IT နည်းပညာဖြင့် ဟော့ကိုင်းဒိုး၏နို့ထွက်မွေးမြူရေးလုပ်ငန်းကို ပြောင်းလဲပြီ

ဂျပန်ရဲ့ခရိုင်တွေထဲမှာ အကျယ်ဆုံးနယ်မြေကိုပိုင်ဆိုင်ထားတာကတော့ ဟော့ကိုင်းဒိုးခရိုင်ပဲဖြစ်ပါတယ်။
အလွန်ပေါများတဲ့သဘာဝတရားကြီးရဲ့ဝန်းရံမှုနဲ့အတူ စိုက်ပျိုးရေး၊ မွေးမြူရေး၊ နို့ထွက်မွေးမြူရေးလုပ်ငန်း စသည်တို့ကို အကြီးစားလုပ်ကိုင်နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

 

https://www.smartmagazine.jp/howto/article/15800/

 

‌‌ဟော့ကိုင်းဒိုးလို့ပြောလိုက်တာနဲ့ စာဖတ်သူတို့ ဘာကိုတန်းမြင်မိပါသလဲ?
ဂဏန်း၊ သံပခြုပ်၊ နွားနို့၊ ချိစ့်၊ အားလူး..?
ဂျပန်လူမျိုးတွေကြားထဲမှာလည်း အစားအသောက်ကိုမြင်ယောင်မိသူတွေများတာက ဒါတွေရဲ့စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်နေတယ်ဆိုတဲ့ သက်သေပဲဖြစ်ပါတယ်။

ဂျပန်ရဲ့ ကျွန်းမကြီးမှာတော့ လွင်ပြင်နည်းတာကြောင့် အကြီးစားစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နို့ထွက်မွေးမြူရေးလုပ်ငန်းကို မလုပ်ကိုင်နိုင်ပါဘူး။ ဒါပေမဲ့ ‌ဟော့ကိုင်းဒိုးမှာတော့ ကျယ်ဝန်းတဲ့လွင်ပြင်တွေပေါများတာကြောင့်၊ အခြားသောဒေသများထက်စာရင် အကြီးစားလုပ်ကိုင်နိုင်တဲ့နေရာအဖြစ် အရှေ့ဆုံးမှာရှိနေပါတယ်။
သို့သော် အလုပ်သမားမလုံလောက်မှုပြဿနာနဲ့ရင်ဆိုင်ရပြီး, နောက်ဆုံးမှာတော့ IT ကိုအသုံးချပြီး ကြီးမားတဲ့ပြောင်းလဲမှုကိုခေါ်ဆောင်လာခဲ့ပါတယ်။

ဒီပြောင်းလဲမှုကိုကြည့်ကြရအောင်… ဒီတစ်ကြိမ်ကတော့ နို့ထွက်မွေးမြူရေးလုပ်ငန်းအကြောင်းဖြစ်ပါတယ်။
နွားနို့အများအပြားထုတ်လုပ်တဲ့ Top Farm Co. , Ltd.

 

https://www.frontgate.jp/2642?utm_source=im201201

 

ကျယ်ဝန်းတဲ့မြေနေရာမှာ စပါးကျီပေါင်း ၈၀ ဆောက်ထားပြီး၊ နွားအကောင်ရေ ၁၃၀၀၀ ကိုမွေးမြူထားပါတယ်။
နွားတွေကိုအစာကျွေးမွေးမြူမယ့် အလုပ်သမားအယောက် ၆၀ ရှိပေမဲ့၊ တော်တော်လေးပင်ပန်းတယ်လို့ဆိုပါတယ်။

နွားတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုအတွက် အစာကျွေးရသလို၊ သူတို့အိပ်တဲ့နေရာသန့်ရှင်းရေးကိုလည်း သေသေချာချာလုပ်ရပါတယ်။ ဒီအပြင် နွားပေါက်တွေဟာ ဖျားနာဖို့လွယ်ကူပါတယ်။
နောက်ပြီး အရွယ်ရောက်ပြီးသားနွားတွေကတော့ ခန္ဓကိုယ်လည်းဖွံ့ဖြိုးလာတဲ့အတွက် ၎င်းတို့ခွန်အားနည်းသွားတဲ့အချိန်မှာတော့ ကိုယ်ဘာသာကိုယ်မရပ်နိုင်တော့ဘဲ၊ ဒီအတိုင်းအစာအိမ်အတွင်းက gas တွေစုပုံလာပြီး အဆိုးဆုံးအခြေအနေနဲ့သေဆုံးသွားကြပါတယ်။

အကယ်၍ မွေးဖွားခြင်းမှာလည်းကရုတစိုက်မစစ်ဆေးဘူးဆိုရင် သေဆုံးမှုနှုန်းတိုးလာပြီး၊ နွားအကောင်ရေလည်းတိုးလာတော့မှာမဟုတ်ပါဘူး။ တစ်ဖက်မှာလည်း မကြာခဏနွားတွေကိုစစ်ဆေးပေးဖို့လိုအပ်ပေမဲ့၊ ဒီလိုစစ်ဆေးတာတစ်ခုတည်းကပဲ အကောင်ရေအများကြီးအတွက်လုပ်ရမယ်ဆိုရင်တော့ ခက်ခဲလာတော့မှာဖြစ်ပါတယ်။
ပြဿနာက လူမလုံလောက်တာပါ။

 

 

ဒီနေရာမှာ အစားထိုးရောက်လာတာကတော့ AI နည်းပညာပဲဖြစ်ပါတယ်။
CCTV နဲ့နွားတွေကိုကြည့်ရှုပြီး၊ AI နဲ့ပုံရိပ်ခွဲခြားခြင်းကိုလုပ်ပါတယ်။
ဥပမာ နွားကအရှေ့ခြေနဲ့မြေကြီးကိုကုတ်ခြစ်ပြီး၊ အချိန်ကြာမြင့်စွာလှဲလျောင်းနေမယ်ဆိုရင် ဒါဟာကလေးမွေးခြင်းလက္ခဏာပဲဖြစ်ပါတယ်။
ဒါကို တာဝန်ရှိသူထံအကြောင်းကြားလိုက်မယ်ဆိုရင်တော့ ချက်ချင်းအမြန်ဆုံးဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးစောင့်ရှောက်မှုမှာ လူသားအင်အားကလည်းဆက်လက်လိုအပ်နေပေမဲ့ ကြည့်ရှုမှုပိုင်းကတော့ AI နဲ့ပဲလုပ်ဆောင်တော့တာကြောင့် တာဝန်တွေတော်တော်များများလျော့နည်းသွားပြီး လူသက်သာရတယ်လို့ပြောပါတယ်။

ဒီလိုတစ်ကောင်ချင်းစီ နွားတွေကိုကြည့်ရှုနိုင်တဲ့ကင်မရာတွေ တပ်ဆင်ထားကြပါပြီ။
နွားအကောင်ရေ ၁၃၀၀၀ ရှိမယ်ဆို အလုပ်သမား ၆၀ နဲ့အညီအမျှခွဲဝေတာဝန်ယူရပေမဲ့ ၁ ယောက်ကို အကောင် ၂၀၀ လောက်ကျသွားပါမယ်။
လိုက်ကြည့်နေရင် ပြီးတော့မှမဟုတ်ဘူးနော်..
IT အဖြစ်ပြောင်းလဲလာတဲ့ AI ကိုမိတ်ဆက်ခြင်းရဲ့ရွေးချယ်မှုက သဘာဝကျပါတယ်။
ဒီအပြင် သူတို့ဟာပိုပြီးများတဲ့ sensor တွေအသုံးပြုပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပါတယ်။
နည်းပညာအရ ခန္ဓကိုယ်အပူချိန်ကိုတိုင်းတာရုံသာမက Doppler sensor နဲ့နှလုံးခုန်နှုန်းကိုလည်း တိုင်းတာနိုင်ပါတယ်။

နောက်ပြီးဘာတွေရှိနိုင်လာလဲ?
အလုံးရေအမြောက်အများတပ်ဆင်ထားရတာကြောင့် လစ်ဟာမှုမရှိဘဲကောင်းစွာစီမံခန့်ခွဲနိုင်ဖို့ ဘယ်လောက်အထိလုပ်သင့်လဲဆိုတဲ့ ညှိနှိုင်းမှုလည်းရှိလာပါတယ်.

IT ပြောင်းလဲမှု AI နည်းပညာနဲ့ မွေးမြူရေးလုပ်ငန်းဆိုတာ လုံးဝဆန့်ကျင်ဘက်တွေလိုမြင်ရပေမဲ့၊ လက်တွေ့ပေါင်းစပ်ကြည့်တဲ့အခါမှာတော့ အလွန်ကြီးမားတဲ့အင်အားအရင်းအမြစ်တစ်ခုကိုထုတ်ပေးနိုင်တဲ့ ဥပမာပဲဖြစ်ပါတယ်။

ဒါဟာ နို့ထွက်မွေးမြူရေးလုပ်ငန်းအတွက်ပဲမဟုတ်ပါဘူး။
မွေးမြူရေးလုပ်ငန်းတွေမှာလည်း ဤကဲ့သို့ပဲမွေးမြူရေးအခြေအနေကိုစီမံကွပ်ကဲဖို့လိုအပ်သလို၊ စိုက်ပျိုးရေးမှာဆို Drone နဲ့ အပင်များရဲ့ကြီးထွားမှု၊ အတားအဆီးအဟန့်အတားများဖြစ်ပေါ်မှု စတာတွေကိုစစ်ဆေးနိုင်လာပါတယ်။
ပင်လယ်ထဲမှာလည်း sensor ဖြင့်ရေအပူချိန်ပြောင်းလဲမှုကနေ ငါးတွေရဲ့လှုပ်ရှားမှုအခြေအနေကို စစ်ဆေးနိုင်မယ်ဆိုရင် ငါးဖမ်းလုပ်ငန်းအတွက်လည်း အသုံးဝင်နိုင်ပါတယ်။

IT နည်းပညာကိုပြောင်းလဲလာတယ်ဆိုတာက ယခင်ကတော့ကန့်သတ်ထားတဲ့နယ်ပယ်လောက်အတွက်ပဲအကျိုးပေးနိုင်ခဲ့ပေမဲ့ လက်ရှိမှာတော့ လူသားအားလုံးအတွက် အသုံးဝင်မယ့်နည်းပညာအဖြစ်သို့တိုးတက်လာဖို့ ကြိုးစားနေကြပါတယ်။
မြန်မာမှာလည်း ဒီလိုနည်းပညာတွေတိုးတက်ဖွံ့ဖြိုးလာပြီး၊ ဒီနယ်ပယ်မှာလုပ်နေရသူတွေရဲ့ ပင်ပန်းမှုတွေကို အနည်းငယ်ဖြစ်ဖြစ်လျော့ချပေးနိုင်မယ်ဆို ဝမ်းသာစရာတစ်ခုပဲလို့ တွေးမိပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: