ဝါးကို ခွဲကြည့်လိုက်တဲ့အခါ အထဲက ?

ဝါးကိုခွဲကြည့်လိုက်တဲ့အခါ ချစ်စရာကောင်းတဲ့မိန်းကလေးထွက်လာတဲ့ ပုံပြင်ကိုကြားဖူးကြပါသလား?
ဂျပန်ပုံပြင် 竹取物語(Taketori Monogatari) သို့မဟုတ်၊ かぐや姫Kaguyahime လို့ခေါ်ကြတဲ့ ပုံပြင်ဖြစ်ပါတယ်။

အဲ့ဒီကလေးဟာအရွယ်ရောက်ပြီး လှပတဲ့မိန်းကလေးဖြစ်လာတယ်။ ဒါပေမဲ့ ဘယ်သူနဲ့မှလက်မထပ်ဘဲ နောက်ဆုံးမှာခေါ်‌ဆောင်သူတွေရောက်လာပြီး၊ လဆီသို့ပြန်သွားတဲ့ပုံပြင်ပဲဖြစ်ပါတယ်။
Kaguyahime ဟာအာကာသကလာတယ်၊ နတ်ဘုရားဖြစ်တယ်၊ လကမ္ဘာဆီကိုပြန်သွားတယ်ဆိုတာက သေခြင်းကိုလှပစွာသုံးနှုန်းထားခြင်းပဲ ဆိုပြီးရှင်းပြချက်အမျိုးမျိုးရှိပေမဲ့၊ ဝါးခွဲလိုက်တဲ့အခါ ကလေးထွက်လာတယ်ဆိုတာဟာ၊ တကယ်တော့ ဒါဟာတော်ရုံတန်ရုံ ဖြစ်ဖို့ခဲယဥ်းတဲ့ကိစ္စပဲဖြစ်ပါတယ်။
ဝါးကိုဖြတ်တဲ့နေရာမှားသွားခဲ့ရင် ဒုက္ခရောက်သွားနိုင်တယ်။

ဒါပေမဲ့ ဝါးခုတ်လိုက်တဲ့အခါ ဘယ်လိုမှမဖြစ်နိုင်တဲ့အရာ ထွက်လာတယ်ဆိုတာ တကယ်ရှိနေပါတယ်။
ဒီပုံမှာကြည့်လိုက်ပါ။

 

https://maidonanews.jp/article/14103252

 

တစ်ဝက်လောက်ခဲနေတဲ့အရည်တစ်ခုခုလိုအရာက အထဲမှာရောက်နေပြီး၊ ခုတ်လိုက်တဲ့အခါ ရေအများကြီးပန်းထွက်လာကာ၊ မျက်နှာပြင်ကချိုပြီးမွှေးတဲ့အနံ့ရှိတယ်လို့ သိရပါတယ်။
ဒါဘာကြီးလဲလို့ စိတ်ဝင်စားပြီးလျက်ကြည့်လိုက်တဲ့အခါ….

ဒါအရက်ဖြစ်နေတယ်တဲ့….

ဝါးဟာကြီးထွားတာမြန်တဲ့အတွက် ရှည်လာတဲ့ဝါးကိုအရင်းကနေခုတ်ရပါတယ်။
လူတစ်ယောက်ဟာ ဝါးပင်ပေါင်း ၃၀၀ ကျော်ကိုခုတ်ဖူးတဲ့အတွေ့အကြုံရှိပါတယ်။
အဲ့ဒီအထဲမှာ ရှားရှားပါးပါးအထဲမှာရေရှိနေတဲ့ ဝါးကိုကြုံတွေ့လိုက်ရပါတယ်။
ဝါးအချင်းချင်း လေတိုက်ပြီးပွတ်ယှက်ခြင်းကြောင့် အပေါက်ဖြစ်သွားတာတို့၊ ကွဲသွားတာတဲ့နေရာမှာ မိုးရေဝင်သွားတယ်ဆိုရင်တော့ ဖြစ်နိုင်ပေမဲ့၊ အရက်ဖြစ်နေတယ်ဆိုတာကတော့ ပထမဆုံးကြုံဖူးတာပဲလို့ပြောပါတယ်.

ဒီအချက်ကို ပညာရှင်များလည်း အံ့သြနေကြပါတယ်။
ဝါးထဲမှာရေဝင်နေတယ်ဆိုတာက ပထမပြောခဲ့သလိုပဲရှားပါးတဲ့ကိစ္စ၊ ထိုရေမှာ Amino acid များစွာပါဝင်လို့ အလှကုန်ပစ္စည်းအဖြစ် အသုံးပြုကြတဲ့ဥပမာတောင်ရှိပါတယ်။
၎င်းကတော့ ပုပ်စပ်ပြီးအချဥ်ပေါက်သွားကာ alcohol ပါဝင်မှုထွက်လာတာဖြစ်ပေမဲ့၊ ဒီအခြေအနေကတော့ နံပြီးသိပ်ပြီးသောက်လို့မရပါဘူး။

သို့သော် ဒီဝါးထဲကအရည်ကတော့ စည်ထဲကနေထွက်ခါစ whiskey လိုမျိုး အရမ်းမွှေးပြီး၊ မထင်မှတ်ဘဲ လျက်မိလိုက်လို့တောင် အံ့သြသွားရပါတယ်။

ဒီဝါးရဲ့အဆစ်တော်တော်များများထဲမှာ ဒီလိုအရက်တွေရှိနေပြီး၊ သဘာဝလောကကြီးရဲ့ အရက်စည်လို့တောင် တင်စားရမလိုပါပဲ။

အာဖရိကရဲ့ Tanzania နိုင်ငံမှာတော့ ဝါးမျှစ်ရဲ့ အရင်စုဆောင်းနေတဲ့ရေကနေ အရက်ပြန်ချက်တာမျိုးရှိပေမဲ့၊ ဂျပန်ဝါးနဲ့ကတော့ အမျိုးအစားမတူပါဘူး။
ဂျပန်ရဲ့ ဝါးမျိုးတွေမှာတော့ အရက်ချက်နိုင်တယ်ဆိုတာ မကြားဖူးပါဘူး။

နတ်ဘုရားကပဲ အရက်ထည့်ပေးလိုက်တာများလား?
ဒါပေမဲ့ အနံ့မွှေးလို့လျှာနဲ့လျက်မိတယ်ဆိုတဲ့ သတ္တိက၊ သေချာတယ် ကျွန်တော်မှာတော့မရှိပါဘူး။…

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: