Work frome home ရဲ့ စိတ်ဖိစီးမှုတွေကို အမြန်ဆုံးသက်သာစေမယ့်နည်း !!!!

ကိုရိုနာဗိုင်းရပ်စ်ရဲ့သက်ရောက်လာမှုကြောင့် ရုတ်တရက် work frome home က အစပြုလာခဲ့ပါတယ်။
ပထမဆုံးက Network ပြဿနာနဲ့ အလုပ်ခွင်ကလည်း အိမ်မှာလုပ်ဖို့အဆင်မပြေတာတွေ၊ စတဲ့ပြဿနာတွေနောက်ဆက်တွဲရှိလာခဲ့သော်လည်း လက်ရှိအချိန်ထိ work frome home နဲ့ဆက်သွားနေရတုန်းပဲဖြစ်ပါတယ်။
ဒါဟာ ကောင်းတာလားဆိုးတာလားမသိပေမဲ့၊ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဂယက်ပြီးနောက်မှာလည်း work frome home ကိုဆက်လုပ်သွားဖို့ရှိတဲ့ ကုမ္ပဏီတွေလည်း‌များလာခဲ့ပါတယ်။

ကုမ္ပဏီဘက်ကနေကြည့်ရင် ရုံးခန်းငှားခရော၊ အလုပ်သမားတွေရဲ့လမ်းစာရိတ်ရော ပေးစရာမလိုတဲ့အတွက် အသုံးစာရိတ်ကိုကြီးမားစွာလျှော့ချနိုင်ရပါတယ်။ သို့သော် မိသားစုမှာတော့ တစ်ဦးချင်းစီကစိတ်ဖိစီးမှုတွေကို ခံစားလာရပါတော့တယ်။

ယခင်ကအိမ်မှာမရှိတဲ့ခင်ပွန်းဟာ ယခုအိမ်မှာအမြဲတမ်းတွေ့နေရပြီး၊ အလုပ်ချည်းပဲလုပ်ကာအိမ်အလုပ်ကိုဝိုင်းမကူညီတဲ့အခါမှာတော့ အမျိုးသမီးဖြစ်သူဟာ မြင်လာပါပြီ။
ထမင်း ၃ ကြိမ်စားဖို့အတွက် မဖြစ်မနေပြင်ဆင်ရတာကြောင့် အမျိုးသမီးဖြစ်သူဟာပင်ပန်းလာပါတယ်။

 

https://www.urbanawellnessspa.com/

 

အစရှိတဲ့ အထူးသဖြင့်မိန်းကလေးတွေဘက်က ပိုပြီးဝန်ထုပ်ဝန်ပိုးဖြစ်လာပါတယ်။
ဒီ stress တွေကို သက်သာစေဖို့၊ ဘယ်လိုနည်းလမ်းကိုအသုံးပြုကြပါသလဲ?
လူပေါင်း ၁ သိန်းလောက်ကို မေးမြန်းကြည့်ခဲ့ပါတယ်။

စိတ်ဖိစီးမှုခံစားနေရတာဟာ ဂျပန်လူမျိုးတွေချည်းပဲမဟုတ်ပါဘူး။
မေးမြန်းခဲ့တဲ့ရလဒ်အရ စိတ်ဖိစီးမှုဖြေဖျောက်ကြပုံမှာ

1. အိပ်စက်ခြင်း                             39.3%
2. TV ကြည့်ခြင်း                          37.3%
3. အင်တာနက်အသုံးပြုခြင်း                  36.8%
4. အပန်းဖြေအနားယူခြင်း           34%
5. ကော်ဖီသောက်ခြင်း                34%
6. မုန့်အချိုစားခြင်း                               30.7%
7. သီချင်းနားထောင်ခြင်း              26.8%
8. Jogging, လမ်းလျှောက်ခြင်း               26.5%
9. ဘာမှမစဥ်းစားခြင်း                                 25.1%
10. Netflix တွင်ရုပ်ရှင်ကြည့်ခြင်း                  24.5%
11. SNS                                       22.6%
12. အိမ်တွင်ရုပ်ရှင်ကြည့်ခြင်း                   22.5%
13. နေ့ခင်းအိပ်စက်ခြင်း                 21.6%
14. ဖုန်းဆက်စကားပြောခြင်း           20.3%
15. အိမ်သန့်ရှင်းရေးလုပ်ခြင်း           20.1%
16. စာဖတ်ခြင်း                             20.0%
17. အိမ်တွင်အရက်သောက်ခြင်း                18.0%
18. ဂိမ်းဆော့ခြင်း                          17.1%
19. ရေချိုးခြင်း                               17.0%
20. အလုပ်လုပ်ခြင်း                            11.4%

ဒီလိုလုပ်လိုက်တဲ့အခါ စိတ်ဖိစီးမှုတွေသက်သာသွားရတယ်လို့ အဖြေတွေကြားရပါတယ်။
ဒီအဖြေကတော့ အနည်းငယ်ဂျပန်ဆန်နေမလာ?
ကဲ စာဖတ်သူတို့လည်း စိတ်ဖိစီးမှုတွေစုပုံမနေစေဘဲ ကိုရိုနာကိုအကောင်းဆုံးကျော်လွှားနိုင်ဖို့ အပေါ်ကပြောထားတဲ့ နည်းလမ်းလေးတွေကို အခုပဲအသုံးချကြည့်လိုက်နော်……

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: