နှစ် ၇၀ မတိုင်ခင်ကတည်းကရှိခဲ့တဲ့ ဘူတာကို စိတ္တဇဆန်တဲ့အနုပညာအဖြစ် ပြောင်းလဲလိုက်တဲ့အခါ

https://www.spoon-tamago.com/wp-content/uploads/2020/08/goma-inakadate-station-1-638×435.jpg

 

Aomori စီရင်စုရဲ့မြောက်ဘက်အခြမ်းမှာရှိတဲ့ Inakadate ကျေးရွာရှိ လွန်ခဲ့သောနှစ် ၇၀ ပတ်ဝန်းကျင်ကတည်းကရှိခဲ့တဲ့ ဘူတာဟောင်းကနေ လက်ရှိလုံးဝမျှော်လင့်မထားတဲ့အသွင်အပြင်အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။ Goma လို့အမည်ရတဲ့ ထိုကျေးလက်ရှိပန်းချီပညာရှင်တစ်ယောက်ဟာ အတွင်းပိုင်းကိုပန်းချီလက်ရာတွေနဲ့သရုပ်ဖော်ဖို့ စေခိုင်းခြင်းခံခဲ့ရပါတယ်။
အောက်ခြေနံရံတွေကနေ မျက်နှာကျက်အထိ၊ နောက်ပြီးအမှိုက်ပုံး၊ စတာတွေကို စွဲငြိဖွယ်အနုပညာလက်ရာအဖြစ်ပြောင်းလဲ လိုက်ပါတယ်။

https://www.spoon-tamago.com/wp-content/uploads/2020/08/goma-inakadate-station-653×435.jpg

 

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ Goma ဟာသိပ်သည်းပြီး စိတ္တဇဆန်တဲ့ပန်းချီတွေဆွဲရာမှာ အထူးကျွမ်းကျင်သူတစ်ဦးဖြစ်ကာ၊ ယခုမြင်တွေ့နေရတဲ့ပုံကတော့ Inakadate ဘူတာရဲ့အတွင်းပိုင်းကိုဆွဲထားတဲ့ သူ့ရဲ့အနုပညာလက်ရာပဲဖြစ်ပါတယ်။

 

https://www.spoon-tamago.com/wp-content/uploads/2020/08/goma-inakadate-station-2.jpg

‌ဟောင်းနွမ်းအိုမင်းနေပြီး နှစ် ၇၀ တိုင်ရှိနေတဲ့ဘူတာရုံဟောင်းဟာ ပြန်နှိုးထဖို့လိုအပ်နေပြီဖြစ်ရာ၊ Goma ဟာသူ့ရဲ့ စိတ္တဇအနုပညာလက်ရာအတွက် ဒီဘူတာကိုအပ်နှံခြင်းခံရပါတယ်။ အစကတော့ သူ့ရဲ့ပန်းချီအချို့ကိုပဲချိတ်ဆွဲဖို့စဥ်းစားခဲ့ပေမဲ့ နောက်ပိုင်းမှာ ဒေသဆိုင်ရာတာဝန်ရှိသူတွေကို ပိုပြီးမှော်ဆန်တဲ့အနုပညာတွေဖန်တီးဖို့ ခွင့်တောင်းခဲ့ပါတယ်။

 

https://www.spoon-tamago.com/wp-content/uploads/2020/08/goma-inakadate-station-4.jpg

 

Inakadate ရွာကတော့ နှစ်တိုင်းပဲခရီးသွားများစွာကိုဆွဲဆောင်တဲ့ rice paddy art တွေကြောင့်နာမည်ကြီးပြီး၊ ဖန်တီးလေ့ကျင့်မှုလည်း ကောင်းတဲ့ရွာတစ်ရွာဖြစ်ပါတယ်။
Inakadate ဘူတာဆိုတာကလည်း rice paddy art တွေရှိတဲ့နေရာနဲ့သိပ်မဝေးပါဘူး။ ဒါကြောင့် သွားလည်ကြည့်မယ်ဆိုရင် သေချာပေါက်တွေ့ရမှာ ဖြစ်ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: