စီးပွားရေးရေစီးကြောင်းအလိုက်ပြောင်းလဲနေတဲ့ အမျိုးသမီးများရဲ့ အကြိုက်

ခဏတာအတွင်းမှာ တိုးတက်လာတဲ့ Host Club လုပ်ငန်း။ချောမောတဲ့ အမျိုးသားဝန်ထမ်းများက အမျိုးသမီးဖောက်သည်များကို ကြိုဆိုလက်ခံပြီး ဖျော်‌ဖြေပေးတဲ့ စားသောက်ဆိုင်။

ချောမောတဲ့၀န်ထမ်းများရှိတဲ့ Host Club မှာ သန်းပေါင်းများစွာသောယန်းကိုသုံးခဲ့လို့
သူမတို့ရဲ့ဘဝတွေပျက်ဆီးခဲ့ကြတဲ့ အမျိုးသမီးတွေလည်း များစွာရှိပါတယ်။

https://www.veltra.com/jp/japan/tokyo/a/148587?optimize_pattern_id=v2020&utm_expid=.yUuyjt6MTsSYfS5rS1dLAg.1&utm_referrer=https%3A%2F%2Fwww.google.com%2F

Host ကိုစွဲလမ်းနေသောအမျိုးသမီးတစ်ဦးက သူမရဲ့ စည်းစိမ်ရှိသမျှကိုအသုံးချလိုက်တယ်။ အဲဒါတောင်မှ မလုံလောက်နိုင်သေးပဲ အကြွေးတင်တဲ့အထိကို ဖြစ်သွားပါတယ်။
ပြန်မဆပ်နိုင်တဲ့အတွင်ကြောင့် ညဘက်စီးပွားရေးလုပ်ငန်းဘက်သို့ကျရောက်လုပ်ကိုင်ကြရပါတယ်။

အဲဒါတောင်မှပဲ သူက Host ကိုဘယ်တော့မျှမေ့မည်မဟုတ်ဘဲ အခြား ဧည့်သည်များနှင့်ယှဉ်ပြိုင်ခြင်းဖြင့် Host ကို သူ့ရဲ့ရည်းစားဖြစ်စေရန် ပိုက်ဆံဖြုန်းပြီး တက်နိုင်သလောက်ကြိုးစားပါတယ်။
Host ဘက်ကနေကြည့်ရင်တော့ အလုပ်တစ်ခုဖြစ်တဲ့အတွက် ဒီလိုစိတ်မျိုးမရှိဘဲ၊
နောက်ဆုံးမှာတော့ ပျက်စီးသွားမည့်အမျိုးသမီးအရေအတွက်တိုးများလာကာ
လူမှုရေးပြဿနာကြီးတစ်ခုလည်းဖြစ်လို့လာပါတယ်။

ဒါ့ကြောင့် အဲဒီထင်ပေါ်ကျော်ကြားမှုတွေက ညှိုးနွမ်းလို့လာတာကို မြင်လာကြပါတယ်။Osaka Minami သည် Host Club များစုပြုံနေသောနေရာဖြစ်ပါတယ်။
အဲဒီနေရာရဲ့ Host Club အတော်များများမှာ ဧည့်သည်အရေအတွက် သိသိသာသာကျဆင်းလာခြင်းကြောင့် စိတ်ပူပင်ခံစားနေရပုံရပါတယ်လို့ဆိုပါတယ်။

ပထမတော့ Corona လွှမ်းမိုးခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။စီးပွားရေးမလုပ်ရန်တားဆီးထားစဉ်အချိန်တွင် အင်တာနက်ပေါ်မှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ကာ စီးပွားရေးလုပ်တဲ့ Host များစွာရှိပါတယ်။

ဒီကိုမြင်တဲ့ Host Club အသုံးပြုသူတွေက “ဆိုင်ကိုမသွားဘဲနဲ့လည်းတွေ့နိုင်တယ်” ဆိုတဲ့ကိစ္စနဲ့ပတ်သတ်ပြီး
ဒီအတိုင်းကြီး သက်သက်ငွေပေးချေမှုမတိုင်မီမှာ သူတို့ကိုအပြင်မှာတွေ့ရတာမဟုတ်တဲ့အတွက် သိပ်ပြီးတော့ မကောင်းဘူးလို့ တွေးကြတဲ့ အမျိုးသမီးများလည်း တိုးပွားလာတယ်လို့ ဆိုပါတယ်။

နောက်ထပ်တစ်ခုက Host Club ကို စွဲလမ်းတဲ့ အမျိုးသမီးတော်တော်များများက ညဘက်မှာအလုပ်လုပ်ကြတာဖြစ်ပြီး သူမတို့အတွက်လည်း ယခုအချိန်မှာ အလုပ်မရှိသောကြောင့်ဝင်ငွေမရှိတဲ့အတွက် ကြောင့်လည်းဖြစ်ပါတယ်။ဒါပေမယ့် ပြဿနာက ပိုက်ဆံလောက်ပဲမဟုတ်ပါဘူး။

ကြိုက်နှစ်သက်ပုံတွေ ပြောင်းလဲသွားသောကြောင့်ဆိုတဲ့ ကြီးမားသောပြဿနာရှိပုံရပါတယ်။
သွယ်လျမှု၊ လှပချောမောတဲ့မျက်နှာ၊ စွဲဆောင်မှုရှိတဲ့ ပုံရိပ်တွေက အားပြင်းနေတဲ့ လူအများကြားမှာရှိနေတဲ့ အလယ်အလတ်တင့်တယ်တဲ့ပုံသဏ္ဌာန်ရှိတယ်ဆိုတဲ့အချက်ကို ပိုင်ဆိုင်ထားတဲ့သူအဖြစ် အသွင်အပြင်ရှိတဲ့ Host တွေပေါ့။

ထိုကဲ့သို့သော Host တွေက ဆွဲဆောင်ခြင်းမပြုနိုင်တော့ပဲ၊ ပိုမိုအားကောင်းတဲ့ အမျိုးသားပုံစံဘက်သို့ ပြောင်းလဲနေပြီဟုဆိုကြပါတယ်။ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေရဲ့ကြိုက်နှစ်သက်မှုဟာ အချိန်ကာလရဲ့နောက်ခံဖြစ်နေလို့ပါပဲ။
ဒါဟာစီးပွားရေးအခြေအနေပေါ်လည်းမူတည်တဲ့ အပြောင်းအလဲတစ်ခုလည်းဖြစ်ပါတယ်။

ဟုတ်ပါတယ်၊ အမျိုးသမီးတွေရဲ့စိတ်တွေအားလုံးပြောင်းလဲသွားတာမျိုးတော့မဟုတ်ပါဘူး။
ဒါပေမယ့် TVရုပ်မြင်သံကြားတွေမှာလည်းဒီလိုပြောထားပါတယ်။အမျိုးသား Idol များကိုလေ့ကျင့်သင်ကြားမွေးထုတ်ပေးသည့် Johnny’s Entertainment သည်တစ်ချိန်တည်းတွင် မတူညီတဲ့Idol များစွာကိုတိုးချဲ့တီထွင်မွေးထုတ်ပေးနေပါတယ်။
စီးပွားရေးအခြေအနေနှင့်အညီ အမျိုးသမီးများရဲ့ ခံစားချက်အပြောင်းအလဲများကိုတုံ့ပြန်ရန်ဖြစ်ပါတယ်။

ဥပမာအားဖြင့်၊ ဂျပန်မှာလူကြိုက်များတဲ့ အရမ်းနာမည်ကြီးတဲ့ Arashi လို့ခေါ်တဲ့ idol အဖွဲ့တစ်ဖွဲ့ရှိပြီး
သူတို့မှာ အရမ်းကို စွဲဆောင်လွန်းတဲ့ ညှို့အားပြင်းတဲ့ ပုံရိပ်မရှိပဲ ငြိမ်းချမ်းပြီး ချစ်စရာကောင်းတဲ့စွဲမှတ်မှုရှိတဲ့ ပုံစံအနေနဲ့ ဖြစ်တည်လာတဲ့ အဖွဲ့ဖြစ်ပါတယ်။

အရောင်အနေနဲ့ပြောမယ်ဆိုရင် အဖြူရောင်ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပင် KAT-TUN ဆိုတဲ့ idol အဖွဲ့ကို ဖြစ်ပေါ်လာခဲ့ပြီး သူ့တို့အဖွဲ့ကတော့ အမိုက်စားစွဲဆောင်မှုတွေနဲ့ Cool ဖြစ်တဲ့ပုံစံနှင့် ပွဲဦးထွက်လို့လာပါတယ်။
အရောင်အရကြည့်လျှင်ကအနက်ရောင်ဖြစ်ပြီး အဖြူနှင့်လုံးဝဆန့်ကျင်ဘက်ဖြစ်ပါတယ်။

ရလဒ်အနေနဲ့ကတော့ ကာလကြာရှည်စွာဂျပန်စီးပွားရေးကျဆင်းမှု၌ စိတ်ပူပင်သောကပျောက်ကင်းရန်ကြိုးစားနေသော ဂျပန်အမျိုးသမီးများရဲ့ နှလုံးသားကို နွေးထွေးမှုပေးစေနိုင်ခဲ့တာကတော့ Arashi ဖြစ်ခဲ့ပါတယ် ဆိုတဲ့ရလဒ်ကိုရရှိခဲ့ပါတယ်၊ပြီးတော့ ရှည်လျားတဲ့စီးပွားရေးကျဆင်းမှုကိုပိုမိုနက်ရှိုင်းစေတဲ့ Corona ကြောင့် လည်း အခုအချိန်မှာ စိတ်သောကရောက်နေရတဲ့သူတွေအများကြီးပါပဲ။

ဒါတွေကို သက်သာရာရစေမယ့် နွေးထွေးမှုနဲ့ခွန်အားတွေကို ပြောပေးနိုင်မယ့် အမျိုးသားမျိုးလိုအပ်ကောင်းလိုအပ်နိုင်ပါတယ်။နောက်ထပ် လမ်းကြောင်းတစ်ခုက ဟောလိဝုဒ်ရုပ်ရှင်တွေထဲကလို မုတ်ဆိတ်တွေ၊ ကြွက်သားတွေနဲ့ အမျိုးသားများလား ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: