အိုင်ဒီယာဟာ ဆိုင်၏ရောင်းအားကို ကယ်တင်သွားခဲ့သော ဖြစ်ရပ်…!!! အိုင်ဒီယာနှင့်ပြိုင်ရမည့်ခေတ်ဆီသို့…!!!

ဂျပန်ဟာ လက်ရှိမှာလည်းကိုရိုနာဗိုင်းရပ်စ်ရဲ့သက်ရောက်မှုကြောင့် စီးပွားရေးမှာကြီးမားတဲ့ဆုံးရှုံးနစ်နာမှုကို လက်ဝယ်ပိုက်ထားရပါတယ်။
အားလုံးကိုခြုံကြည့်ရင် ကြီးမားသောဆုံးရှုံးမှုဖြစ်ပေမဲ့၊ သေသေချာချာပြန်ကြည့်လိုက်ရင် ပြောင်းပြန်အဖြစ် ရောင်းအားတက်လာသူတွေရှိနေပါတယ်။
အဲ့ဒီလို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အောင်မြင်သူတွေပေါ်ထွက်လာပါတယ်။
ထိုးနက်ချက်ကို ဆန့်ကျင်ဘက် အခွင့်အရေးတစ်ခုအဖြစ်တွေးတဲ့လူတွေရဲ့ စိတ်ကူးအိုင်ဒီယာကို ကြည့်လိုက်ကြပါစို့….

အကယ်၍စားသောက်ဆိုင်တွေဟာ delivery သာမလုပ်ဘူးဆိုရင် ဆက်လက်ရပ်တည်နိုင်ပါ့မလား?

 

https://thespoon.tech/

 

ဆိုင်မှာထိုင်စားလို့မရတဲ့အတွက် Uber Eats စတဲ့ delivery ဝန်ဆောင်မှုကိုအသုံးပြုသူတွေဟာ အလွန်များလာတယ်ဆိုတာ မျက်မြင်ပဲဖြစ်ပါတယ်။
ဆိုင်ဝန်ထမ်းဟာ လမ်းတွေကိုအသေးစိပ်မကျွမ်းကျင်တဲ့အတွက် delivery ကိုကိုယ်တိုင်အကောင်အထည်ဖော်ဖို့ မတတ်နိုင်ဘဲ၊ Uber Eats လိုမျိုး ဝန်ဆောင်မှုတွေဆီအပ်နှံကြတဲ့ဆိုင်တွေများလာပါတယ်။
သို့သော် ပြဿနာက…

ဆိုင်ဘက်က Delivery ဝန်ထမ်းတို့ရဲ့အရည်အသွေးကို လုံးဝမထိန်းချုပ်နိုင်တာပဲဖြစ်ပါတယ်။
Uber Eats ရဲ့ delivery ဝန်ထမ်းတွေဟာ အချိန်ပိုင်းအလုပ်အနေနဲ့သာလုပ်နေကြသူတွေရှိပြီး၊ ကိုယ်ကျင့်တရားမကောင်းသူတွေရှိသလို၊ ပေးပို့နေစဥ် ပစ္စည်းကိုအပေါ်အောက်ပြောင်းပြန်အနေအထားနဲ့ ပိတ်လိုက်ကြသူတွေလည်းရှိလာတဲ့အတွက် ထိုအခါမှာတော့ ဧည့်သည်များရဲ့ complain များတက်လာပါတော့တယ်။

ထို့အပြင် ပို့ဆောင်ခကလည်း အတော်လေးဈေးကြီးပါတယ်။
ဘယ်လိုပဲရောင်းရသော်လည်း မြတ်နေတာက Uber Eats ဖြစ်ပြီး၊ အမြတ်မကျန်တဲ့ဆိုင်တွေတောင် ရှိလာပါတယ်။
သို့သော် ဒီဝန်ဆောင်မှုကိုမယူရင် အခြားရွေးချယ်စရာမရှိတော့တဲ့ ဆိုင်များကလည်းထုနဲ့ထည်နဲ့ပါ။

ထိုအထဲမှာ အများထဲကခွဲထွက်ပြီး အိုင်ဒီယာရသွားတာကတော့ Saitama စီရင်စုမှာရှိတဲ့ Chiffon cake ဆိုင်ပဲဖြစ်ပါတယ်.

 

https://takeo.tokyo/note/restaurant/konchu-jihanki/

 

ဒီဆိုင်မှာဘာထူးခြားသွားသလဲဆိုတော့ … vending machine ကိုအသုံးပြုနေတာပါ။
Chiffon cake အတွက် vending machine ပါ။

ဒီလိုပုံစံနဲ့ ကိတ်တွေကိုထည့်ထားပါတယ်။

https://ameblo.jp/misa6373/entry-12437979154.html

 

ကိုရိုနာကြောင့် လူတွေနဲ့ထိတွေ့မှုကိုရှောင်ရှားချင်သူတွေက ဆိုင်ထဲဝင်ဖို့ချီတုံချတုံဖြစ်နေတတ်ပါတယ်။
သို့သော် vending machine နဲ့ဆို အဆင်ပြေပြီလေ…
ဂျပန်မှာအရင်ကတည်းက vending machine အမျိုးမျိုးရှိပြီးသားပါ။
ဒါကို Chiffon cake ကတော့ လိမ္မာပါးနပ်စွာအသုံးချလိုက်ပါတယ်။

အဲ့ဒီရလဒ်ဟာ အခုအချိန်မှာရောင်းအားကိုပြန်မြင့်တင်ပေးရုံသာမက၊ ရောင်းအား ၂ ဆဖြစ်ရတဲ့အထိ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
အလုပ်ကနေ ပင်ပင်ပန်းပန်းနဲ့အိမ်ပြန်လာရင်း လမ်းမှာအလုပ်ကြိုးစားတဲ့မိမိအတွက်ဆုချတဲ့အနေနဲ့ Chiffon cake ကိုစားမယ်လို့ကြံနေသော်လည်း ကိတ်မုန့်ဆိုင်ဟာမဖွင့်ဘူး။
ဒါပေမဲ့ vending machine နဲ့သာဆိုရင်တော့ ၂၄ နာရီပတ်လုံး OK ပြီပေါ့…

ဒီအပြင် ကိတ်မုန့်ဆိုင်ထဲဝင်ဖို့ရှက်တဲ့ ယောက်ျားလေးအများစုအတွက်လည်း ဝယ်ယူဖို့လွယ်ကူသွားတာဟာ ရောင်းအား ၂ ဆဖြစ်စေမယ့် သော့ချက်ပဲဖြစ်ပါတယ်။

ဆိုင်ကိုဒီလိုပုံစံလုပ်ထားပြီး၊ အထဲမှာ vending machine ဒီလိုမျိုးတန်းစီထားပါတယ်။

 

 

တန်းစီထားတာနည်းနည်းလေး ထူးဆန်းတယ်လို့စာဖတ်သူတို့ထင်မိလား..

ဆန်ရောင်းတဲ့နေရာ..

 

နောက်ပြီး…

Insect တွေလား?
ပိုးကောင်တွေရှိတဲ့အတွက် မကြိုက်တဲ့လူက အရင်ဆုံးစာကိုမဖတ်လိုက်နဲ့နော်…

နောက်ပိုင်…ကမ္ဘာနဲ့တစ်ဝှမ်းစားနပ်ရိက္ခာအကျပ်အတည်းရင်ဆိုင်ရမယ်လို့ ပြောနေကြတဲ့ယခုအချိန်မှာ၊ Insect တွေကိုဘယ်လိုကိုင်တွယ်ရင်တော့ အရသာရှိစွာစားသောက်နိုင်မလဲ? ဆိုတာကိုသုတေသနပြုသူတွေရှိပါတယ်။
အဲ့ဒီရလဒ်ကတော့ ဒီ vending machine မှာရောင်းချနေပါပြီ…

 

Insect ထည့်ထားသောcookies များ

 

 

Chiffon cake နှင့်ပူးပေါင်းခြင်း..

တော်တော်လေးကိုထိန့်လန့်စရာ အမြင်ဆန်းကြီးပါ။
ဒါကိုမြင်ချင်လို့ အဝေးကြီးကနေတကူးတကလာဝယ်သူတွေ အများကြီးရှိတယ်တဲ့…
သူတို့တွေဟာ Instagram မှာပုံတွေတင်လိုက်ကြပြီး အချင်းချင်းပိုပြီးသိသွားကြတဲ့အတွက် ရောင်းအားတက်ဖို့အတွက်အထောက်အကူဖြစ်သွားပါတယ်။

Chiffon cake ရဲ့ရောင်းကောင်းသွားတာကိုနားလည်ပေမဲ့၊ Insect တွေဟာ မဟုတ်မှလွဲရော ရောင်းအားတက်စေတဲ့ အဓိကအရာဖြစ်သွားတာလား…
အိုင်ဒီယာက ဆိုင်ကိုကယ်တင်သွားခဲ့တာပါပဲ….

သို့သော် Insect ကိုလည်းမစားချင်ဘူး၊ အစားအစာထဲမှာတွေ့နေရတာလည်း တစ်မျိုးပဲနော်….
ကျွန်တော်ကတော့ တစ်ကမ္ဘာလုံးစားနပ်ရိက္ခာအကျပ်အတည်းဖြစ်လာပြီး.. အင်းဆက်မှမစားရင်သေရတော့မယ်လို့ ဆိုလာရင်၊ အသေခံလိုက်မယ်ထင်တာပဲ….(ရယ်လျက်)
အစားအစာကိုအင်းဆက်နဲ့တော့ တွဲမစားချင်ဘူးနော်….
ကဲ…ခင်ဗျားတို့ရော…?

 

■「シフォンケーキ優 -yuu-」 の「ケーキの自動販売機」全4店舗設置場所

シフォンケーキ優 -yuu- 本店
住所:埼玉県児玉郡上里町七本木2958-9

シフォンケーキ優 -yuu- 熊谷店
住所:埼玉県熊谷市玉井1775-5

シフォンケーキ優 -yuu- 伊勢崎店
住所:群馬県伊勢崎市茂呂町2丁目2838-1

シフォンケーキ優 -yuu- 深谷店
住所:埼玉県深谷市柏合754-1

営業時間:全店舗24時間(無休)

 

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: