Corona ကာလမှာပြောင်းလဲလာတဲ့ ယာကူဇာတို့ရဲ့ပိုက်ဆံရှာနည်း ?

တစ်ကမ္ဘာလုံးဆိုင်ရာ Corona ကပ်ရောဂါဟာ လူ့အဖွဲ့အစည်းရဲ့ပုံစံကိုကြီးမားစွာပြောင်းလဲပစ်လိုက်ပါတယ်။
များသောအားဖြင့် work from home လုပ်ကြပြီး ယခင်ဝန်ထမ်းတွေနဲ့ရှုပ်ယှက်ခပ်နေတဲ့ ကုမ္ပဏီအဆောက်အအုံတွေကလည်း ယခုအချိန်လစ်ဟာနေပါတယ်။
စားသောက်ဆိုင်အတွင်းဘက်မှာ လူစုလူဝေးရှောင်ဖို့ရန်အတွက် ဆိုင်လာတဲ့လူတွေနည်းသွားတဲ့အစား delivery နဲ့ပို့တာတွေပိုလို့တောင်များလာပါတယ်။

လူ့အဖွဲ့အစည်းတစ်ခုလုံးကိုကြည့်ရင် အနုတ်ဘက်ကိုပိုသွားနေပေမဲ့၊ ထိုအထဲမှာ အခြေနေကောင်းကောင်းနဲ့အမြတ်အစွန်းတွေပိုတိုးလာသူတွေရှိနေပါတယ်။
ဒါကြောင့် အခုကနေစပြီး ကျွန်တော်တို့ဝန်ထမ်းအားလုံးလည်း လုံးဝမလုပ်ဖူးသေးတဲ့ပုံစံအသစ် စီးပွားရေးအခွင့်အလမ်းတွေကိုရှာဖွေဖို့လိုအပ်လာတဲ့ အရေးကြီးတဲ့အချိန်ပဲလို့မြင်မိပါတယ်။

https://gunosy.com/articles/e7Sz8?s=s

ထိုအထဲမှာ ယာကူဇာတို့ရဲ့လောကဟာလည်း အတူတူပါပဲ။
သူတို့မှာ လုပ်ငန်းအမျိုးမျိုးရှိပေမဲ့၊ အဲ့ဒီအထဲမှာ ပြည်တန်ဆာလုပ်ငန်း၊ ငွေချေးလုပ်ငန်း၊ လိမ်လည်မှု စတဲ့လုပ်ငန်းတွေကပိုများပါတယ်။
နောက်ပြီး ဒီလုပ်ငန်းတွေကလည်း လူစုလူဝေးသဘောမျိုးဖြစ်တာကြောင့် ကိုရိုနာရဲ့ကူးစက်ကာကွယ်စီမံမှုတွေအတွက် စဥ်းစားဖို့လိုအပ်လာပါတယ်။

ပြည့်တန်ဆာလုပ်ငန်းမှာ ဖောက်သည်နဲ့ဝန်ထမ်းဟာ တစ်ဦးနဲ့တစ်ဦးနီးကပ်စွာဆက်သွယ်ရတယ်။ ဒီအတွက် ဝယ်လိုအားသိသိသာသာကျဆင်းလာပြီး ဒီလုပ်ငန်းကိုပဲအဓိကအားကိုးဖို့ အခြေနေမဟန်တော့ပါဘူး။

နောက်ထပ်လုပ်ငန်းဖြစ်တဲ့ လိမ်လည်မှု။
လက်တလောများတာက လူမှုကွန်ယက်ကနေလိမ်လည်ကြခြင်းပါ။
သက်ကြီးသူတွေဆီဖုန်းဆက်ပြီး၊ “ အမေ၊ ကျွန်တော် ကျွန်တော်ပါ” လို့ သားဟန်ဆောင်ပြီး ဖုန်းဆက်တယ်။
ဒုက္ခရောက်နေလို့ဆိုပြီး လိမ်ပြီးငွေတောင်းတယ်။

ဒါကလည်း လျှို့ဝှက်အခန်းတစ်ခန်းထဲမှာ လူအများနဲ့တိတ်တဆိတ်လုပ်နေတာကြောင့် ကိုရိုနာအတွက် စိုးရိမ်စရာပါ။
Work from home လုပ်လိုက်မယ်ဆိုရင်တောင် ၊ ဖုန်းနဲ့စကားပြောနေတဲ့အသံတွေကို ပတ်ဝန်းကျင်ကကြားသွားလို့ မဖြစ်ပါဘူး။
ဒါကြောင့်သူတို့ရဲ့ဗျူဟာက၊ ဖုန်းသုံးဖို့မလိုတော့တဲ့ပစ်မှတ်ကိုရှာလာကြရင်း၊ အွန်လိုင်း ကာစီနိုနဲ့ အင်တာနက်ပေါ်က လိမ်လည်တဲ့နည်းဘက်ကိုပြောင်းလာကြပါတယ်။

ဒါနဲ့အတူများလာတာက အဆက်မပြတ်အကျိုးခံစားခွင့်ငွေလိမ်လည်မှု
ကိုရိုနာကြောင့် ယခင်နှစ်တွေနဲ့ယှဥ်ရင် ရောင်းအား 50% အောက်ကျသွားတဲ့ကုမ္ပဏီတွေအတွက် အစိုးရကအများဆုံး ယန်းသောင်း ၂၀၀ ထောက်ပံ့မှု၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းသမားတွေကို ယန်းသောင်း ၁၀၀ ထောက်ပံ့ငွေပေးတဲ့ စနစ်ရှိပါတယ်။
ဒီစနစ်ကိုအသုံးချပြီး ယာကူဇာတွေဟာ စက္ကူကုမ္ပဏီအဖြစ်တို့၊ ငွေချေးခြင်းဖြင့်ကူညီပေးတဲ့ အလယ်အလတ်စားကုမ္ပဏီတွေအဖြစ် အစိုးရထောက်ပံ့ကြေးကနေ ငွေလိမ်ယူနေကြပါတယ်။

ဒါပေမဲ့လူငယ်တွေက ဒီအလုပ်ကိုမလုပ်ပါဘူး။
သူတို့လုပ်နေတာက ခေတ္တရပ်ဆိုင်းထားတဲ့ဆိုင်ကိုခိုးခြင်းပါ။
ထိုကဲ့သို့ဆိုင်တွေကနေ ခိုးခဲ့တဲ့ပစ္စည်းတွေကို အင်တာနက်မှာပြန်လည်ရောင်းချခြင်းက တွင်ကျယ်လာခဲ့ပါတယ်။

Corona ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကိုစောင့်နေမယ့်အစား ဘယ်လိုအတူနေထိုင်သွားမလဲဆိုတာကို စဥ်းစားဖို့လိုအပ်လာပါတယ်။ ဒါနဲ့လိုက်ပြီး လူ့အဖွဲ့အစည်းကလည်းကြီးမားစွာပြောင်းလဲလာတယ်။
ဗိုင်းရပ်စ်ကတော့ ဘယ်သူ့ကိုမှမျက်နှာမလိုက်ပါဘူး။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: