ရေပူစမ်းကို Delivery နဲ့အိမ်အရောက်ပို့ဆောင်ပေးပြီ !!!

ကိုရိုနာသက်ရောက်ကြောင့်စားသောက်ဆိုင်တွေဟာ ကြီးမားစွာပုံစံ ၂ မျိုးအဖြစ်ကွဲပြားသွားပါတယ်။
ဆိုင်လာစားတဲ့ဧည့်သည်တွေအကြီးအကျယ်ကျဆင်းတဲ့အထဲမှာ လုပ်ငန်းခေတ္တရပ်ဆိုင်းထားရခြင်း၊ စီးပွားပျက်သွားခြင်း စတဲ့ဆိုင်တွေလည်းရှိသလို Delivery ကိုအဓိကထားလှုပ်ရှားတဲ့ဆိုင်လည်းရှိပါတယ်။…

မြန်မာမှာတော့ ဘာပဲဖြစ်ဖြစ် Delivery ကပုံမှန်လှုပ်ရှားနေပေမဲ့၊ ဂျပန်မှာတော့ ကိုရိုနာရဲ့သက်ရောက်မှုကြောင့် တစ်ချိန်တည်းမှာပဲ Delivery လုပ်ငန်းဟာ အားကောင်းလာခဲ့ပါတယ်။
အမျိုးမျိုးသောအရာတွေကို Delivery ပို့ပေးတဲ့ကုမ္ပဏီတွေလည်း ပေါ်လာခဲ့ပါတယ်။
ဥပမာ မျက်မှန် Delivery..

 

https://gurasan.co.jp/user_data/aboutus.php

 

5km အတွင်းဆိုအခမဲ့ဖြစ်ပြီး မျက်စိလာရောက်အစမ်းသပ်ခံမှုနဲ့အတူ လိုအပ်တာတွေလုပ်ပြီးရင်တော့ Delivery နဲ့ပို့ပေးတယ် ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။
ဒါဟာလည်း ကောင်းတာပဲလို့တွေးမိပေမဲ့၊ ဒီတစ်ကြိမ်မိတ်ဆက်ပေးမှာကတော့ နောက်ထပ်မတူညီတဲ့ပုံစံမျိုးပါ…

အဲ့ဒါကတော့ ရေပူစမ်းကို Delivery နဲ့ပို့ပေးခြင်းတဲ့…

https://www.hgp.co.jp/hakone/plan/dayuse/

ရေပူစမ်းမှာထည့်ရတဲ့ powder အမှုန့်တွေကို Delivery နဲ့ပို့ပေးမယ်လို့ပြောချင်တာလား?
အဲ့ဒီလိုမဟုတ်ပါဘူး။ တကယ့်အစစ် ရေပူစမ်းကိုပို့ပေးမှာဖြစ်ပါတယ်။

https://sotokoto-online.jp/3442

 

10km အတွင်းဆိုရင် ယန်း ၂၀၀၀ လို့သတ်မှတ်ထားပြီး အဲ့ဒီထက်ကျော်ရင်တော့ ပို့ခများလာမှာဖြစ်ပါတယ်။
လက်တွေ့မှာကြည့်လိုက်တဲ့အခါ…..

 

 

ရေပူစမ်းက truck ကိုစီးပြီးရောက်လာတယ်။
ပိုက်ကို ရေချိုးကန်ထဲထိထည့်ပြီး….

 

 

တကယ့်အစစ်ရေပူစမ်းက ဒီအတိုင်းအိမ်ထဲကိုရောက်လာခဲ့ပါပြီ။
ရေပူစမ်းရဲ့ထူးခြားတဲ့အနံ့ကလည်းသင်းနေပြီး အပူချိန်ကလည်း ၄၇ ဒီဂရီ… ပူနေတာတော့ဟုတ်ပေမဲ့..ဒီထက်တော့အပူမတိုးလာတော့ဘဲ သဘာဝအနွေးဓါတ်အတိုင်းပို့ဆောင်ပေးပါတယ်။

 

 

ရေချိုးကန်အပြည့်ထိထည့်ပေးပြီးတဲ့အပြင် ရေမျက်နှာပြင်ကိုအပူကာပစ္စည်းနဲ့ ပြန်ဖုံးလွှမ်းပေးခဲ့ပါတယ်။
နေ့လည် ၁ နာရီကပို့ခဲ့တဲ့ရေပူစမ်းဟာ ည ၉ နာရီရောက်သွားတဲ့အချိန်မှာ အပူချိန်က ၄၂ ဒီဂရီအောက်မလျော့ဘဲကျန်နေပါသေးတယ်…
ပြန်ပြီး‌အပူဓါတ်ပေးဖို့တောင် လုံးဝမလိုအပ်ပါဘူး…

လှပတဲ့ရှုခင်းနဲ့ ရေချိုးကန်ကျယ်ကြီးမရှိပေမဲ့ အကောင်းဘက်ကနေပြန်ကြည့်ရင်တော့ ဈေးသက်သာတဲ့ရေပူစမ်းကို ပျော်ရွှင်ခံစားနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။
ဂျပန်ဆောင်းရာသီဟာအေးပေမဲ့၊ ရေပူစမ်းဟာလူ့ခန္ဓာကိုယ်ကို ရင်ထဲအသဲထဲအထိပါနွေးထွေးမှုပေးတာကြောင့် ရေချိုးကန်ထဲကထွက်သွားလည်း ဆက်လက်နွေးနေသလို အသားအရေလှပမှုအတွက်လည်း အကျိုးရှိစေပါတယ်။

ကိုရိုနာကြောင့် ပင်ပန်းနေတဲ့စိတ်နဲ့ခန္ဓာကိုယ်ကိုကုသဖို့ ရေပူစမ်း Delivery နဲ့အပြည့်အဝပျော်ရွှင်လိုက်ပါ။
ခေတ်သစ်ရဲ့ စံနှုန်းများဖြစ်လာပြီလား?
ရေပူစမ်းလုပ်ငန်းဆက်ပြီးရှင်သန်ရမယ့်စိန်ခေါ်မှုကို အစပြုလိုက်သလိုပါပဲ….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: