Support Center ကိုအလုပ်ပေးလွန်းသူများ ?

ဝယ်လာတဲ့ပစ္စည်းကအလုပ်မလုပ်ဘူး..
အဲ့ဒီအချိန်ဖုန်းဆက်ကြတာက support center ဆီကိုပါ။
ဖုန်းဆက်ဖူးသူတွေရှိပါသလား?

တကယ်ကကျွန်တော်လည်း အသက် ၂၂ နှစ်မပြည့်ခင်တုန်းက Internet service provider မှာ ဖုန်းတာဝန်ခံအလုပ်ကိုလုပ်ခဲ့ပါတယ်။
ဖုန်းဆက်လာတဲ့တစ်ဖက်လူက ဒုက္ခရောက်သူဖြစ်တာကြောင့်၊ တစ်ဝက်လောက်က ဖုန်းကိုင်လိုက်တာနဲ့ ဘာညာဆိုပြီးဆူပူသောင်းကျန်းတော့တယ်။
အင်.. ဒါလည်းပင်ပန်းပေမဲ့ ကျင့်သားရလာတဲ့အခါစိတ်ဝင်စားဖို့ကောင်းတာလည်း တော်တော်လေးရှိလာပါတယ်။

အခုပြောပြမှာကတော့ ပစ္စည်းတွေရောင်းချတဲ့နေရာရဲ့ support center ကို ယူလာတဲ့ပြန်ပြင်ထားတဲ့ပစ္စည်းတွေတဲ့..
ရယ်ရမလား၊ ငိုရမလားမသိတော့ပါဘူး။

 

စည်သွပ်ဗူးအမှတ်နဲ့အဖုံးဖွင့်လိုက်တာလား?

http://karapaia.com/archives/52297243.html

ဘာကိုလုပ်ချင်နေတာလဲ?
လုံလုံလောက်လောက်ကိုဖျက်ဆီးခံလိုက်တဲ့ကွန်ပျူတာ CPU …
စည်သွပ်ဗူးမဟုတ်ပါဘူး.. အဲ့ဒီလိုမဖွင့်ကြပါနဲ့..

 

အားသွင်းမရ

အင် .. ဘာဖြစ်သွားတာလဲ?

 

အင်တာနက်cable မမိဘူးလား?

စိတ်တွေရှည်မနေဘူးနော် …
(အဲ့ဒီလိုတော့မလုပ်ကြပါနဲ့)

 

မော်နီတာ အဖွင့်အပိတ်တွေမကောင်းတော့ဘူးလား?

ကြာခံပစ္စည်းလေးပဲလိုတာပါ..

 

wireless

 

နောက်ဆုံးညစာအဖြစ် ဆန်သိုလှောင်နိုင်တဲ့ smartphone ?

ရေထဲကျသွားရင် ချက်ချင်းဆန်အိုးထဲထည့်ပြီး ရေအခြောက်ခံရမယ်လို့ကြားဖူးမဟုတ်ပါသလား?
ဆန်အိုးထဲထည့်လိုက်ရင်ရေတော့ခြောက်သွားမှာပါ ဒါပေမဲ့ services သမားတွေအတွက်ကတော့ အိပ်မက်ဆိုးကြီးဖြစ်နေမှာပါ။ ..

 

ကားနဲ့ကြိတ်မိသွားရုံလေးမို့ ပြင်ပေးတဲ့ …

အသစ်သာဝယ်လိုက်ပါတော့….

 

အရည်ပျော်သွားတဲ့ဖုန်း

ဖုန်းတဂွမ် ဂွမ် မြည်လို့ အရည်ပဲဖျော်လိုက်လေသလား? မီးဖိုထဲပဲကျသွားသလား?

 

မပြောသေးဘူးကြည့်နေတယ် !!

 

မဖြစ်နိုင်တာတွေကို‌တောင်းဆိုကြသူတွေ နိုင်ငံတိုင်းလိုလိုမှာရှိကြမှာပါ။
Support Center အလုပ်ကခက်ခဲလွန်းလို့ ၃ လကျော်တဲ့အထိဆက်လုပ်နိုင်သူတွေရှားတယ်တဲ့။
ကျွန်တော်ကတော့ ၁ နှစ်အထိ ပျော်ရွှင်စွာနဲ့လုပ်ခဲ့ဖူးပါတယ်။

တစ်ပတ်မှာ ၁ ကြိမ်နှုန်းလောက် Support Center ကိုဖုန်းဆက်နေတဲ့ customers တွေကိုအလွတ်တောင်ရနေပြီး၊ နာမည်လေးတွေကိုတောင်မှတ်ထားလိုက်ပါတယ်။
ထမင်းစားဖို့တောင်ဖိတ်ခေါ်ခံရပါတယ်ခင်ဗျာ…(ရယ်လျက်)
ဒါပေမဲ့ မသွားခဲ့ပါဘူး။
အလုပ်ဆိုတာကတော့ ဘာပဲဖြစ်ဖြစ်အခက်အခဲတော့ရှိမှာပဲ။ ဒါပေမဲ့ အရေးကြီးတာကတော့ မိမိစိတ်ကိုထားတတ်ဖို့ပါပဲ။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: