ယန်း ၁.၉ ဘီလီယံကို လိမ်လည်ခဲ့သူအသက် 80 အရွယ်အမျိုးသမီး

စာဖတ်သူတို့ အသက်အာမခံလုပ်ထားကြပါသလား?
မတော်တဆမှုနဲ့ နေမကောင်းဖြစ်တဲ့အချိန်၊ ဆေးရုံဆေးခန်းတွေမှာ ပိုက်ဆံတွေကုန်ကျတယ်နော်?
နောက်ပြီး၊ အကယ်၍သင်သေသွားတဲ့အချိန်မှာ ကျန်ရစ်ခဲ့သူမိသားစုရဲ့နေထိုင်မှုဘဝကိုထောက်ပံ့ပေးဖို့ ပိုက်ဆံကလည်းလိုအပ်ပါတယ်။
အဲ့ဒီလိုအချိန်လိုအပ်တာက အသက်အာမခံပါ..

စိုးရိမ်တတ်ကြသူများတဲ့ဂျပန်မှာတော့ အသက်အာမခံထည့်ဝင်တဲ့နှုန်းမြင့်တယ်လို့ပြောကြပါတယ်.
ကျွန်တော် လူ့ဘောင်အဖွဲ့အစည်းထဲစပြီးဝင်ရောက်စဥ်အချိန်က အလုပ်လုပ်နေတဲ့ကုမ္ပဏီမှာ အသက်အာမခံကုမ္ပဏီရဲ့ဝန်ထမ်းလည်းပါဝင်ပြီး အလုပ်လုပ်ခဲ့ပါတယ်။
သေချာတာပေါ့ ကုမ္ပဏီရဲ့ခွင့်ပြုချက်ကိုယူရတာကြောင့် တိတ်တိတ်ပုန်းခိုးလုပ်နေတာတော့မဟုတ်ပါဘူး..

ဒီအသက်အာမခံပိုင်းမှာအလုပ်လုပ်နေတဲ့ဝန်ထမ်းက အမှန်တကယ်တော်တော်လေးကို serious ဖြစ်တဲ့အလုပ်လို့ ပြောပါတယ်။
အမြဲတမ်းရုံးမှာရှိနေဖို့မလိုဘဲ သက်သောင့်သက်သာအလုပ်လုပ်နိုင်တာကြောင့် လက်ထပ်ပြီးတစ်ခါတည်းအလုပ်ထွက်လိုက်တဲ့မိန်းကလေးတွေဟာ အေးအေးဆေးဆေးလုပ်နိုင်တဲ့ ဒီအလုပ်ကိုပြန်ပြီးရွေးချယ်ကြပါတယ်။ ဒါပေမဲ့ အလုပ်ရဲ့စွမ်းဆောင်ရည်တိုးမြင့်အောင်ဆောင်ရွက်ဖို့တော့ ခက်ခဲတာကြောင့် ရေရှည်မနေနိုင်ဘဲထွက်သွားတဲ့လူတွေက ထက်ဝက်လောက်ရှိတယ်လို့လည်း ပြောပါတယ်။

https://amd.c.yimg.jp/amd/20201002-00000059-asahi-000-3-view.jpg

ထိုအထဲမှာတော့ စွမ်းဆောင်ရည်မြင့်အောင်အကောင်းဆုံးကြိုးစားနိုင်တဲ့အမျိုးသမီးက အခုပြောပြမယ့်ပြစ်မှုကျူးလွန်သူပါပဲ..
Dai-ichi Life လို့ခေါ်တဲ့ အဓိကအာမခံကုမ္ပဏီမှာ နှစ်အတန်ကြာအလုပ်လုပ်ပြီး အောင်မြင်မှုရလဒ်ကလည်း ဂျပန်တစ်နိုင်ငံလုံးထိပ်ဆုံးဖြစ်ခဲ့ပါတယ်။
ဒီအတွက် အသက် ၈၀ ကျော်သွားလည်းဆက်ပြီးအလုပ်လုပ်နိုင်သေးတယ်ဆိုတော့ ရေရေလည်လည်မိုက်တယ်နော်…

ဒီလိုပုဂ္ဂိုလ်တွေရဲ့ထူးခြားတဲ့လမ်းစဥ်ကတော့ ဒီတစ်ခေါက်ပြောပြမယ့် ရာဇဝတ်မှုနည်းလမ်းပဲဖြစ်ပါတယ်။
သူမဟာအထူးတလည်အလေးပေးခံရသူဖြစ်ကြောင်းကိုလည်း လူအများသိထားကြပါတယ်။
အဲ့ဒီလိုပုဂ္ဂိုလ်က ဒီလိုစကားမျိုးပြောလာမယ်ဆိုရင် ယုံကြည်မလား?

“ Top salesperson ဖြစ်တဲ့ကျွန်မမှာသာအထူးအခွင့်အရေးရှိတယ်။
အတိုးနှုန်းကလည်းမြင့်တာကြောင့် သွင်းမယ်ဆိုရင်အကောင်းဆုံးပဲပေါ့”

ငွေပိုငွေလျှံမရှိတဲ့လူတွေအတွက်တော့ အငိုက်ဖမ်းလို့မရပေမဲ့၊ အသက်အာမခံလုပ်ငန်းဖြစ်တာကြောင့် အာမခံငွေတွေပြန်ရမှာကိုလည်းသိနေပါတယ်။
အာမခံငွေနဲ့ငွေအများကြီးပြန်ရတဲ့အချိန် အသိပေးမှာကတစ်ကြောင်း၊ တစ်ဖက်ကုမ္ပဏီကလည်းယုံကြည်စိတ်ချနိုင်တဲ့ပုံစံမျိုးဖြစ်နေတာကလည်း အချီကြီးလိမ်နိုင်ဖို့အခွင့်အရေးဖြစ်သွားပါတယ်။
လိမ်သွားတဲ့ငွေပမာဏကတော့ 1,900,000,000 ယန်းပါ…

ဒါဆိုဒီငွေတွေ ဘယ်မှာသုံးလိုက်သလဲ?
ပုံမှန်ဆို ငွေတွေနဲ့ဇာတ်မြှုံပ်ပြီးနေလိုက်ကြမှာပါ… ဒါပေမဲ့ ဘာသာရေးထဲမှာ အကုန်လုံးလှူပစ်လိုက်ပါသတဲ့…

ဒါဆိုစဥ်းစားကြည့်ရအောင်…
သူတစ်ပါးငွေတွေကိုလိမ်လည်ပြီး အလှူအတန်းပြုတယ်ဆိုတာရော ဘုရားကပျော်မယ်လို့သင်ထင်ပါသလား?
ပုံမှန်လေးအလုပ်လုပ်ရုံနဲ့ အခြားသူတွေထက်တောင်ဝင်ငွေပိုရနေပေမဲ့၊ မိမိယုံကြည်ရာဘုရားအတွက် ငွေတွေတပ်မက်ပြီးပြစ်မှုကျူးလွန်လိုက်တဲ့ ဒီအမျိုးသမီးရဲ့ကောင်းမှုကို ဘုရားကရောလက်ခံမယ်လို့ ထင်ပါသလား? သင်ဆိုရင်ရော သာဓုခေါ်နိုင်မလား?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: