Johnny & Associates မှ J Storm YouTube Channel ကိုစတင်မိတ်ဆက်လိုက်ပြီ။

Johnny’s လို့လူသိများတဲ့ Johnny & Associates ဆိုတာကတော့ လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်ကတည်းက Johnny Kitagawa မှ စတင် တည်ထောင်ခဲ့တဲ့ ဖျော်ဖြေရေးအေဂျင်စီတစ်ခုဖြစ်ပါတယ်။ အာရှမှာဆိုရင် ကနဦး Idol Groups ဖျော်ဖြေ‌ရေး လုပ်ငန်းများ စတင်ဖြစ်ပေါ်စေခဲ့တဲ့ အေဂျင်စီတစ်ခုဆိုရင်လည်းမမှားပါဘူး။

Johnny & Associates ဟာဆိုရင်ဖြင့် ၂၁ ရာစုအထိဆက်လက်တိုးတက်နေဆဲဖြစ်တဲ့ ဖျော်ဖြေရေး အေဂျင်စီတစ်ခုဖြစ်ပြီး ယခုအခါမှာတော့ ထိုကုမ္ပဏီမှ YouTube Channel အသစ်ဖြစ်တဲ့ J Storm , Johnny’s Entertainment Record, INFINITY RECODRS Official YouTube Channel ကိုဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
Johnny & Associates ဖျော်ဖြေရေး ကုမ္ပဏီ ကိုတော့ Johnny’s လို့လူသိများပြီး ဒီဖျော်ဖြေရေးအေဂျင်စီရဲ့ အထူးခြားဆုံးအချက်ကတော့ ယောကျ်ားကလေးများသာ trainee အဖြစ်လေ့ကျင့်သင်ကြားပေးကာ ထိုမှတစ်ဆင့် ကမ္ဘာကျော်အမျိုးသား Idol groups များကို မွေးထုတ်ပေးတာဖြစ်ပါတယ်။

https://aramajapan.com/wp-content/uploads/2020/11/aramajapan.com-johnny-associates-launches-j-storm-youtube-channel-johnny-associates-launches-j-storm-youtube-channel.png

https://aramajapan.com/wp-content/uploads/2020/11/aramajapan.com-johnny-associates-launches-j-storm-youtube-channel-johnny-associates-launches-j-storm-youtube-channel.png

ထိုဖျော်ဖြေရေးအေဂျင်စီမှ ထုတ်လုပ်တဲ့ သီချင်းများနှင့် ဖျော်ဖြေမှုများကို Youtube တွင်ကြည့်ရှုဖို့ဆိုတာအင်မတန်ခက်ခဲပြီး Copyrightကိုလည်း အင်မတန်ကြောက်ရပါတယ်။ နှစ်ကာလကြာ ထိုဖျော်ဖြေရေးအေဂျင်စီမှ Idol groups များကိုအားပေးနေတဲ့ အင်တာနေရှင်နယ်ပရိတ်သတ်များအတွက်တော့ သတင်းကောင်းတစ်ခုပါပဲ။J Storm လက်အောက်တွင်ရှိတဲ့ ဗီဒီယိုများအပြင်၊ Johnny’s ရဲ့ဖျော်ဖြေရေးမှတ်တမ်းနှင့် Liveဗွီဒီယိုများလည်းပါဝင်ပါတယ်။

ဒီဗီဒီယိုတွေမှာကတော့ Music Video တွေအပြင် အသစ်ထွက်တဲ့ Music Video တွေလည်းပါပါတယ်။
KinKi Kids, Kanjani8, Hey! Say! JUMP, Johnny’s WEST, Arashi, KAT-TUN စတဲ့ Idol Groups တွေရဲ့ Music Videos များဖြင့်စတင်ကာ J strom YouTube Channel ကို စတင်ဖွင့်လှစ်လိုက်ပြီးဖြစ်ပါတယ်။
ဒါကြောင့် မကြည့်ရသေးသူတွေ အတွက် သတင်းကောင်းပါးလိုက်ပါတယ်နော်။ Johnny’s ရဲ့ ဖျော်ဖြေမှုတွေကို ကြိုက်တဲ့သူဆိုရင်တော့ Subscribe လုပ်ဖို့မမေ့နဲ့နော်။ နောက်ထပ်ဘယ်လို Official Music Videos တွေတင်ပေးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုအားပေးလိုက်ရအောင် Johnny’s Otaku တို့ရေ။
အောက်မှာ တိုက်ရိုက်ကြည့်ရှုနိုင်အောင် Link ပေးထားပါတယ်‌နော်။

Hey! Say! JUMP

 

Johnny’s WEST

 

Ei Mon

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: