ဂျပန်တွင် တရားမဝင်မွေးဖွားလာသောကလေးများ…!!!!

ဂျပန်မှာ ရာနဲ့ချီသောကလေးတွေဟာ ဘဝအာမခံချက်မရှိတဲ့အခြေအနေနဲ့ နေထိုင်နေကြပါတယ်။
သူတို့သိဖူးသမျှတစ်ခုတည်းသောနိုင်ငံမှာ နေထိုင်ခွင့်မလျှောက်နိုင်ပါဘူး။ အခြေအမြစ်မရှိတဲ့ နိုင်ငံခြားသားအဖြစ်မွေးဖွားလာရပြီး၊ တိုင်းပြည်ကနေနှင်ထုတ်ခံရတာတွေနဲ့ကြုံရသလို၊ တစ်ခါတစ်ရံ မိဘတွေနဲ့ခွဲခွာကာ လူဝင်မှုကြီးကြပ်ရေးဌာနအတွင်း အချိန်အကြာကြီးထိန်းသိမ်းခံရတာတွေနဲ့လည်း ကြုံတွေ့ရပါတယ်။

ထိုအထဲမှာ အသက် ၁၂ နှစ်ရှိပြီဖြစ်တဲ့ Samwel ဆိုတဲ့ကောင်လေးဟာ လက်ရှိ Saitama စီရင်စုမှာနေထိုင်ပြီး၊ National Basketball Association (NBA) မှာ basketball ကစားသမားတစ်ဦးဖြစ်ဖို့ အိပ်မက်ရှိတဲ့လူငယ်လေးတစ်ဦးဖြစ်ပါတယ်။
ဒီလူငယ်‌လေးဟာ သူမွေးဖွားကြီးပြင်းလာခဲ့တဲ့ ဂျပန်နိုင်ငံအတွက် ambassador တစ်ဦးဖြစ်ချင်တယ်လို့ပြောပါတယ်။ သို့သော် ဘဝပေးအခြေအနေအရ သူနဲ့အတူသူ့မိခင်မှာရော၊ ညီလေးတို့မှာပါ တရားဝင်နေထိုင်ခွင့်ဗီဇာမရှိပါဘူး။

 

https://www3.nhk.or.jp/nhkworld/en/news/backstories/1457/?fbclid=IwAR2vQdnYCYlgLSgk9Oxd_e632v-JmOoVvYGM7KQwo4HaeP_7TUd7SGWJzYI

 

Samwel ရဲ့မိဘတွေဟာ Democratic Republic of the Congo နိုင်ငံကဖြစ်ပြီး၊ စစ်ဖြစ်တဲ့အချိန် နိုင်ငံရေးလှုပ်ရှားမှုမှာပါဝင်ခဲ့ကာ အဖမ်းခံရမှာကြောက်တဲ့အတွက် ၂၀၀၈ ခုနှစ်မှာ ဂျပန်ဘက်ကိုထွက်ပြေးလာခဲ့ကြပါတယ်။ ဒုက္ခသည်ခိုလှုံခွင့် ၂ ကြိမ်မျှပယ်ချခံခဲ့ရပါတယ်။

Samwel ရဲ့မိဘတွေဟာ ဂျပန်ကိုရောက်ပြီးမကြာခင်မှာပဲ Samwel ကိုမွေးဖွားခဲ့ပြီး နောက်ထပ် ၂ နှစ်အကြာမှာတော့ ညီဖြစ်သူ Elikami ကိုမွေးဖွားခဲ့ပါတယ်။
ဒုက္ခသည်လျှောက်ထားသူများကို ယာယီဗီဇာထုတ်ပေးတဲ့အတွက် Samwel ရဲ့အဖေနဲ့အမေဟာ အချိန်ပိုင်းအလုပ်ရရှိခဲ့ပါတယ်။
သို့သော် ကံဆိုးချင်တော့ ဂျပန်ရောက်ပြီး ၉ နှစ်အကြာ ၂၀၁၇ ခုနှစ်မှာ Samwel ရဲ့အမေဟာ သူမနဲ့သူမရဲ့ကလေး ၂ ယောက်ရဲ့ဗီဇာကို အသစ်ပြန်လျှောက်ဖို့နောက်ဆုံးသတ်မှတ်ရက် ၁ ပတ်တိတိကျော်သွားတဲ့အတွက် သူတို့ ၃ ယောက်လုံးဟာ နေထိုင်ခွင့်ဆုံးရှုံးသွားရပါတော့တယ်။

နေထိုင်ခွင့်ဗီဇာမရှိတဲ့ နိုင်ငံခြားသားအများစုဟာ တိုင်းပြည်ကနေထွက်သွားဖို့တောင်းဆိုခံရတယ်။ သို့သော် Congo ကိုပြန်မယ်ဆိုရင် သူမတို့အတွက်လုံခြုံမှုမရှိဘူးဆိုတာ သူမသိနေပါတယ်။
၂၀၁၈ ခုနှစ်ဇန်နဝါရီလမှာပဲ ဂျပန်လဝက,က သူမကိုဖမ်းလိုက်ပါတယ်။

ဂျပန်လဝက,ကတော့ အရွယ်မရောက်သေးတဲ့ကလေးတွေကိုမဖမ်းဘဲ၊ မိဘကိုဖမ်းတာများပါတယ်.
ဒီလို Moloko (Samwel ၏မိခင်)အဖမ်းခံလိုက်ရတဲ့အခါ ဗီဇာအကြုံးဝင်သေးတဲ့ ကလေးတွေရဲ့အဖေဟာပိုပြီး ပင်ပန်းပါတော့တယ်။
သူဟာကလေးတွေကိုအိမ်မှာထားခဲ့ရပြီး၊ အချိန်ပိုင်းအလုပ်အမျိုးမျိုးကိုလုပ်ခဲ့ပါတယ်။

အခြားကလေးတွေ တခါတလေမိဘတွေနဲ့အတူကျောင်းလာလို့အားကျနေပြီး၊ ခရစ္စမတ်မှာမိဘတွေဆီက လက်ဆောင်ရတဲ့အတန်းဖော်တွေကို မနာလိုဖြစ်တယ်ဆိုတဲ့ Samwel ဟာ “ ကျွန်တော်အရွယ်ရောက်လာလို့ အသက် ၂၀ ပြည့်ခဲ့ရင်၊ အမေ့လို့ပဲအဖမ်းခံရမှာကြောက်တယ်” တဲ့…

စိတ်ဓါတ်ကြံ့ခိုင်တဲ့ Samwel ရဲ့မိခင်ကတော့ ထိန်းသိမ်းခံထားရတဲ့စခန်းမှာ သူမရဲ့သားတွေကိုနေ့တိုင်းလိုလိုခေါ်တွေ့လေ့ရှိပြီး၊ လောကဓံကိုကြံ့ကြံ့ခံကာညီလေးကိုစောင့်ရှောက်ဖို့ မှာလေ့ရှိပါတယ်။
ဘယ်လိုခက်ခဲတဲ့အခြေအနေကပဲဖြစ်ဖြစ် သူမကိုမပြိုလဲစေနိုင်ပါဘူး။

၂၀၂၀ ခုနှစ် မတ်လ၊ အဖမ်းခံရပြီး ၂ နှစ်ကျော်အကြာမှာ ရုတ်တရက် အာဏာပိုင်တွေကဘာမှရှင်းပြခြင်းမရှိဘဲ သူမကိုလွတ်မြောက်ခွင့်ပေးလိုက်ပါတယ်။

ဒါကတော့ ဖမ်းဆီးထိန်းသိမ်းထားခံရတဲ့စင်တာရှေ့မှာ မိခင်နှင့်ကလေးများပြန်လည်ဆုံတွေ့ခြင်းဖြစ်ပါတယ်။

 

https://www3.nhk.or.jp/nhkworld/en/news/backstories/1457/

 

သူမပြန်လည်လွတ်မြောက်လာခဲ့သော်လည်း လဝကအာဏာပိုင်များထံမှာ ပုံမှန်စစ်ဆေးမှုများပြုလုပ်နေရဆဲပါ။
သူမတို့အတွက်တော့ ကျန်းမာရေးစောင့်ရှောက်မှုမရနိုင်သလို၊ မိသားစုအတွက်အကြီးမားဆုံးသောပြဿနာက သူမကိုအလုပ်လုပ်ဖို့အတွက် ဗီဇာမထုတ်ပေးခြင်းပဲဖြစ်ပါတယ်။

ယခုလို အလုပ်အကိုင်တွေကျပ်တည်းတဲ့ ကိုရိုနာကာလမှာတော့ ကလေးတွေရဲ့ဖခင်ကပိုပြီးရုန်းကန်ရသလို၊ သူတို့မိသားစုကို အစားအစာတွေလာလှူတဲ့အလှူရှင်တွေရှိတယ်လို့သိရပါတယ်။

Samwel ကတော့ သူ့မိခင်ကိုသူ့ဆီကနေ နောက်တစ်ခါခေါ်သွားမှာ အကြောက်ဆုံးပဲတဲ့..
ကလေးတွေရဲ့ကြောက်စိတ်၊ မလုံခြုံမှု မေတ္တာငတ်မှုမှာ မိခင်ဖြစ်သူဟာ သားတွေကိုနေ့တိုင်းကျောင်းပို့ပေးပြီး၊ တခါတလေစာသင်ခန်းအနောက်မှာထိုင်ငေးကာ “ သားတို့လုံခြုံဖို့၊ အနာဂတ်မှာအခြားကလေးတွေလို သာမာန်ဘဝကိုရနိုင်ဖို့ အမေဒီမှာရှိတယ်” လို့ ရေရွတ်မိသူတစ်ဦးဖြစ်ပါတယ်။

========

ထိုစီရင်စုအတွင်းမှာပဲ နောက်ထပ် အသက် ၁၆ နှစ်အရွယ် Miracle ဆိုတဲ့ လူမည်းမိန်းကလေးဟာ အလားတူပြဿနာနဲ့သူမရဲ့ဘဝကို ကြိုးစားရုန်းကန်နေရလျှက်ရှိပါတယ်။
သူမမိဘတွေဟာ Ghana တိုင်းပြည်ကဖြစ်ပြီး၊ ဂျပန်မှာ overstay နဲ့တရားမဝင် အလုပ်လုပ်နေကြသူတွေပဲဖြစ်ပါတယ်။

အထက်တန်း ဒုတိယနှစ်ရှိပြီဖြစ်တဲ့သူမဟာ ဘုရားကျောင်းထောင့်မှာ သူမရဲ့မိဘတွေနဲ့အတူ နေထိုင်လျှက်ရှိပါတယ်။ မိသားစုဝင်တွေအားလုံးဟာ ယာယီလွတ်ငြိမ်းခွင့်ရရှိထားပေမဲ့၊ ခွဲခြားဆက်ဆံခံနေရသူတွေပဲဖြစ်ပါတယ်။

 

https://www3.nhk.or.jp/nhkworld/en/news/backstories/1457/

 

Miracle ရဲ့မိဘတွေဟာ ၁၉၉၀ ခုနှစ်အစောပိုင်းကတည်းက ဂျပန်ကိုအလည်အပတ်ဗီဇာနဲ့ရောက်လာခဲ့ကြပြီး၊ ရော်ဘာစက်ရုံမှာ ၁ နာရီ $6 နဲ့အလုပ်ရသွားပါတယ်။
ထိုအချိန် ဂျပန်မှာအလုပ်သမားရှားပါးမှုပြဿနာနဲ့ရင်ဆိုင်နေရတဲ့အတွက် အာဏာပိုင်တွေဟာ တရားမဝင်အလုပ်သမားများကို လျစ်လျူရှုခွင့်ပြုပေးခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာ Miracle ကိုမွေးဖွားခဲ့ပါတယ်။ သို့သော် သူမအသက် ၇ နှစ်မှာပဲ သူမအဖေဟာ ဗီဇာမရှိဘဲအလုပ်လုပ်နေတဲ့အတွက် အဖမ်းခံရပါတယ်။
Miracle ရဲ့မိခင်ဟာ သူမတို့ဗီဇာမရှိဘဲနေမိတဲ့အတွက် “ တောင်းပန်ပါတယ်၊ ကျွန်မတို့ဥပဒေကိုချိုးဖောက်မိပါတယ်၊ တောင်းပန်ပါတယ်” ဆိုပြီးပြောလာပါတယ်။
ဒါနဲ့အတူသူမဟာ နှစ် ၃၀ ကြာဂျပန်မှာနေထိုင်ပြီးနောက် Ghana ပြည်ကိုပြန်ဖို့ခက်ခဲနေသလို၊ ဆယ်ကျော်သက်ဖြစ်တဲ့ သူမရဲ့သမီးဟာ မိခင်တိုင်းပြည်နဲ့မရင်းနှီးဘဲ၊ ဂျပန်စကားတစ်ခုတည်းသာပြောတတ်သူဖြစ်နေပါတယ်။

https://www3.nhk.or.jp/nhkworld/en/news/backstories/1457/

 

စက်ရုံပိုင်ရှင်ဖြစ်တဲ့ Koshimizu Masayuki ဆိုသူဟာ သူမတို့မိသားစုနဲ့ ရင်းနှီးလာပါတယ်။
Miracle ရဲ့အမေဟာ စက်ရုံပိုင်ရှင်အလုပ်များနေတဲ့အချိန် ပိုင်ရှင်ရဲ့အမေအိုကြီးကို ပြုစုစောင့်ရှောက်ပေးတတ်ပါတယ်။
အမေအိုသေတဲ့အထိ သူမစောင့်ရှောက်ပေးခဲ့ပါတယ်။ Koshimizu ဟာ Miracle တို့မိသားစုကိုကြည့်ပြီး ဗီဇာ overstay ဖြစ်သွားသူတွေဟာ တသမတ်တည်း တရားမဝင်သူတွေလို့မရှုမြင်သင့်ဘူးဆိုပြီး တရားရေးရာဝန်ကြီးဌာနအား မိသားစုရဲ့အမှုကိုပြန်လည်စဥ်းစားဖို့ လိုအပ်တဲ့အရာများကိုကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

Miracle ဟာ အထက်တန်းပြီးလို့ဘွဲ့ရခဲ့ရင် သားဖွားသူနာပြုဖြစ်ချင်သူတစ်ဦးဖြစ်ပါတယ်။
သို့သော်သူမအတွက်နေထိုင်ခွင့်ဗီဇာရဖို့ဆိုရင် မိဘတွေဟာ Ghana ကိုပြန်မှဖြစ်မှာပါ။ သူမဟာမိသားစုနဲ့မခွဲချင်ခဲ့ပါဘူး။
လက်ရှိမှာတော့ သူမတို့မိသားစုဟာ အထူးနေထိုင်ခွင့် ခွင့်ပြုချက်ရယူဖို့ တရားဝင်ဆောင်ရွက်မှုတွေအတွက် စဥ်းစားနေပါတယ်။
ဂျပန်မှာမွေးပြီး ဂျပန်စကားသာတတ်တဲ့ Miracle အတွက် တစ်ချိန်မှာသူမရဲ့အိပ်မက်ဖြစ်တဲ့ သားဖွားသူနာပြုဖြစ်နိုင်မဖြစ်နိုင်ဆိုတာ စိန်ခေါ်မှုတစ်ခုပါပဲ…..

 

https://www3.nhk.or.jp/nhkworld/en/news/backstories/1457/

Samwelနဲ့ Miracle ကဲ့သို့သောအခြားသောကလေးများစွာဟာ ရည်မှန်းချက်တွေကိုယ်စီနဲ့ သူတို့ရဲ့အိမ်လို့ခေါ်ကြတဲ့တိုင်းပြည်မှာ မရေရာမသေချာတဲ့အခြေအနေအောက် ရုန်းကန်နေရလျှက်ရှိပါတယ်။

 

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: