လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀လောက်က ကမ္ဘာတဝှမ်းမှအမျိုးသားများကို ဖမ်းစားနိုင်ခဲ့တဲ့ ဂျပန်အမျိုးသမီးများ !!!
ဂျပန်နိုင်ငံရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုဟာ ဘာကြောင့်များ ဤမျှများပြားစွာတီထွင်ခဲ့ရသလဲဆိုတဲ့ အကြောင်းရင်းကတော့ အထီးကျန်မူဝါဒရဲ့ ရလဒ်ကြောင့်ဖြစ်ပါတယ်။အဲဒီမူဝါဒက အခြားနိုင်ငံများနှင့်အဆက်အသွယ်ပြတ်တောက်စေခဲ့တဲ့ မူဝါဒပါ။
နိုင်ငံခြားယဉ်ကျေးမှုမပေါ်ပေါက်တာကြောင့် ထူးခြားတဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုတွေက ပိုမိုပြီး ကြီးထွားလို့လာပါတယ်။
နိုင်ငံခြားတိုင်းပြည်တွေမှ ယဉ်ကျေးမှုများဝင်ရောက်ခြင်းမရှိခဲ့တဲ့အတွက် လျှို့ဝှက်ဆန်းကြယ်တဲ့ တိုင်းပြည်ဖြစ်လာပါတော့တယ်။အဲဒါက ဂျပန်နိုင်ငံဖြစ်စေခဲ့ပါတယ်။
ဆာမူရိုင်းခေတ်ကုန်ဆုံးသွားပြီးနောက် တိုင်းပြည်ကို ပြည်ဝင်ခွင့်ဖွင့်လိုက်တဲ့အခါမှာတော့ နိုင်ငံခြားသားများဝင်ရောက်လာခဲ့ပါတယ်။နိုင်ငံခြားသားများကို အာရုံစိုက်စေခဲ့တဲ့ အရာကတော့ အခြားနိုင်ငံများမှာ မတွေ့နိုင်တဲ့ ထူးခြားသည့် ဂျပန်ရဲ့ ယဉ်ကျေးမှုမှာဖြစ်ပါတယ်။
၎င်းတို့အနက် ဂျပန်အမျိုးသမီးတို့ရဲ့ ပုံစံသွင်ပြင်က နိုင်ငံခြားတိုင်းပြည်များအတွက်တော့ အထူးသဖြင့်ရေပန်းစားခဲ့ပုံရပါတယ်။
အခုပြောတဲ့ ဓာတ်ပုံတွေဟာ အရမ်းကို ရောင်းရခဲ့တယ်လို့ဆိုပါတယ်။
ဒါကိုတော့ Kanagawa ခရိုင်၊ Yokohama မြို့ မှာအဓိကလုပ်ကိုင်ခဲ့တဲ့ နိုင်ငံခြားသားဓာတ်ပုံဆရာတစ်ယောက်ကပြုလုပ်ခဲ့တာပါ။
ပထမဆုံး မျက်နှာဖုံးကနေစကြည့် ပါ။
ယွန်းနှင့်ရွှေဖြင့်ပြုလုပ်ထားသော အဖိုးတန်မျက်နှာဖုံး။
ဒါကိုကြည့်လိုက်ရုံနဲ့ JAPAN ရဲ့ အလှကျက်သရေစွဲဆောင်နိုင်မှုကတော့ ပြည့်လျှံလိုနေပါပြီ။
ဒါကို လက်ဝယ်ရရှိတဲ့ နိုင်ငံခြားသားများအတွက်တော့ စိတ်လှုပ်ရှားခဲ့ကြမယ်လို့ထင်ပါတယ်။
အဲဒီအချိန်တုန်းက အဖြူနဲ့အမည်းရောင်ဓာတ်ပုံတွေသာရိုက်နိုင်ခဲ့ပေမဲ့ ဂျပန်ရဲ့ လှပမှုကိုတော့ ဒီအရောင်တွေနဲ့ပိုပြီး တောက်ပစေခဲ့ပါတယ်။
အိပ်မောကျနေတဲ့မိန်းမလှလေး
ထူးခြားသောဆံပင်ပုံစံကြောင့် ခေတ်သစ်လူများကဲ့သို့ခေါင်းအုံးများကိုမသုံးနိုင်ခဲ့ပါဘူး။
ခေါင်းအုံးရဲ့ ထူးခြားမှုကလည်း ဂျပန်ဆန်တာပါပဲနော်။
တူရိယာတီးနေတဲ့မိန်းမလှလေး
စာရေးနေသည့်အမျိုးသမီးတစ်ဦး နှင့် ယင်းကိုကြည့်နေသောမိန်းကလေးတစ်ဦး။
၁၈၇၀ ပြည့်လွန်နှစ်များတွင် ဂျပန်စာတတ်မြောက်မှုနှုန်းက အမျိုးသားများအတွက် ၄၀ မှ ၅၀ ရာခိုင်နှုန်းနှင့် အမျိုးသမီးများအတွက် ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
ဤပုံကိုရိုက်ယူတဲ့ ၁၈၉၈ခုနှစ် တွင် ကလေး ၇၀ ရာခိုင်နှုန်းခန့်သည်မူလတန်းကျောင်းသို့တက်ကြတယ်လို့ဆိုပါတယ်။
အလုပ်လုပ်နေသောအမျိုးသမီးများ
မျက်နှာပြင်တစ်ခုလုံးကိုမဟုတ်ပဲ တစ်စိတ်တစ်ပိုင်းကို အရောင်တင်ထားသလား?
သို့မဟုတ်အရောင်ကာလာပျယ်သွားလို့ တစ်စိတ်တစ်ပိုင်းလောက်ပဲ အရောင်ကျန်ရစ်ခဲ့သလား?
အဲဒီအချိန်တုန်းက အဖြူနဲ့အမည်းရောင်ဓာတ်ပုံတွေသာရိုက်နိုင်ခဲ့ပေမဲ့ ဂျပန်ရဲ့ လှပမှုကိုတော့ ဒီအရောင်တွေနဲ့ပိုပြီး တောက်ပစေခဲ့ကာ ကမ္ဘာအနှံ့ပျံ့နှံ့သွားခဲ့ပါတယ်။
အခြားနိုင်ငံများတွင်မတွေ့ရသည့် ဆံပင်ပုံစံများနှင့်အဝတ်အစားများက ကမ္ဘာတစ်ဝှမ်းလုံး၏အာရုံကိုဆွဲဆောင်နိုင်ခဲ့တယ်လို့ထင်မိပါတယ်။
Kengo Abe