ဂျပန်ရှိလူကုန်ကူးခြင်းရဲ့ သရုပ်မှန် (သို့မဟုတ်) ပြည့်တန်ဆာလုပ်ငန်းတည်ရှိရာကျွန်း

စာဖတ်သူတို့အားလုံး ဂျပန်ရဲ့လုံခြုံရေးကိုဘယ်လိုထင်ပါသလဲ?
အေးချမ်းသာယာပြီး လုံခြုံစိတ်ချရတဲ့တိုင်းပြည်လို့ထင်ကြသလိုပဲ တကယ်ရောလုံခြုံပါရဲ့လား?
ကမ္ဘာပေါ်မှာ ရာဇဝတ်မှုမရှိတဲ့တိုင်းပြည်လို့ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ သေချာပေါက်ရှိပါတယ်။

ဒီတစ်ခေါက်ပြောပြပေးမှာကတော့ ဂျပန်မှာရှိနေတဲ့ အဖွဲ့အစည်းအဖြစ်ပြောင်းလဲလာတဲ့ လူကုန်ကူးမှုဖြစ်ပါတယ်။
ဒါကတော့ Mie စီရင်စုရှိ Watakanojima လို့ခေါ်တဲ့ ကျွန်းငယ်လေးတစ်ကျွန်းပါ။


https://www.iseshima-kanko.jp/spot/1491/

အဲဒိုခေတ်ကတည်းက တံငါသည်တွေကပြင်းထန်တဲ့လှိုင်းလုံးတွေနဲ့လေပြင်းကိုအကာကွယ်ယူဖို့ရန် လာရောက်ခိုလုံတဲ့ကျွန်းဖြစ်ပြီး၊ လက်ရှိတော့ ကျွန်းပုံစံကအသည်းပုံပေါ်နေတဲ့အတွက်၊ အချစ်ကိုဆောင်ပုဒ်ထားတဲ့Resort ဖွင့်ထားပါတယ်။
သို့သော် ဒီကျွန်းက အဲဒိုခေတ်ကနေလက်ရှိအချိန်ထိ ပြည့်တန်ဆာလုပ်ငန်းနဲ့နာမည်ကြီးနေတဲ့နေရာလည်း ဖြစ်ပါတယ်။
ဒါဆို ဒီနေရာမှာအလုပ်လုပ်နေတဲ့အမျိုးသမီးတွေက ဘယ်ကနေရောက်လာကြသလဲ?
အဲ့ဒီနေရာမှာ လူကုန်ကူးမှုလုပ်ငန်းဟာ ခိုင်မာတဲ့အဖွဲ့အစည်းတောင်ဖြစ်လာပါပြီ။

အခုပြောမယ့်အကြောင်းကတော့ လူဆိုးဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ယာခူဇာအကြောင်းပါပဲ။
သူဟာ ဒီအလုပ်ကို ၁၉၉၇ ခုနှစ်ကတည်းကအစပြုခဲ့ပါတယ်။ အသိတွေကိုစမိတ်ဆက်ပေးရင်းနဲ့ တော်တော်လေးငွေရလာတယ်။

ပထမဆုံးဒီကျွန်းကိုလွှတ်လိုက်တဲ့ မိန်းကလေးက အသက် ၂၀ လောက်ပဲရှိပါသေးတယ်။ သူပြောတာကတော့ အိုဆာကာမှာ Nampa လုပ်ခဲ့တဲ့ကောင်မလေးတဲ့။
ကောင်မလေးသူ့ကိုတကယ်ချစ်လာအောင်ကြိုးစားပြီး နောက်ဆုံးအချစ်ကိုရသွားတဲ့အခါမှာတော့ ဒီလိုစကားပြောခဲ့တယ်။
“ ငါအတွက်ကျွန်းကိုသွားပေးပါ” တဲ့…

ကောင်မလေးကိုပို့လိုက်တဲ့အတွက် ယန်းသောင်း ၂၀၀ ရပြီး၊ ကြားထဲကအေးဂျင့်ကိုတော့ ၁၀% ပေးလိုက်တယ်။
လက်ထဲမှာ ယန်းသောင်း ၁၈၀ ကျန်တယ်။
Nampa လုပ်ခဲ့တဲ့မိန်းကလေး ၃ ယောက်လုံးကို အဲ့ဒီကျွန်းကိုပို့လိုက်ပါသတဲ့…

ကောင်မလေးတွေကိုပို့လိုရတဲ့ငွေအပြင်၊ ကောင်မလေးတွေကိုပိုက်ဆံပါစုခိုင်းသေးတယ်။ ဒါကြောင့်သူ့ရဲ့ဘဏ်အကောင့်ထဲမှာ လတိုင်းကောင်မလေးရဲ့စုငွေဆိုပြီး ယန်း ၅ သောင်းကပုံမှန်ဝင်နေပါတယ်
လူအရေအတွက်များရင်များသလိုပဲ လစဥ်ဝင်တဲ့ငွေက ပမာဏများများစားစားကိုဖြစ်လာတယ်။ ကောင်မလေးတွေကလည်း သူတို့ချစ်နေတဲ့ယောက်ျားတစ်ယောက်အတွက် ခန္ဓာကိုယ်ကိုရောင်းစားမှန်မသိရောင်းစားမိနေပါတယ်။

ဥပမာ ကောင်မလေးက ၁ ရက်ကိုယန်း ၅ သောင်းလောက်ရရင်၊ တကယ်ကျန်တာ ၅၀၀၀ လောက်ပဲ။ များသောအားဖြင့်ကတော့ ကျန်ကိုမကျန်ပါဘူး။
ဒါပေမဲ့ ထိုယန်း ၅၀၀၀ ကိုတောင်မှဖြတ်စားခံရပါတယ်။
မိန်းကလေးတွေကို အုပ်ချုပ်ရတဲ့ဘောစိလိုအမျိုးသမီးက မနက်ဖြန်မှပေးမယ်ဆိုပြီး လျှော်ပစ်လိုက်တာမျိုး။
နောက်ရက်တွေလည်း ထို့အတူပါပဲ။
ဒါဟာ ထွက်မပြေးအောင်ကြိုးဆွဲထားခြင်းလို့ပြောပါတယ်။

ဒါပေမဲ့ ထိုကျွန်းရဲ့ဘေးမှာပဲ ဂျပန်ပြည်မကြီးကရှိနေတာကို ဘာကြောင့်ထွက်မပြေးသလဲ?
အကြောင်းကတော့ ထွက်ပြေးရင်ဘာမဆိုဖြစ်သွားနိုင်လို့ပါ…
ထွက်မပြေးဘူးဆိုတာကလည်း အရမ်းတော်ပြီးမြေလှန်ရှာနိုင်တဲ့ သူတို့လူတွေရှိနေပါတယ်။

တစ်ခါတစ်ရံခြိမ်းခြောက်တယ်၊ တစ်ခါတစ်ရံအချိုသတ်ပြီးကောင်မလေးတွေကိုထိန်းချုပ်တယ်။ နောက်ပြီး ရံဖန်ရံခါတော့ သူတို့ကိုအပြင်ထွက်ခွင့်ပြုတယ်။ ယန်း ၂၀၀၀ ပေးပြီး သင်္ဘောနဲ့ဂျပန်ကျွန်းမကြီးဆီ ဈေးဝယ်ထွက်ခွင့်ပေးပါတယ်။ သေချာတာကတော့ အစောင့်တွေနဲ့ပါ…

နောက်ပြီး သူတို့ရဲ့ကောင်လေးတွေကဖုန်းဆက်ပြီး ဘာညာအားတင်းထားနော်ဆိုပြီး ပြောလိုက်တာနဲ့ ကောင်းမလေးတွေခမျာ အားနည်းနည်းပြန်တက်သွားပြန်ပါတယ်။…ဖုန်းဆက်တာက ဒီကောင်မလေးတွေကြောင့် သူတို့ပိုက်ဆံရနေတာကိုး…

သူတို့ထဲမှာလည်းထွက်ပြေးသူတွေရှိတယ်တဲ့…
အသက် ၂၁ နှစ်အရွယ်မိန်းကလေးတစ်ယောက် ပင်လယ်ထဲခုန်ချပြီး ရေကူးပြီးထွက်ပြေးသွားတယ်။
ဒါပေမဲ့ အဆက်အသွယ်တွေရှိနေတဲ့အတွက် ထိုမိန်းကလေး ကျွန်းမဆီရောက်တာနဲ့တပြိုင်နက် ယာကူဇာတွေကလည်းအသင့်စောင့်နေတာပေါ့….
ချက်ချင်းပဲ ကျွန်းဆီကိုပြန်ပို့ခံရပါတယ်။

ဆောင်းတွင်းအရမ်းအေးတဲ့ကာလ section ဝင်ပြီးတဲ့နောက် ညစ်ပတ်နေတဲ့ခန္ဓာကိုယ်ကို ရေချိုးသန့်စင်ချင်ပေမဲ့ သူမရဲ့အခန်းမှာ gas ပျက်နေတာကြောင့် ရေပူကမထွက်အေးစက်နေတဲ့ရေပဲရှိတယ်ဆိုတော့ တော်တော်လေးစိတ်ပိုင်ဆိုင်ရာထိခိုက်ပြီး သူမအရာရာကိုလက်လျှော့လိုက်ပါတယ်.
ဘယ်လိုပြေးပြေးလွတ်လမ်းမရှိတဲ့ ထိတ်လန့်စရာလောက..
နောက်ပြီး နိုင်ငံခြားသားတွေလည်း ဒီကျွန်းမှာအလုပ်လုပ်နေတယ်…

တစ်ချို့ထွက်ပြေးသွားတဲ့နည်းပညာသင်ကျောင်းသားတွေ၊ Nampa လုပ်ခံရတဲ့ နိုင်ငံခြားသားခရီးသည်တွေစဖြင့် အများကြီးရှိခဲ့ပါတယ်။

Oita ကိုလည်ပတ်ခရီးသွားတဲ့လူတွေအတွက် အဓိကမျက်စိကျစရာနေရာဖြစ်လာပြီး လုပ်ငန်းလည်ပတ်မှုလည်းအားကောင်းတာကြောင့်၊ ဒီလိုအဖွဲ့အစည်းတွေနောက်ထပ် ဘယ်နေရာမှာရှိနိုင်အုံးမလဲလို့ တွေးမိပါတယ်။
အဲ့ဒီလောက်အထိ လုံခြုံစိတ်ချရတဲ့နေရာမဟုတ်တာကြောင့် ဂျပန်ရောက်ဖြစ်တဲ့အခါအန္တရာယ်ရှိတဲ့နေရာတွေကို မသွားကြပါနဲ့..

လူတွေနောက် လွယ်လွယ်ကူကူမလိုက်သွားပါနဲ့၊ မယုံပါနဲ့..
နည်းပညာသင်ကျောင်းသားအနေနဲ့ရောက်သွားပေမဲ့ မကြိုက်ရင်ထွက်ပြေးလို့လည်းမရတာကြောင့် သေချာအကာအကွယ်ပေးနိုင်မယ့်အဖွဲ့အစည်းတစ်ခုကိုသွားဖို့အကြံပေးပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: