နင်ဂျာဆိုတာ တကယ်တော့ ….စကြာဖြင့်လူမသတ်ပါ…!!!

NARUTO ကနေစပြီး၊ နင်ဂျာကိုထည့်သွင်းရိုက်ကူးကြတဲ့ ရုပ်ရှင်၊ Manga ၊Animation ကြောင့် နင်ဂျာကိုစိတ်ဝင်စားလာသူတွေ ကမ္ဘာတစ်ဝှမ်းအများအပြားရှိလာပါတယ်။
ဘယ်လိုနေရာပဲဖြစ်ဖြစ် ကျူးကျော်ဝင်ရောက်ပြီး ပစ်မှတ်ကိုလုပ်ကြံနိုင်ခြင်း၊
ကိုင်တွယ်ရခက်တဲ့စကြာကို ကျွမ်းကျင်ပိုင်နိုင်စွာပစ်နိုင်ခြင်း၊
မီးနဂါးကိုခေါ်ခြင်း …စတာတွေ..

ဘယ်လိုပဲဖြစ်ဖြစ် မျက်လှည့်ဆရာလိုပဲ လူသားတွေနဲ့ခြားနားသူတွေဆိုတဲ့ အားကောင်းတဲ့ပုံရိပ်ရှိကြပါတယ်။

 

https://japaneseclass.jp/img/水遁

 

ကောင်းပါပြီ မဖြစ်နိုင်တာတွေလည်းအများကြီးရှိတယ်၊ သက်သက်မဲ့ပုံကြီးချဲ့ရေးထားတာပဲလို့ တွေးနိုင်သူတွေရှိပါတယ်။ သို့သော် တကယ့်အစစ်နင်ဂျာများရဲ့ အသွင်ပြင်ကိုသိသွားမယ်ဆို သင်အံ့သြသွားရမှာပါ။
ဒါဆို ကြည့်ကြပါစို့….

 

၁။ နင်ဂျာဟာ စကြာသုံးပြီးလူမသတ်ပါ။

https://www.bengo4.com/c_1009/n_5311/

 

ရုတ်တရက် သိထားတဲ့နင်ဂျာအကြောင်းနဲ့ပတ်သက်ပြီး ပြောင်းပြန်ဖြစ်နေတယ်လို့ ခံစားမိသွားတယ်မဟုတ်ပါသလား?
ဒါဆို ဆက်ပြီးကြည့်ကြည့်ပါ။
ထိုပစ်ရခက်တဲ့အရာဟာ ဘယ်လိုမျိုးပစ်မှတ်ကိုထိမှန်တာလဲ?
ပိုင်နိုင်စွာလေ့ကျင့်ထားမှုအရ ဖြောင့်တန်းစွာပစ်နိုင်ပေမဲ့၊ ဒါဆိုရင်ပိုပြီးလွယ်ကူစွာပစ်နိုင်မယ့်အရာကိုအသုံးပြုခြင်းက ပိုမိုထိရောက်နိုင်မယ်။
နောက်ပြီး စိုက်ဝင်သွားတယ်ဆိုပါစို့ အဲ့ဒီလောက်နက်ရှိုင်းစွာစိုက်ဝင်သွားတာမဟုတ်တဲ့အတွက် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ဒဏ်ရာဖြစ်သွားမှာမဟုတ်ပါဘူး။
အဲ့ဒီလို လက်နက်အနေနဲ့ကတော့ အားနည်းချက်ချည်းပါပဲ။

ဒါဖြင့် ဘာကိုအသုံးပြုခဲ့ကြသလဲ?
ဒါဟာ နင်ဂျာကထွက်ပြေးတဲ့အချိန်မှာ အသုံးပြုတဲ့လက်နက်ပဲဖြစ်ပါတယ်။

သတင်းအချက်အလက်များကိုလျှို့ဝှက်စွာရှာဖွေနေတဲ့အချိန် ရန်သူတွေ့သွားပြီး, ထွက်မပြေးလို့မဖြစ်တော့တဲ့အခြေအနေ၊ …
ဘယ်လိုခုန်ထွက်သွားရမလဲ ကောင်းကောင်းမသိပေမဲ့၊ လောလောဆယ်ရန်သူကိုခြောက်ကာ ကြိုက်တာပြုလုပ်ပြီးထွက်ပြေးဖို့ရန်အတွက်အသုံးပြုတဲ့လက်နက်ကတော့ စကြာပဲဖြစ်ပါတယ်။

 

၂။ အနက်ရောင်ဝတ်စုံမဟုတ်ပါ။

https://wow-j.com/jp/Allguides/other/tips_manners/01705_jp/

 

အနက်ရောင်ဝတ်စုံဆိုတာကလည်း နင်ဂျာရဲ့ပုံစံအမှန်မဟုတ်ပါဘူး။ သို့သော်
ကောင်းပြီ… “ ကျုပ်နင်ဂျာပဲ!” လို့အနက်ရောင်ဝတ်စုံနဲ့ပြောကြတယ်နော် ?
နင်ဂျာရဲ့အလုပ်ဟာ သတင်းအချက်အလက်တွေစုစည်းခြင်းဖြစ်ပါတယ်။
ရှားရှားပါးပါးလုပ်ကြံသတ်ဖြတ်သူတွေလည်းရှိပေမဲ့၊ ထိုအချိန်လှုပ်ရှားရလွယ်ကူစေဖို့အတွက် ဒီလိုအဝတ်အစားဝတ်ခဲ့ကြခြင်းဖြစ်တယ်လို့ ဆိုကြပါတယ်။
သို့သော် ပုံမှန်အခြေအနေအများစုမှာတော့ မြို့သူမြို့သားတစ်ယောက်အဖြစ် ဟန်ဆောင်နေကြပါတယ်။
ဒါဆို ဒီလိုပုံစံနဲ့မြို့မှာလျှောက်သွားကြတာမဟုတ်ဘူးပဲနော်…….

 

၃။ နင်ဂျာပညာဟာ အံ့သြစရာကောင်းလောက်အောင် ရိုးရှင်းသည်။

နင်ဂျာတို့ရဲ့ရည်ရွယ်ချက်က သတင်းအချက်အလက်တွေစုဆောင်းခြင်းဖြစ်တယ်ဆိုတာကို စဥ်းစားလိုက်တဲ့အခါ တိုက်ခိုက်ခြင်းကအဓိကမဟုတ်တော့ဘူးလို့ တွေးမိသူတွေရှိမယ်လို့ထင်ပါတယ်။
ဒါဖြင့် ပြောပြပေးပါ့မယ်။
နင်ဂျာအတွက် လျှို့ဝှက်စာအုပ်ရဲ့ တစ်နေရာမှာ….

ဒါကတော့ တည်းခိုကျုးကျော်ခြင်းနဲ့ပတ်သက်တဲ့ လျှို့ဝှက်စာဖြစ်ပါတယ်။
ဘယ်အချိန်လောက်က လျှို့ဝှက်ဝင်ဖို့လွယ်ကူသလဲ စတာတွေရေးထားတဲ့ ဖတ်စာအုပ်ဖြစ်ပါတယ်။

အရမ်းလွယ်နေတယ်နော် …

သို့သော် ခန္ဓာကိုယ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက အားကစားသမားကဲ့သို့ မြင့်မားတယ်လို့ ပြောကြပါတယ်။
လက်ကိုင်ဖုန်းတွေမရှိသေးတဲ့ခေတ်၊ မိမိစုဆောင်းလာခဲ့တဲ့အချက်အလက်တွေကို ပြန်မယူသွားနိုင်ရင် ကျူးကျော်ဝင်ရောက်ခြင်းက အဓိပ္ပါယ်မဲ့ဖြစ်သွားပါတယ်။
ဒီအတွက် ခံနိုင်ရည်၊ ပြေးနိုင်တဲ့အမြန်နှုန်း၊ ခုန်နိုင်တဲ့အင်အား စတာတွေက အတော်လေးကျွမ်းကျင်ခဲ့ကြပါတယ်။

ဒီအပြင် မျက်လုံးနှင့်နားများရဲ့ အာရုံခံမှုကလည်း အလွန်လျင်မြန်ခဲ့ပါတယ်။
ရန်သူရဲ့စကားတွေကို တိတ်တဆိတ်နားထောင်ဖို့အတွက်လိုအပ်တာကြောင့် ဒါဟာလည်း လေ့ကျင့်ရေးမှာပါဝင်ပြီးသားဖြစ်ပါတယ်။

လျှို့ဝှက်လှုပ်ရှားရတဲ့အလုပ်ဖြစ်တဲ့အတွက်၊ နင်ဂျာတွေဟာ သူတို့ကိုယ်သူတို့လူသိမခံကြသလို နာမည်လည်းမကြီးကြပါဘူး။ သို့သော် နောက်ဆုံးမှာနာမည်ကြီးသွားတဲ့နင်ဂျာရှိပါတယ်။
ဒီပုဂ္ဂိုလ်ရဲ့အကြောင်းနဲ့ အောင်မြင်မှုကို ပြောပြပေးပါ့မယ်။

 

服部半蔵(はっとり はんぞう) Hattori Hanzo

ဒီနာမည်ကို ကြားဖူးသူတွေရှိကြပါသလား?
သူကတော့ နောင်မှာဂျပန်ကိုတစ်စုတစ်စည်းတည်းဖြစ်စေမယ့် 徳川家康(とくがわ いえやす)Tokugawa Ieyasu ကိုကူညီခဲ့ခြင်းကြောင့် နာမည်ကြီးသွားခဲ့ပါတယ်။
Tokugawa Ieyasu ဟာ တိုက်ရည်ခိုက်ရည်မပြည့်စုံသေးသောအချိန်၊ ရန်သူတွေဝိုင်းထားခံရပြီး အသက်အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရပါတယ်။
ထိုအချိန် Hattori Hanzo ဟာ တိတ်ဆိတ်စွာဖြင့် နင်ဂျာတွေသာသိတဲ့လျှို့ဝှက်လမ်းကြောင်းကနေ Ieyasu ကိုကယ်တင်ခဲ့ပါတယ်။

ဒီအောင်မြင်မှုဟာချီးမွမ်းခံရပြီး၊ အဲဒိုရဲတိုက်မှာ အနောက်တံခါးရဲ့လုံခြုံရေးကိုအပ်နှင်းခြင်းခံရကာ ထိုတံခါးရဲ့နာမည်ကိုလည်း 半蔵門(はんぞうもん) Hanzomon လို့မည့်လိုက်ကြပါတော့တယ်။

သတိပြုမိသူတွေရှိမလားတော့မသိဘူး..
တိုကျိုမြေအောက်ရထားမှာ Hanzomon လိုင်းဆိုတာရှိပါတယ်။ ဒါဟာဒီတံခါးကိုအစွဲပြုပြီး ပေးထားခြင်းပဲဖြစ်ပါတယ်။

အထက်ပါအကြောင်းအရာတွေဟာ နင်ဂျာရဲ့ပုံသဏ္ဍာန်အမှန်သာဖြစ်ပေမဲ့၊ လူသိမခံကြတဲ့သူတို့တွေကတော့ သူတို့ရဲ့ပုံသဏ္ဍာန်အမှန်ကို မချပြခဲ့ပါဘူး။
လျှို့ဝှက်ထားတဲ့ နင်ဂျာပညာရပ်တွေလည်း သေချာတာတော့ရှိအုံးမှာပါ။
ဒီလိုတွေးရုံနဲ့တင် ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာတယ်နော်…

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: