ဘတ်စ်နဲ့တက္ကစီတွေမှာ ဗိုင်းရပ်စ်ကာကွယ်တားဆီးရေးအတွက် ဂျပန်အစိုးရကတစ်ဝက်ထောက်ပံ့မည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသုံးပြုသူတွေနည်းလာတဲ့တက္ကစီနဲ့ဘတ်စ်တွေအတွက် ဗိုင်းရပ်စ်ကိုသတ်ပေးတဲ့ filter ကိုတပ်ဆင်ဖို့လိုအပ်ငွေကို အစိုးရကထောက်ပံ့ပေးဖို့ကြည့်ရှုနေတယ်လို့ သိရတယ်။
ဒါနဲ့ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက လာမယ့်နှစ် တိုကျိုအိုလံပစ်နဲ့စီးပွားရေးလုပ်ငန်းစတာတွေမှာ လုံခြုံစိတ်ချစွာတက္ကစီနဲ့ဘတ်စ်တွေကို အသုံးပြုနိုင်ဖို့၊ ယာဥ်အတွင်းဗိုင်းရပ်စ်သတ်ပေးတဲ့ အဆင့်မြင့် filter နဲ့ လေသန့်စင်ပေးတဲ့မော်နီတာ တပ်ဆင်မှုအတွက် အစိုးရကထောက်ပံ့ဖို့စဥ်းစားပေးနေတယ် လို့ပြောပါတယ်။

https://www.fnn.jp/articles/-/106688

တပ်ဆင်မှုကုန်ကြစရိတ်က ယန်း ၁၀ သောင်းကျမှာဖြစ်လို့၊ အစိုးရကတစ်ဝက်ကိုထောက်ပံ့ပေးမယ်လို့ စီစဥ်ထားပါတယ်။
ဂျပန်ပို့ဆောင်ဆက်သွယ်ရေး Shingo Tsuchiya ဆိုသူက “ ခရီးသည်တွေကို mask တပ်ဖို့သတိပေးရင်း ဒီလိုပုံစံနဲ့စိတ်ချလက်ချ စီးနှင်းနိုင်တဲ့ပို့ဆောင်ဆက်သွယ်ရေးမျိုး ဖြစ်ချင်ပါတယ်” လို့ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး အစိုးရဘက်က ဗိုင်းရပ်စ်ကြောင့်အသုံးပြုသူနည်းသွားရတဲ့ တက္ကစီနဲ့ဘတ်စ်တွေအတွက်၊ ဒီလုပ်ငန်းပြန်လည်ရပ်တည်နိုင်ဖို့ရည်ရွယ်ကြောင်းသိရပါတယ်။
source:FNN

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: