ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ တော့ပ်စတား၊ ငြမ်းဆင်ခြင်းအလုပ် အလွန်မိုက် !!!

အဆောက်အအုံနဲ့တံတား စတာတွေဟာ အကြီးစားဆောက်လုပ်ရေးလုပ်ငန်းခွင်ဖြစ်ပါတယ်။
ဆောက်လုပ်ရေးတစ်ခုလုပ်ဖို့အတွက် အရင်ဆုံးမဖြစ်မနေလုပ်ဆောင်ရတာကတော့ ငြမ်းဆင်ခြင်းပဲဖြစ်ပါတယ်။
ဘာမှမရှိသေးတဲ့နေရာမှာ ငြမ်းကိုဆင်တယ်ဆိုတာ ဒါကိုပြောတာပါ။

 

https://tsuchiyagumi.yokohama/column/tobi-ashiba/

အပြင်မှာဖြစ်တဲ့အတွက် ရုတ်တရက်လေတိုက်တာတွေရှိတတ်ပါတယ်။
၁ ခုလွဲချော်သွားတာနဲ့ သေခြင်းနဲ့သေချာနေတဲ့ပတ်ဝန်းကျင်မှာ အလုပ်လုပ်နေကြတဲ့ ငြမ်းဆင်သူတွေရှိတာကြောင့်၊ ထိုဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အခြားသောလူတွေဟာ လုပ်ငန်းကိုလည်ပတ်နိုင်ရခြင်းဖြစ်ပါတယ်။
ထိုအထဲမှာ အခက်ခဲဆုံးကတော့ frame တပ်ဆင်ရခြင်းပဲဖြစ်ပါတယ်။

 


http://www.honda92-kougyou.com/business

 

ပုံကြမ်းကိုခေါင်းထဲမှာမှတ်သွားပြီး အပေါ်သို့တက်သွားကာ၊ crane နဲ့မတင်ပေးလိုက်တဲ့ သံ frame ကို ငြမ်းမရှိတဲ့နေရာမှာ တပ်ဆင်သွားကြပါတယ်။
crane နဲ့မတင်တဲ့အတွက် ငြမ်းကိုမထားတော့ခြင်းဖြစ်ပါတယ်။
အခန့်မသင့်ရင် တိုက်မိနိုင်တယ်နော်..

နောက်ပြီး သူတို့တွေက frame ချရမယ့်နေရာနဲ့ တိကျတဲ့အနေအထား အနည်းငယ်လွှဲချော်သွားတာနဲ့ အဆောက်အဦးကိုဆက်ဆောက်လို့မရတော့ပါဘူး။

စကားမစပ် မြေပြင်အထက် ၆၃၄ မီတာအမြင့်ရှိတဲ့ အကြီးစားရေဒီယိုမျှော်စင်, SKY TREE ကိုလည်း ငြမ်းဆင်တဲ့အလုပ်ကပဲ ဆောက်လုပ်ခြင်းဖြစ်ပါတယ်။
ပုံစံကတော့ ဒီလိုပါ။

http://www.inlifeweb.com/reports/report_5910.html

 

ကဲ..ဒီလိုပုံစံနဲ့အလုပ်လုပ်ရမယ်ဆို စာဖတ်သူတို့ဘယ်လိုသဘောရပါသလဲ?

ဒါနဲ့ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ ဦးနှောက်ထက်ခန္ဓာကိုယ်ရဲ့ကြံ့ခိုင်မှုက ပိုအရေးပါသလားလို့ထင်ပေမဲ့၊ ငြမ်းဆင်တဲ့အလုပ်မှာတော့ ဦးနှောက်ကပိုပြီးအရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။
လုပ်ငန်းခွင်မှာ ဒီဇိုင်းကိုခေါင်းထဲစွဲနေအောင်မှတ်ထားရပြီး ထိုအတိုင်းမဆောက်ရင်မဖြစ်သလို၊ လေးလံတဲ့အရာတွေကို အပေါ်ကိုသယ်သွားဖို့ရာ စက်ပိုင်းဆိုင်ရာဗဟုသတတွေကလည်း မရှိမဖြစ်လိုအပ်ပါတယ်။
အဲ့ဒီလိုပဲ ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း အက္ခရာကျပါတယ်။

ခန္ဓာကိုယ်ရော ဦးနှောက်ရော မထူးချွန်ဘူးဆိုရင် ငြမ်းဆင်သူတစ်ယောက်ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။
အဲ့ဒီလို ငြမ်းဆင်သူတွေဟာ လုပ်ငန်းခွင်မှာလည်း တော်တော်လေးထူးခြားနေပါတယ်။
ထူးခြားနေတဲ့ သူတို့ရဲ့ဘောင်းဘီကိုကြည့်လိုက်ပါ။

 


https://www.pinterest.jp/pin/714946509583742534/

 

အဝကျယ်သွားတဲ့ ဒီဘောင်းဘီကလည်း ငြမ်းဆင်အလုပ်ရဲ့အသွင်အပြင်ပဲဖြစ်ပါတယ်။
ခြေထောက်အောက်မှာ အန္တရာယ်ရှိတဲ့အရာတစ်ခုခုရှိမယ်ဆို ထောက်လှမ်းနိုင်ပြီး၊ ကြောင်မွေးကဲ့သို့သောအခန်းကဏ္ဍကနေပါဝင်ကာ၊ အနားကျယ်သွားတဲ့ဘောင်းဘီမှာ တစ်ခုခုရှိလာပြီဆို ပြန်လည်တားဆီးနိုင်ပါတယ်။
လွယ်လင့်တကူအန္တရာယ်ကိုထောက်လှမ်းနိုင်ပြီး၊ လုံခြုံစိတ်ချရမှုများစွာရှိပါတယ်.

လွတ်လွတ်လပ်လပ်ရှိစေတဲ့ရည်ရွယ်ချက်နဲ့ပြုလုပ်ထားခြင်းမဟုတ်ပါဘူး။

ဒါနဲ့ စာဖတ်သူတို့..
သူတို့ရဲ့လစာကိုလည်း သိချင်ကြတယ်မဟုတ်လား?
အသက်အလောင်းအစားလုပ်ထားရတဲ့အလုပ်ပါ။
နောက်ပြီး ဦးနှောက်ရော၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုကပါ စကားပြောတဲ့အတွက် လူတိုင်းလုပ်နိုင်တဲ့အလုပ်မဟုတ်ပါဘူး။

ပထမဆုံးနေ့စားဆိုရင် ၁ ရက်ကို ယန်း ၁ သောင်းရတယ်။
ရက် ၂၀ အတွက်ဆိုရင် ယန်းသောင်း ၂၀။
နှစ်စဉ်ဝင်ငွေနဲ့တွက်ရင်တော့ ယန်းသောင်း ၂၅၀ လောက်ရပါတယ်။
သာမန်ကုမ္ပဏီဝန်ထမ်းထက်တောင် လစာမြင့်တယ်လို့ပြောရပါမယ်။

အဲ့ဒီကနေ အနှစ် ၂၀ လောက်ကြာသွားပြီး သံ frame ချတတ်သွားပြီးဆိုရင်တော့ နှစ်စဥ်ဝင်ငွေဟာ ယန်းသောင်း ၈၀၀ လောက်ရှိသွားပါတယ်။

လခစား သာမန်ရုံးဝန်ထမ်းနဲ့ယှဥ်ကြည့်ရင် တော်တော်လေးဝင်ငွေကောင်းပေမဲ့၊ အလုပ်လုပ်ရတဲ့အချိန်က ၈ နာရီကနေ ၁၇ နာရီအထိပါ။
အချိန်ပိုကြေးပါထည့်ပေါင်းပြီး နှစ်စဥ်ဝင်ငွေ ယန်းသောင်း ၈၀၀ ရတဲ့ရုံးဝန်ထမ်းနဲ့မတူပါဘူး။

မီးရထားလမ်းဖောက်ခြင်း စတဲ့အလုပ်တွေဟာ ညဘက်မှာသာလုပ်နိုင်တဲ့အတွက်၊ ညဘက်ဆင်းတဲ့အချိန်ကျရင် Special allowance ပါထပ်ပေးပါတယ်။
အဲ့ဒီလိုအလုပ်ကိုဝင်မယ်ဆို နှစ်စဥ်ဝင်ငွေဟာ ယန်းသောင်း ၁၀၀၀ ကိုအေးဆေးကျော်ပါတယ်။

စကားမစပ် ဒီပမာဏက စပြီးအလုပ်ခန့်လိုက်တဲ့အခြေအနေအတွက်ပြောတာပါ။

သီးသန့်လုပ်ကိုင်ပြီး မိမိဟာသူဌေးဖြစ်သွားလို့ ငြမ်းဆင်မယ့်အလုပ်သမားတွေကို အရေအတွက်ပိုတိုးလိုက်တယ်ဆိုရင်တော့ ယန်းသောင်း ၂၀၀၀၊ ယန်းသောင်း ၃၀၀၀ ဟာ အိပ်မက်မဟုတ်တော့ပါဘူး။

နောက်ပြီးနိုင်ငံခြားမှာပါ လုပ်ငန်းချဲ့လာကြတယ်။
ကျွန်တော်အသိတစ်ယောက်က တံတားဆောက်ငြမ်းဆင်တဲ့အလုပ်လုပ်ပါတယ်။
ဒီတံတားကြီးကိုငြမ်းဆင်ဖို့ အလယ်ကထောက်တိုင်ကြီးပေါ်တက်သွားရပါတယ်။

 

https://kogakougyou.net/about.php

သူက ကိုးရီးယားနိုင်ငံရဲ့ Incheon လေဆိပ်အနီးရှိ တံတားကိုဆောက်လုပ်ပြီးနောက်၊ ဗီယက်နာမ်တံတားကိုပါဆောက်လုပ်ဖို့ ရောက်လာခဲ့ပါတယ်။

သူရဲ့အလုပ်က နိုင်ငံတကာကိုထိုးဖောက်သွားနိုင်ခဲ့ပါတယ်။

ဆောက်လုပ်ရေးသမားတွေ ပိုက်ဆံမရပါဘူးကွာ၊ အတန်းပညာမရှိသူတွေပဲလုပ်ကြတာလို့ ပြောနေသူတွေဟာ တကယ်တော့ ဆောက်လုပ်ရေးအလုပ်အကြောင်းကိုမသိသေးလို့ပဲဖြစ်ပါတယ်။
စာဖတ်သူတို့တော့မသိဘူး …..ကျွန်တော်ကတော့ တော်တော်လေးမိုက်တယ်လို့ထင်ပါတယ်။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: