ရိုးသားလွန်းတဲ့လုပ်ရပ်ကြောင့် နိုင်ငံခြားသားအချိန်ပိုင်းအလုပ်သမားများ ချီးကျူးခံရ…

ဂျပန်နိုင်ငံမှာအချိန်ပိုင်းအလုပ်လုပ်ကြတာဟာ ဂျပန်နိုင်ငံသားတွေမကဘူး နိုင်ငံခြားသားအလုပ်သမားများအပြင်၊ ဂျပန်မှာကျောင်းလာတက်သူများလည်းပါဝင်တာကို စာဖတ်သူတို့လည်းသိပြီးသားဖြစ်မှာပါ။
ဒီတစ်ခေါက်ကတော့ ရိုးသားလွန်းတဲ့လုပ်ရပ်လေးကြောင့်ပဲ ချီးကျူးခံရတဲ့ နိုင်ငံခြားသားအချိန်ပိုင်းအလုပ်သမားလေးအကြောင်းပါ…
https://grapee.jp/wp-content/uploads/64962_main_01.jpg
ဂျပန်မှာပညာလာသင်ကြတဲ့ နိုင်ငံခြားသားအချိန်ပိုင်းအလုပ်သမားတော်တော်များများဟာ convenience store တွေမှာအလုပ်လုပ်ကြပါတယ်။
ယနေ့နာမည်ကြီးနေတဲ့အကြောင်းအရာလေးကတော့ … ဓါတ်ပုံတွေပဲကြည့်လိုက်ပါတော့…
“ ဂျပန်လူမျိုးတွေဒါကိုတော်တော်များများဝယ်ကြတယ်။ ဘာကြောင့်ဝယ်လဲတော့မသိပါဘူး”
(သူမြင်တဲ့အမြင်ကို ရိုးသားစွာထုတ်ပြောတာကြောင့် လူအများသဘောကျကြတာပါ)
“ အားလပ်ရက်မှာဒါကိုသောက်လိုက်မယ်ဆို စိတ်ရွှင်သွားမယ်၊ ခန္ဓာကိုယ်လည်းအေးမြသွားမယ်”
(good advices !!! hkhkhk)
“ Peanuts နဲ့ချောကလပ်
အရမ်းကောင်း
တကယ်စားကြည့်ပါ
အရမ်းအရမ်းအရသာရှိပြီး စိတ်ကြည်လင်လန်းဆန်းသွားမယ်”
“ ワンタン
ချဥ်ပြုံးပြုံးလေးနဲ့အရသာရှိ
Mammoth … meat
စားချင်လိုက်တာ…”
ဝေါ် !!! ညွှန်းထားတာတွေကအများကြီးပဲ…
သီးသန့်လေးကုန်ပစ္စည်းကိုပဲအကြံပြုထားတဲ့စာတွေရှိသလို၊ ဒါလေးဝယ်လိုက်ရင် ဘယ်လိုတောင်ကောင်းတာဆိုတဲ့ကွန်မန့်တွေအထိ..
နိုင်ငံခြားကျောင်းသားတို့ရဲ့အမျိုးမျိုးသောစိတ်ကူးတွေကို တွေ့ရပါတယ်။
ဒီစာတွေကိုတွေ့သူတွေကလည်း
“ convenience stores အားလုံးတိုင်းမှာသူတို့ကိုလုပ်စေချင်တယ်၊ စိတ်အေးအေးချမ်းချမ်းနဲ့ဈေးဝယ်နိုင်မှာပဲနော်..”
“ ချစ်ဖို့ကောင်းလိုက်တာ၊ သူတို့ရဲ့စာတွေကိုကြည့်ပြီးရယ်မိတယ်။” ဆိုပြီးပြောကြတယ်။
မိမိအိမ်ရဲ့အနီးနားမှာသာဒီလို convenience store ရှိမယ်ဆို ဝယ်ဖို့မစဥ်းစားထားပေမဲ့ ထူးထူးဆန်းဆန်းစာလေးတွေကြောင့် စိတ်ဝင်စားပြီးဝယ်မိမှာပဲနော်…
စာတွေရေးတဲ့အချိန်ပိုင်းအလုပ်သမားက တစ်ယောက်တည်းတော့မကလောက်ပါဘူး။
သို့သော် ဘယ်သူဘယ်ဝါမှန်မသိပေမဲ့ ရှိနေတဲ့နေရာမှာ အကောင်းဆုံးနဲ့စေတနာပါပါလုပ်ဆောင်တတ်တဲ့သဘောထားလေးကိုတော့ ချီးကျူးမိပါတယ်။ ….
JAPO Myanmar