ရေမလိုတဲ့ Onsen တွင်အပန်းဖြေနိုင်ပြီ !!! (ဂျပန်တို့၏ပြောင်းလဲနေသောတီထွင်မှု)

ဂျပန်ရိုးရာရေပူစမ်းများဖြစ်တဲ့ Onsen တွေဟာ ဂျပန်လူမျိုးတွေအတွက်တော့ အပန်းဖြေတဲ့အခါအလွန်အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ အလုပ်ကနေပင်ပန်းခဲ့သမျှ ရေပူစမ်းမှာစိမ်လိုက်တဲ့အခါ ယူပစ်သလိုပျောက်သွားလောက်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်.

https://grapee.jp/en/

 

အဲ့ဒီလို ရေပူစမ်းတွေဟာ ယခုထပ်မံပုံစံအသစ်ကိုပြောင်းလဲသွားပြန်ပါတယ်။
ထူးဆန်းတာက ရေလည်းမလိုသလို၊ ရေချိုးစရာလည်းမလိုတဲ့ရေပူစမ်းကို တိုကျိုရှိ FANCL Ginza Square မှာတွေ့ရမှာပဲဖြစ်ပါတယ်။
ဒီရေပူစမ်းမှာ လာရောက်အပန်းဖြေကြတဲ့ဧည့်သည်တွေဟာ ရေချိုးဖို့မလိုသလို၊ အဝတ်အစားအပြည့်အစုံနဲ့အပန်းဖြေနိုင်ပါတယ်.

အဲ့.. ဘာကြောင့်လဲ?

အကြောင်းကတော့ ဒီရေပူစမ်းမှာ waterless “ air hot springs” ကနေတစ်ဆင့် သက်သောင့်သက်သာရှိတဲ့ပတ်ဝန်းကျင်ကိုပြန်လည်ဖန်တီးထားလို့ပဲဖြစ်ပါတယ်။
အပြင်အဆင်တွေကတော့ အများပြည်သူသုံးရိုးရာရေချိုးခန်းနဲ့တူပေမဲ့၊ တကယ်မှာတော့ သန့်စင်တဲ့လေ၊ ရနံ့တို့အပြင် ဧည့်သည်တွေကို outdoor onsen ရောက်နေသကဲ့သို့ခံစားရအောင် ပရိုဂျက်တာနဲ့onsen ရဲ့ပုံရိပ်ကိုပြသထားတဲ့အတွက် အမှန်တကယ်စိတ်ကျေနပ်မှုပေးမှာ သေချာပါတယ်.

နေရာကတော့ ၇ လွှာမှာရှိတဲ့ FANCL Genki Station မှာဖြစ်ပြီး၊ အပန်းဖြေသူတွေဟာ တောအုပ်ထဲကရေပူစမ်းလိုမျိုးခံစားမှုကိုရနိုင်ပြီး အသက်ရှူလေ့ကျင့်ခန်းအပါအဝင် ကိုယ်လက်လှုပ်ရှားမှုကိုပါလုပ်ဆောင်နိုင်ပါတယ်။

https://grapee.jp/en/

 

ဒီအပြင် အစားအသောက်ဝန်ဆောင်မှုပိုင်းမှာလည်း အပျံစားပါပဲ။
ဂျပန်ရိုးရာအစားအစာများဖြင့်စီစဥ်ထားသော ‌lunch , dinner များရှိပါတယ်။
ဒါတင်မကသေးပါဘူး။ အပန်းဖြေပြီးတဲ့အခါသောက်ဖို့ သဘာဝလက်ဆတ်တဲ့နွားနို့ကနေတစ်ဆင့် ထုတ်လုပ်ထားတဲ့ဖျော်ရည်လည်းရနိုင်ပါတယ်။
onsen မှာအနားယူရင်း အသားအရည်လည်းကရုစိုက်နိုင်တယ်ဆိုတော့ အကောင်းဆုံးပဲပေါ့…
အခြားသောဝန်ဆောင်မှုလည်း ရှိပါသေးတယ်….

https://grapee.jp/en/

 

ကိုရိုနာကြောင့် လွတ်လပ်စွာခရီးသွားလာခွင့်မရဘဲ၊ အလုပ်ရဲ့ဖိစီးမှုတွေကြောင့် onsen နဲ့အနားယူချင်သူတွေအတွက်တော့ သတင်းကောင်းပါပဲ…..
ကဲ…စာဖတ်ပရိသတ်တို့ရော ဘယ်လို onsen ကိုရောက်ခဲ့ပြီးပြီလဲ?..

 

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: