ခြင်္သေ့တစ်ကောင် ယန်း ၁၀ သောင်းသာပေးရတဲ့ ဂျပန်တိရစ္ဆာန်ရုံရဲ့အမှောင်ဘက်အခြမ်း !!

Earth လို့ခေါ်တဲ့ အရွယ်မရောက်သေးတဲ့ခြင်္သေ့လေးဟာ Hiroshima မြို့ Asa Zoological Park မှာ တောဘုရင်ကဲ့သို့ကြီးပြင်းခဲ့ရပြီး လာရောက်လည်ပတ်သူတို့ရဲ့ အချစ်ကိုရရှိခဲ့သူလည်းဖြစ်ပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ ဂျပန်တိရစ္ဆာန်ရုံရှိ တိရစ္ဆာန်တို့ရဲ့အဆင့်သတ်မှတ်ထားမှုမှာ ခြင်္သေ့ဆိုတာ အဆင့်နိမ့်နေပါတယ်။

http://www.asahi.com/ajw/articles/photo/35238274

 

Earth ကို ၂၀၁၈ ခုနှစ်ဆောင်းဦးမှာမွေးဖွားခဲ့ပြီး ထိုအချိန်မှာပဲ တိရစ္ဆာန်ရုံမှာ အခြားသောခြင်္သေ့ငယ် ၂ ကောင်လည်းရှိနေပြီဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ခြင်္သေ့လေး ၃ ကောင်ဟာတစ်ချိန်တည်းကြီးပြင်းခဲ့ပြီး လည်ပတ်သူတို့ကြားမှာလည်း ရေပန်းစားခဲ့ပါတယ်။
ဒါပေမဲ့ Earth အသက် ၁ နှစ်ခွဲအရွယ်ရောက်လာတဲ့ မတ်လ ၃၁ ရက်နေ့မှာတော့ ကုန်တင်ကားနဲ့တင်ဆောင်ပြီး ၅၀၀ ကီလိုမီတာဝေးတဲ့ Aichi ခရိုင် Toyohashi မြို့က တိရစ္ဆာန်ရုံနှင့်ရုက္ခဗေဒပန်းခြံကိုပြောင်း‌ရွေ့လိုက်ကြပါတယ်။

သူထွက်ခွာချိန်မှာ Earth ဟာ Hiroshima ခရိုင်ရဲ့တိရစ္ဆာန်ဥယျာဥ်မှာ တစ်ကောင်တည်းကျန်ကြွင်းတော့တဲ့ ခြင်္သေ့ငယ်ပါ။ အခြားသောခြင်္သေ့ငယ်တွေဟာလည်း Earth ကဲ့သို့ပဲအခြားသောတိရစ္ဆာန်ရုံတွေသို့ပြောင်းရွေ့ကုန်ပါပြီ။ ခြင်္သေ့ငယ်ဟာ လည်ဆံမွေးတောင် မပေါက်သေးပါဘူး။

Shizuoka ခရိုင်က Rep Japan ကုမ္ပဏီကိုတည်ထောင်ထားတဲ့ တိရစ္ဆာန်ရောင်းဝယ်သူ Tsuyoshi Shirawa ဆိုသူက သူတို့မှာခြင်္သေ့များစွာရှိတယ်လို့ပြောပါတယ်။
ခြင်္သေ့အမြောက်အများကျန်ရစ်တယ်လို့ Shirawa ဆိုသူကဆက်ပြောပါတယ်။
“ အကယ်၍ ခင်ဗျားခြင်္သေ့မွေးချင်တယ်ဆို လူတွေခင်ဗျားကိုအလကားတောင်ပေးလိမ့်မယ်” “ အကယ်၍အလကားမဟုတ်ဘူးဆိုရင်တောင် ခင်ဗျား ယန်း 200,000 yen ($1,900) လောက်ပဲပေးရမယ်” လို့ပြောပါတယ်။ ဒီဈေးဟာတကယ်တော့ ကြောင်တစ်ကောင်ရဲ့တန်ဖိုးထက်ကို ဈေးပေါနေပါတယ်။

 

http://www.asahi.com/ajw/articles/photo/35238274

 

မွေးမြူရေးကနေ စွန့်ပစ်‌ရေး
Asahi Shimbun သတင်းဌာရဲ့မေးမြန်းချက်အရသိရတာဟာ ၂၀၁၄ ခုနှစ်ကနေ ၅ နှစ်အတွင်း တစ်နိုင်ငံလုံးရှိအများပိုင်တိရစ္ဆာန်ရုံတွေကနေ ခြင်္သေ့ ၁၄ ကောင်ကိုတင်ပို့ပြီး၊ သူတို့ထဲက ၁၁ ကောင်ကို အခမဲ့လက်ဆောင်ပေးလိုက်တယ်လို့သိရပါတယ်။

Kumamoto စီရင်စုရဲ့ မြို့တော်၊ သတ္တဗေဒနှင့်ရုက္ခဗေဒဥယျာဉ်များရှိတဲ့ Kumamoto မြို့ဟာ ၂၀၁၅ ခုနှစ်က ပုဂ္ဂလိကပိုင်တိရစ္ဆာန်ရုံကနေ ခြင်္သေ့အထီးတစ်ကောင်ကို ယန်း ၁၀ သောင်းနဲ့ ဝယ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ယန်း ၁၀ သောင်းပါ။
ရောင်းဝယ်ခြင်းမှာ ညှိနှိုင်းမှုတောင်မလိုအပ်ခဲ့ပါဘူး။

တိုကျိုမြို့ပြအစိုးရရဲ့ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ ခြင်္သေ့တစ်ကောင်ရဲ့တန်ဖိုးဟာ ယန်း ၁၀ သောင်းဖြစ်ပါတယ်။
ဒါပေမဲ့ အိမ်မွေးတိရစ္ဆာန်ရောင်းတဲ့ဆိုင်ရှိ ကြောင်တစ်ကောင်တန်ဖိုးကတော့ ယန်းသောင်း ၂၀ ၊ သောင်း ၄၀ ရှိနေပါတယ်။ သူတို့ ၂ ခုကိုယှဥ်ကြည့်ရင် မေးခွန်းထုတ်စရာတွေရှိလာတယ်။ ဘာကြောင့်ခြင်္သေ့ဈေးကနိမ့်ရသလဲ?

Shirawa စံက “ ခြင်္သေ့တွေဟာ လျင်မြန်စွာပေါက်ဖွားကြတယ်။ ခြင်္သေ့အမဟာ တစ်ကြိမ်ကိုကလေး ၃ ကောင်မွေးနိုင်တယ်။ နောက်ပြီး အရွယ်မရောက်သေးတဲ့ ခြင်္သေ့သားပေါက်တွေဟာ လည်ပတ်သူတို့ကိုပျော်ရွှင်စေလို့ တိရစ္ဆာန်ရုံအများစုကလည်း သားပေါက်တွေကိုသာ ကျွေးမွေးဖို့သဘောကျကြတယ်” လို့ပြောပါတယ်။
သို့သော် အရွယ်ရောက်လာတဲ့အခါမှာတော့ မိတ်လိုက်မှုတွေ၊ တိုက်ခိုက်မှုတွေကြောင့် တိရစ္ဆာန်ရုံဘက်က risk တွေပိုများလာပါတယ်။

အင်အားတွေနဲ့ပြည့်စုံပြီး မာန်ဖီလာတတ်တဲ့ခြင်္သေ့တွေအတွက်တော့ သူတို့နေထိုင်ဖို့နဲ့ကျက်စားဖို့ ကျယ်ဝန်းတဲ့ဧရိယာလိုအပ်လာပါတယ်။
Hiroshima မြို့သတ္တဗေဒဥယျာဥ် ရဲ့တာဝန်ရှိသူTeruaki Takeuchi ဆိုသူက “ ခြင်္သေ့ဟာ ကြောင်မျိုးနွယ်အကြီးစားဖြစ်တယ်။ သူတို့ကြီးလာတဲ့အခါ၊ ကျွန်တော်တို့ သူတို့ကိုသွားခွင့်ပေးရမယ်” လို့ ပြောပါတယ်။
ဒီအတွက်ကြောင့်ပဲ တိရစ္ဆာန်ရုံကနေ Earth ကိုနှုတ်ဆက်ထွက်ခွာစေခဲ့ခြင်းဖြစ်တယ်လို့ ဆက်ပြောပါတယ်။

“ ခြင်္သေ့တွေကိုကြာကြာထားရင် ဘာဆက်ဖြစ်မလဲမသိနိုင်ဘူး။ ကျွန်တော်တို့ (Earth) အတွက်နေစရာနေရာအသစ်ရှာပြီးတာနဲ့ တိရစ္ဆာန်ရုံကနေထုတ်မှာပါ။ သူ့အတွက်ပေးဖို့လည်းမလိုအပ်ဘူး”

ဂျပန်နိုင်ငံအနှံ့မှာရှိတဲ့တိရစ္ဆာန်ရုံတွေကနေ နေ့တိုင်းလိုလိုအကောင်ရေအသစ်တွေမွေးဖွားနေပေမဲ့ သူတို့ရဲ့ပျော်ရွှင်ခြင်းခရီးစဥ်ကမတည်မြဲပါဘူး။
သူတို့အကောင်ကြီးလာတယ်၊ အရွယ်ရောက်လာတယ်။ ဒီအချိန်မှာတိရစ္ဆာန်ရုံက သူတို့ကိုလာခေါ်ယူမွေးစားမယ့် ပိုင်ရှင်အသစ်ကိုရှာပါတော့တယ်။ ဒီလိုတိရစ္ဆာန်ရုံစီးပွားရေးလောကမှာ ဒီလိုအကောင်တွေကို “ ကျန်ရစ်ခဲ့သူတွေ” လို့သိကြပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: