုန်ဖြစ်ပါတယ်.

ဒီ Aloha shirt ကို ဂျပန်လူမျိုးတွေဟာ အိုင်ဒီယာပဲရသွားခဲ့တာမဟုတ်ပါဘူး…
ဒီလိုဆွဲဆောင်မှုရှိတဲ့ဒီဇိုင်းကို လက်ရှိနေထိုင်ရာဒေသမှာပြုလုပ်လို့မရဘဲ၊ ကျိုတိုနဲ့အိုဆာကာမှာ ထုတ်လုပ်ပြီးသားကို ပြန်လည်ဝယ်ယူခဲ့ခြင်းဖြစ်တယ်တဲ့….
ဒီဇိုင်းကိုလည်း ဂျပန်မှာပဲထုတ်ပုံရပါတယ်။

ရှပ်အင်္ကျီပြုလုပ်ပြီးရောင်းချနေတဲ့နေရာက ဟာဝိုင်အီဖြစ်နေတာကြောင့် Made in Japan လို့တော့ပြောခွင့်မရပေမဲ့၊ အမှန်တကယ်ဟာဝိုင်အီဆန်တဲ့အရာမှာ ဂျပန်တို့ပါဝင်ပတ်သက်နေတာကို ဂျပန်လူမျိုးတွေတောင် မသိခဲ့ကြပါဘူး။

အင်္ကျီက ဟာဝိုင်အီဆန်တယ်နော်?
လို့ဂုဏ်ယူဝင့်ကြွားကြတဲ့ ဟာဝိုင်အီအင်္ကျီဒီဇိုင်းဟာ အပူပိုင်းဒေသမဟုတ်တဲ့ဂျပန်မှာထုတ်လုပ်ခဲ့တယ်ဆိုတာက ကျွန်တော်ကိုအံ့အားသင့်စေတဲ့အချက်ပါပဲ….။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: