ဂျပန်နိုင်ငံသို့ဝင်ရောက်ချိန် ယူဆောင်ခွင့်မရှိသည့်ပစ္စည်းများ !!!

ဂျပန်မရောက်ဖြစ်တာတောင်ကြာပြီး ! သို့သော်…

သတိပြုရန်! ယူသွားလိုသည့်လက်ဆောင်ပစ္စည်းသည် ဂျပန်နိုင်ငံသို့ဝင်ရောက်ချိန်တွင် သိမ်းခံရနိုင်သည်။ !?

ကဲ , နောက်ဆုံးတော့ စီးပွားရေးပြန်စတော့မယ်။ စေတနာအပြည့်နဲ့ အမှတ်တရလက်ဆောင်တွေနဲ့ ဂျပန်သွားမယ် !
တစ်စတစ်စထွက်လာတဲ့ကာကွယ်ဆေးသတင်းတွေနဲ့အတူ အချိန်ကြာမြင့်စွာတွန်းလှန်နေရတဲ့ကိုရိုနာအတွက် ချမှတ်ထားတဲ့စည်းမျဉ်းဟာ ပြန်လည်ဖြေလျော့နိုင်လာမယ်လို့ ခန့်မှန်းရပါတယ်။

လက်ရှိအချိန်ထိ ရပ်ဆိုင်းထားရတဲ့စီးပွားရေးဟာ တစ်ပြိုင်တည်းပြန်လည်လည်ပတ်ပြီး၊ နှောင့်နှေးမှုတွေကိုပြန်လည်အမီလိုက်ဖို့၊ ဂျပန် customers တွေဆီ သွားပြီးနှုတ်ဆက်မယ်လို့ စိတ်အားထက်သန်နေသူတို့အတွက်…
ဂျပန်လည်းမရောက်တာကြာပြီဆိုတော့ ပျော်တာပေါ့နော်…

ဂျပန်ရဲ့အရေးကြီးတဲ့ customers တွေအတွက် ထုတ်ပိုးထားတဲ့လက်ဆောင်တွေဟာ ယူသွားလို့ရနိုင်ပါ့မလား နောက်တစ်ကြိမ်ပြန်စစ်ဆေးလိုက်ပါ။

ကယားဝက်အူချောင်း !! အရသာလည်းရှိပြီး အားလုံးလည်းသိကြတယ်။

 

 

ဒီလိုမြန်မာနိုင်ငံမှာသာရနိုင်တဲ့အရသာရှိတဲ့အစားအစာကို သေချာပေါက် ဧည့်သည်တွေကိုလည်းကျွေးချင်တဲ့စိတ်ကို ကောင်းကောင်းနားလည်ပါတယ်။

ဒါပေမဲ့ ခဏစောင့်ပါအုံး…
ပြုပြင်ထားတဲ့ ready made အသားတွေအပါအဝင်၊ ဂျပန်ကိုမည်သည့်အသားမဆို တင်ပို့လို့မရပါဘူး။

ဆိုင်မှာရောင်းနေလို့ ? လေအလုံပိတ်ပြီးထုတ်ပိုးထားလို့? လေဆိပ်မှာတောင်ရောင်းချနေလို့?
လုံးဝမရပါဘူး…

နောက်ပြီး ကိုယ်ကိုတိုင်ချက်ပြုတ်ထားတဲ့ဟင်းပဲဖြစ်ဖြစ်၊ မပြုပြင်ခင်ကအသားစိမ်းပဲဖြစ်ဖြစ် သေချာပေါက်လုံးဝမရပါဘူး။

အဲ? ရှာမတွေ့ရင်ရော OK လား?
လေဆိပ်မှာ အနံ့ခံနိုင်တဲ့ခွေးတွေကိုနေရာချထားပါတယ်။ သူတို့ဟာ လူသားတွေရဲ့ အဆ ၁၀၀၀ မှ ၁၀၀၀၀၀,၀၀၀,၀၀၀ လို့ခေါ်ကြတဲ့ အနံ့ခံအာရုံကိုအသုံးပြုကာ ခရီးဆောင်အိတ်တွေကိုစစ်ဆေးပါတယ်။
လေအလုံပိတ်ထုတ်ပိုးထားလည်း အလွှာပေါင်းများစွာထုတ်ပိုးထားရင်တောင် ဒီအနံ့ခံနိုင်စွမ်းကိုတော့ မဖြတ်ကျော်နိုင်ပါဘူး။
ရှာမတွေ့ဘူးလို့ထင်ပါသလား?

အဲ့ဒါနဲ့အတူ ၃ နှစ်ထက်မပိုတဲ့ထောင်ချခြင်း၊ နောက်ပြီး ယန်း ၃ သန်းနှင့်အောက် (စီးပွားဖြစ်ဆိုရင်တော့ ယန်းသန်း ၅၀နှင့်အောက်) ငွေဒဏ်ပေးခံရနိုင်ချေရှိရင် အဲ့ဒီလိုအကြောင်းတွေပြောနိုင်မလား?
မသိခဲ့ဘူး။ ဒါဆိုမလုပ်ပါနဲ့။

အခုကနေစပြီး စီးပွားရေးလမ်းကြောင်းပြန်ပွင့်လာပြီး၊ တစ်ပြိုင်နက်တည်း ကိုရိုနာကြောင့်ဆုံးရှုံးနစ်နာမှုတွေကို ပြန်လည်ရယူဖို့အတွက်ကြိုးစားနေမယ်ဆိုရင် စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ ဂျပန်ကိုလာကြပါလို့ပြောပြချင်ပါတယ်။

သင့်စီးပွားရေး အမြန်ဆုံးပြန်လည်ထူထောင်နိုင်ပါစေလို့ စိတ်ရင်းမှန်နဲ့ဆန္ဒပြုပါတယ်…

 

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: