ဂျပန်နိုင်ငံရဲ့ Deli service က လွန်ခဲ့သော နှစ် ၂၀၀ မတိုင်ခင်တည်းကရှိနေပြီးသားပါ !!!

နှစ်အနည်းငယ်အတွင်း အလျင်အမြန်ပဲကျယ်ပြန့်လာတဲ့ Delivery service../ မြန်မာမှာဆို Food Panda, Grab food….so on
နိုင်ငံအသီးသီးမှာ ကုမ္ပဏီ name တွေတော့မတူပေမဲ့ ဒီ service ကိုပဲလုပ်နေပြီး ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့်လည်း စားသောက်ကုန်လုပ်ငန်းရဲ့ လုပ်ငန်းစဥ်က ပြောင်းလဲလာခဲ့တယ်။

ဂျပန်ရဲ့ Food deli ဆိုရင် Uber Eats ကပိုပြီး share များပါတယ်။

https://thespoon.tech/uber-eats-bulks-up-grocery-delivery-internationally-with-new-partnerships/

ကောင်းသတင်းတွေရော၊ မကောင်းသတင်းတွေရော ထွက်နေတဲ့ Uber Eats….
အချို့ Deli သမားတို့ရဲ့မကောင်းတဲ့အကျင့်တွေကြောင့်လည်း ပြဿနာတွေကြုံရပါတယ်။

service ကအသစ်မို့လို့ ပြဿနာတွေရှိတတ်မှာပဲလို့ စဥ်းစားလိုက်မယ်ဆို တကယ်တော့ဒါက အခုမှစတာမဟုတ်ပါဘူး…
နှစ် ၂၀၀ မတိုင်ခင် ဆာမူရိုင်ခေတ်မှာကိုကရှိနေပြီးသားပါ…

ဆာမူရိုင်းလက်ထပ်မှာရှိခဲ့တာကရော ဘယ်လိုservice လို့ထင်လဲ? ….
သေချာတာ‌ပေါ့.. နာမည်ကတော့ Uber Eats ဘယ်ဟုတ်မလဲ…

မကြာခဏပြောဖူးပါတယ်။ တိုကျိုမှာ ဆာမူရိုင်းတွေရှိခဲ့တဲ့အချိန်၊ တိုကျိုကို အဲဒိုလို့ခေါ်ပါတယ်.
အဲ့ဒီအချိန်လည်း စားသောက်ဆိုင်တွေမှာ Deli service တော်တော်များများလုပ်နေကြပြီပေါ့..
မတူတာကတော့ ဆိုင်ရဲ့ဝန်ထမ်းကိုယ်တိုင်က လိုက်ပို့ပေးတာပါ…

စားသောက်စရာတွေကို ပူနေတုန်းမှာမဖြစ်မနေပို့ပေးရတယ်။
ဒါ့ကြောင့် လက်ရှိ Uber Eats/ Food Panda လိုမျိုး professional အစားစာ Deli လုပ်ငန်းပေါ်လာပါတယ်။
လိုက်ပို့ရတာကတော့ “ Unagi” ငါးရှည့်ကင်ထမင်းပါ…

Okara ဆိုတာကို စာဖတ်သူတို့သိလာ?
တို့ဟူးလုပ်တဲ့အခါထွက်လာတဲ့ မလိုတဲ့အနှစ်တွေလိုမျိုးအရာပါ။
အဲ့ဒါကိုအပူပေးပြီး အဲ့ဒီအပေါ် မှာငါးရှည်ကင်ကိုတင်လိုက်မယ်ဆို တော်တော်နဲ့မှမအေးတော့ပါဘူး။
အဲ့ဒီလိုနဲ့ うな丼Unadon လည်းပေါ်လာခဲ့တယ်။

စကားမစပ် Deli ကြေးက 8文(mon) ပါ။
လက်ရှိဈေးနဲ့ဆို ယန်း ၂၄၀ လောက်‌ပေါ့ ..

နောက်ပိုင်း စက်ဘီးနဲ့ဆိုင်ကယ်တွေပေါလာတာနဲ့အတူ ဆိုင်ဝန်ထမ်းတွေကလည်းမြန်မြန်ဆန်ဆန်ပို့လာနိုင်တာကြောင့်
အဲ့ဒီ Deli လုပ်ငန်းလည်းပျက်သွားပါတယ်။
ဒါပေမဲ့အခုတော့ Ube Eats အနေနဲ့ပြန်ရောက်လာပါပြီ..

ယခင်နည်းလမ်းဟောင်းက ခေတ်ရေစီးကြောင်းနဲ့ကိုက်ညီတဲ့လုပ်ငန်းတစ်ခုအဖြစ် ပြန်ရောက်လာတယ်လို့လည်းပြောလို့ရပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: