“ နိုင်ငံသားအတွက်အလုပ်လုပ်မည်” ဟုကြွေးကြော်လိုက်တဲ့ ဝန်ကြီးချုပ် Suga ၏ပိုစတာ

အာဏာရပါတီဖြစ်တဲ့ LDP က ဝန်ကြီးချုပ် Suga၊ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ရပြီးနောက်ပထမဆုံး ပိုစတာကိုကြေငြာခဲ့ပါတယ်။
ပိုစတာရဲ့ ဆောင်ပုဒ်ကတော့ “ နိုင်ငံသားအတွက်အလုပ်လုပ်မည်” ..

https://news.tv-asahi.co.jp/articles_img/000195506_640.jpg

ပြည်သူ့ဆက်ဆံရေးဌာနချုပ်အထွေထွေမန်နေဂျာ Mr. Marukawa ရဲ့ပြောချက်အရ “ ပြည်သူလူထုအတွက်လုံခြုံစိတ်ချရတဲ့ဘဝကို အမြန်ဆုံးပြန်လည်တည်ဆောက်ပြီး ဂျပန်ကိုပြန်လည်ရှင်သန်လာစေရန်” ဆိုတဲ့ ဆန္ဒကိုထည့်သွင်းထားတယ်လို့ဆိုပါတယ်။
နောက်ခံအနီရောင်ကိုအခြေခံတာနဲ့ပတ်သက်ပြီးကတော့ “ ပြည်သူတွေအတွက်ဆက်လက်လုပ်ဆောင်ရန် အားသွန်ခွန်စိုက်လုပ်ဆောင်ခြင်းနဲ့၊ နွေးထွေးမှုကိုဖော်ပြခြင်း” သာလျှင်ဖြစ်ပါတယ်။
ဒီပိုစတာပြီးစီးသွားတာနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်Sugaက “ ပြည်သူအတွက်အလုပ်လုပ်မယ်ဆိုတဲ့ယုံကြည်မှုဟာ ဂျပန်မှာရှိနေသူတွေအားလုံးဆီရောက်ရှိဖို့ကြိုးစားပါ” လို့လည်းပြောကြားလိုက်ပါတယ်။

အခုထုတ်လိုက်တဲ့ပိုစတာကို အရွက်ပေါင်း ၁ သိန်း ၇ သောင်းထုတ်မှာဖြစ်ပြီး၊ ယခုလရဲ့ လကုန်လောက်ကနေစပြီး တစ်နိုင်ငံလုံးမှာဖြန့်ဝေဖို့စီစဥ်ထားကြောင်းသိရပါတယ်။
“ နိုင်ငံသားအတွက်အလုပ်လုပ်မည်” ဆောင်ပုဒ်နဲ့အတူ ဝန်ကြီးချုပ် Suga ကတော့ ပြည်သူတွေဆီယုံကြည်မှုရောက်ရှိအောင် ကြိုးစားနေပါပြီ…

source:ANN

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: