အဲဒိုအချိန်အခါရဲ့ ဈေးအမြင့်ဆုံးပြည့်တန်ဆာရဲ့ တန်ကြေးက ?

ဆာမူရိုင်းတွေအုပ်ချုပ်ခဲ့တဲ့နောက်ဆုံးအချိန်အခါ အဲဒိုလက်ထက်…
အဲ့ဒီအချိန်တိုကျိုကိုအဲဒိုလို့ခေါ်ခဲ့ကြပြီး၊ အဲ့ဒီမှာတော့ အစိုးရတရားဝင်ခွင့်ပြုထားတဲ့ 遊郭 Yukaku တစ်နည်းအားဖြင့် ပြည့်တန်ဆာလမ်းဆိုတာရှိခဲ့ပါတယ်။
(吉原)Yoshiwara (ပြည့်တန်ဆာတန်း) ဟာ တိုကျို Asakusa ရဲ့အနီးလောက်မှာ ယနေ့အချိန်ထိရှိနေပါသေးတယ်။

https://mag.japaaan.com/archives/106508

အဲ့ဒီလမ်းမှာတော့ ဒီလိုဆိုင်တွေတန်းစီဆောက်ထားပြီး သံတိုင်တွေရဲ့အခြားတစ်ဖက်ကနေ 遊女Yūjo(売春婦 baishunpu ) လို့ခေါ်တဲ့ပြည့်တန်ဆာတွေက ဖြတ်သွားတဲ့လူတွေကိုလှမ်းခေါ်ကြပါတယ်။
ထိုမိန်းကလေးတွေက အသက် ၁၈ ကနေ ၂၈ နှစ်အထိငယ်ရွယ်တုန်း အဲ့ဒီဆိုင်တွေမှာမဖြစ်မနေအလုပ်လုပ်ရတဲ့ အပြစ်အနာအဆာတွေနဲ့မိန်းကလေးများသာလျှင်ဖြစ်ပါတယ်။
အများစုက မိဘရဲ့အကြွေးတွေကြောင့်ပဲအလုပ်လုပ်ရခြင်းပါ။

ထိုပြည့်တန်ဆာတွေထဲမှာလည်း နှုန်းစံသတ်မှတ်ချက်ရှိခဲ့ပါတယ်။
ထိပ်တန်းစာရင်းဝင်တွေကိုတော့ 太夫Dayūလို့ခေါ်ပြီး အရေအတွက်အနည်းငယ်သာရှိပါတယ်။
ထိုအထဲမှာလည်း ယခုမိတ်ဆက်ပေးမှာကတော့ 高尾太夫Takao Dayū လို့‌ခေါ်တဲ့ တစ်ယောက်
သေချာတာကတော့ ဒါကသူ့နာမည်အရင်းမဟုတ်ပါ။ သူတို့ရဲ့အဆင့်အလိုက်ခေါ်တဲ့နာမည်ဖြစ်ပါတယ်။
Yoshiwara က ဈေးအမြင့်ဆုံးအမျိုးသမီးလို့လည်း အဓိပ္ပါယ်ပေါက်ပါသေးတယ်။
လူ ၁၀၀၀ မှာ ၁ ယောက်ဆိုတဲ့ သူတို့ရဲ့ထူးချွန်မှုကြောင့်ပေးအပ်ခြင်းခံရတဲ့ နာမည်ပါ။
ထိုအချိန်၊ Yoshiwara မှာအလုပ်လုပ်နေတဲ့မိန်းကလေးတွေ အယောက် ၁၅၀၀ လောက်ရှိခဲ့တာကြောင့် အဲ့ဒီအထဲမှာ Takao Dayū ကထိပ်ဆုံးပဲ သူ့အထက်မှာဘယ်သူမှမရှိတော့ဘူးဆိုတာကို နားလည်ရပါတယ်။
အဲ့ဒီမျိုးဆက် ၆ ခုမြောက်ရွေးချယ်ခံရတဲ့ Takao Dayū ဟာ ဒီဆောင်းပါးမှာတော့ ဇာတ်လိုက်နေရာကနေပါဝင်သွားမှာပါ။’

身請け金は5億円⁉︎遊女から姫路藩主の側室となった「高尾太夫」は最後まで幸せだったのか?

အရင်ပြောခဲ့သလို၊ ဒီမြို့မှာအလုပ်လုပ်နေတဲ့မိန်းက‌လေးတွေက အသက် ၁၈ ကနေ ၁၀ နှစ်ကြာ၊ ငရဲခန်းမှာဖြတ်သန်းခဲ့ကြရပါတယ်။
ဒီအချိန်ကာလပြီးသွားရင်တော့အပြင်ထွက်ခွင့်ရသွားပေမဲ့၊ အများစုကစိတ်ဝေဒနာရကုန်ပြီး၊ ၁၀ နှစ်တောင်မခံဘဲသေသွားကြပါတယ်။
ထွက်ပြေးဖို့ရော၊အလုပ်ထွက်ဖို့ရော လွတ်ရာလမ်းမရှိတဲ့ငရဲခန်း..
သို့သော် အဲ့ဒီကနေလွတ်မြောက်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းတော့ရှိပါတယ်။

အဲ့ဒါကတော့ 身請けMiuke ဆိုတဲ့နည်း..
ထိုမိန်းကလေး ၁၀ နှစ်တာအလုပ်လုပ်မယ့်ငွေပမာဏကိုပေးနိုင်မယ်ဆိုရင်တော့ အပိုင်ရနိုင်မယ်ဆိုတဲ့သဘောပါ.. ငွေနဲ့ပေးဝယ်လိုက်တာပေါ့…

စကားမစပ် ဒီမှာအလုပ်လုပ်နေတဲ့ပြည့်တန်ဆာတွေနဲ့ တိုင်းတစ်ပါးကပြည့်တန်ဆာတွေရဲ့လိုအပ်ချက်ကမတူညီပါဘူး…
အပြင်ပန်းလှပမှုသာမက၊ ပြုမှုဆက်ဆံပုံတွေကလည်းယဥ်ကျေးရသလို ဓလေ့ထုံးတမ်းတွေနဲ့ပညာတတ်မှုကိုလည်း အဓိကထားခဲ့ကြပါတယ်။ ဒီအတွက် Tea ceremony 茶道 နဲ့ပန်းထိုးမှုအတတ်華道 ကိုပါအခြေခံသင်ယူရပြီး၊ လက်ရေးအတတ် Shodō 書道နဲ့ သီချင်းပညာ၊ 琴Koto ကဲ့သို့သော တူရိယာတွေတီးခတ်နိုင်သူတွေ ပြည့်တန်ဆာထဲမှာတင်အများအပြားရှိခဲ့ပါတယ်။

ဒီမှာလည်းအခြားသောနိုင်ငံတွေနဲ့ ကြီးမားစွာကွာခြားနေတာက ထိပ်တန်း太夫အတန်းကိုရောက်လာပြီဆို ပထမအကြိမ်တွေ့ဆုံမှုလောက်နဲ့ အတူအိပ်ခွင့်မရှိတာပါ။
အရင်ဆုံး太夫နဲ့အဖော်တွေအပါအဝင် ၁၀ ယောက်နဲ့အထက် စားသောက်ပွဲကြီးကိုကျင်းပကြပါတယ်.
စားသောက်ပွဲအတွက်ကုန်ကျမှုက ဖောက်သည်ဘက်ကပေးရပါတယ်။

အခမ်းအနားကျင်းပတဲ့အပါအဝင် ယန်းသောင်း ၁၅၀ လောက်ကုန်ကျပါတယ်။
ထိုပမာဏက အသစ်ထုတ်TOYOTAအသေးစားကိုတောင် ဝယ်နိုင်လောက်ပါတယ်.

အဲ့ဒါပြီးနောက် ဒုတိယတစ်ခေါက်တွေ့ဆုံမှု..
ပထမအကြိမ်တွေ့ဆုံမှုကဲ့သို့စားသောက်ပွဲကြီးကျင်းပပေမဲ့၊ ဒီမှာတော့ အရင်ကထက်ပိုများတဲ့ငွေကို ကြဲရပါတယ်။
ယန်း ၂၂၅သောင်းလောက်လို့ ပြောကြပါတယ်။
အဲ့ဒီလိုမှမဟုတ်ရင်တော့ Dayū နဲ့အိပ်ခွင့်ရမှာမဟုတ်ပါဘူး။

နောက်ထပ် တတိယမြောက်အကြိမ်
နောက်ဆုံးတော့အိပ်ခွင့်ရပါပြီး…သို့သော် တန်ကြေးကသေလောက်ပါတယ်။
ယန်းသောင်း ၉၀၀ လောက်ကုန်ကျပါတယ်။
အခုအချိန်နဲ့ဆို တိုကျိုမြို့စွန်လောက်မှာ တိုက်ခန်းသေးလေးတစ်ခန်း ဝယ်နိုင်နေပြီနော်…

ဒီငွေပမာဏကိုကြည့်ပြီး သတိထားမိပါသလား?
ကောင်းပြီ ဒါဆို 身請けMiuke နည်းလမ်းနဲ့ဆိုရင်တော့ မိုးနဲ့မြေဟိုးးးးအဝေးကြီး ဘယ်လိုမှလိုက်မမီတဲ့ပမာဏပဲမဟုတ်လား.?

တတ်ကျွမ်းမှုပညာလည်းရှိတယ်၊ ကြော့ရှင်းတယ်၊ နောက်ပြီးလှပတဲ့ပြည့်တန်ဆာမိန်းကလေးတွေကို အပြီးသတ်တန်ရာတန်ကြေးပေးပြီးအိမ်မှာခေါ်ထားချင်လို့ 身請けMiuke နည်းကိုစဥ်းစားကြသူတွေအများကြီးရှိပေမဲ့ ဈေးကြီးတဲ့အတွက်မတတ်နိုင်ပါဘူး။


အဲ့ဒီလိုကြေးအများကြီးပေးရတဲ့မိန်းကလေးကို 身請けMiuke နည်းနဲ့ယူခဲ့သူကတော့၊ ထိုအချိန် Hyogo စီရင်စု၏ထိပ်ဆုံးဖြစ်သော Masamine Sakakibara ဆိုသူပဲဖြစ်ပါတယ်။
Takao Dayū ကတော့ အသက် ၁၉ နှစ်ဖြစ်ပါတယ်။

身請けMiuke နည်းနဲ့ပေးရတဲ့ပမာဏက 500,000,000 ယန်းတဲ့…
ယန်းသန်း ၅၀၀ ပါ..

身請けMiuke နည်းနဲ့ပထမတစ်ကြိမ်ကနေ နောက်ဆုံးအကြိမ်ထိစုစုပေါင်း ယန်းသန်း ၇၀၀၊ သန်း ၈၀၀ လောက်ကုန်ကျမယ်မဟုတ်ပါသလား?
ဒီလိုဇိမ်ခံလွန်းတဲ့ငွေကြေးသုံးစွဲမှုကြောင့် အစိုးရကနေအပြစ်တင်ခံရပြီး Sakakibara ဟာပယ်ချခြင်းခံလိုက်ရပါတယ်။
အိမ်ရှိရာ Hyogo စီရင်စုကနေ Niigata စီရင်စုကိုနယ်နှင်ဒဏ်ပေးလိုက်ပါတယ်။
Tayu လည်းအတူလိုက်ပါသွားပေမဲ့၊ Sakakibara ဟာ စိတ်ပင်ပန်းနွမ်းနယ်မှုကြောင့် ၁၀ လအကြာမှာပဲသေဆုံးသွားခဲ့ပါတယ်။
သူသေဆုံးချိန်က ၂၉ နှစ်ပဲရှိပါသေးတယ်။

Tayu ကတော့နောက်ပိုင်း၊ စိတ်မွန်းကြပ်ခြင်းများစွာနဲ့ အသက် ၆၈ နှစ်အထိအသက်ရှင်သွားခဲ့ပါတယ်။
စားဖို့သော်ဖို့အတွက်မပူရပေမဲ့ စိတ်ဆင်းရဲစွာ နှစ် ၅၀ အချိန်ကာလကိုဖြတ်သန်းရပါတယ်။
ပြည့်တန်ဆာတန်းကနေရုန်းထွက်နိုင်ခဲ့လို့ ဝမ်းသာစရာဖြစ်ကောင်းဖြစ်ပေမဲ့၊ ထိုအချိန်ရဲ့ပျော်ရွှင်မှုဆိုတာ အနည်းငယ်အလှမ်းဝေးတဲ့ဘဝပဲလို့ ထင်ပါတယ်။

Takao Dayū ဖြစ်လာတယ်ဆိုတာက အဲဒိုရဲ့ နံပါတ် (၁)အလှဆုံး ပြည့်တန်ဆာပါပဲ..
တစ်နည်းအားဖြင့် အားလုံးကအသိအမှတ်ပြုတဲ့ဖြစ်တည်မှုပါ
နောက်ပြီး ဒီဟာအတွက်ပိုက်ဆံတွေအသုံးပြုလိုက်ပြီး မိမိနေရာပျောက်သွားတဲ့အထိရယူခြင်းခံရတဲ့မိန်းကလေးဆိုတာကတော့ တော်တော်လေးကိုထူးခြားလို့ပဲနော်

အဲ့ဒီလို Dayū ကိုမြင်ဖူးချင်တယ်လို့တွေးမိတာ ဒီဘက်ခေတ်ကျွန်တော်တို့တွေသာမက၊ ထိုအချိန်ကလူတွေလည်းအတူတူပါပဲတဲ့..
လူတွေရဲ့ရှေ့ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ဖြတ်လာတဲ့တန်းစီလှည့်လည်မှုက 花魁道中(おいらんどうちゅう)Oiran journey ပဲဖြစ်ပါတယ်။

https://www.pinterest.jp/pin/816066394958972957/

လူအများရဲ့ရှေ့မှာယဥ်ကျေးတဲ့အသွင်အပြင်နဲ့ စီတန်းလှည့်လည်ပြတာက အလွန်ကောင်းမွန်ပေမဲ့ ဒီကုန်ကျစရိတ်ကိုဖောက်သည်ကပဲပေးရပါတယ်။
ပြန်စဥ်းစားကြည့်ရင်တော့ အဲဒိုခေတ်ကလူတွေက ဒီဘက်ခေတ်ထက်တောင်ပိုပြီးချမ်းသာကြတယ်မဟုတ်လား?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: