ဦးတည်ရာမပါတဲ့ လေယာဉ်ခရီးစဉ် ရေပန်းစားလျက်ရှိ !!!!

နိုင်ငံခြားခရီးသွားလာခြင်းကို ကမ္ဘာအနှံ့ကန့်သတ်ချက်များကြောင့် ပျံသန်းရန်ခက်ခဲနေဆဲပါ။ပြည်တွင်းပျံသန်းမှုအရေအတွက်က တဖြည်းဖြည်းပြန်လည်တိုးပွားလာသော်လည်း Corona ကိုကြောက်ရွံ့သောကြောင့် ကျေးလက်ဒေသများသို့သွားရောက်လည်ပတ်ရန်ခက်ခဲနေဆဲပါပဲ။

ဤအတောအတွင်း ပျံသန်းနိုင်ခြင်းမရှိဘဲ စောင့်ဆိုင်းနေသောလေယာဉ်များကို ကောင်းစွာအသုံးချသည့် ၀န်ဆောင်မှုများကတော့ ကမ္ဘာတစ်ဝှမ်းလုံးတွင်ပေါ်လာပါတယ်။ဦးတည်ရာမပါတဲ့လေယာဉ်တဲ့…

ရိုးရိုးလေးပြောရမယ်ဆိုရင်တော့ လေယာဉ်ပေါ်တက်ပြီး ကောင်းကင်မှာပျံဝဲပြီး လေဆိပ်ကို ပြန်ရောက်တဲ့ Flight ပါပဲ။အခုတစ်ခါကတော့ ဂျပန်လေကြောင်းလိုင်း JAL ကပြုလုပ်နေတဲ့လေယာဉ်တွေကိုကြည့်ရအောင်။

၎င်းလေယာဉ်က B767-300ER ဖြစ်ပါတယ်။

https://blog.goo.ne.jp/atis128/e/68d31114d026430f6950d5403ec1ac76

 

ဒီလေယာဉ်ဟာ နိုင်ငံတကာလေကြောင်းများအတွက် အဓိကအသုံးပြုတာဖြစ်ပြီး ပုံမှန်လေယာဉ်ထက် အနည်းငယ်ပိုကြီးသောလေယာဉ်ဖြစ်ပါတယ်။
လမ်းကြောင်းနှစ်ခုရှိပါတယ်။ နှလုံးပုံစံနှင့်ဖဲကြိုးပုံစံ ။

https://press.jal.co.jp/ja/release/202009/005752.html

 

ကောင်းကင်ကနေ ဤသို့သော လှပတဲ့ နေ၀င်ချိန်ကိုသင်တွေ့နိုင်ပါတယ်။(လင့်ကိုနှိပ်ပါ)

https://blog.goo.ne.jp/norakuro50/e/1631a4d6f5f71797f2294f324edc9f29

ထို့နောက် ကောင်းကင်မှရှုခင်းများကိုကြည့်ရှုရင်း၊
ဥပမာ – လှပသောကြယ်တွေနဲ့ ညကောင်းကင်ကို မြင်ကွင်းတွေလိုမျိုး လေယာဉ်ပျံကောင်းကင်ပေါ်မတက်ဘဲ သင်မမြင်နိုင်တဲ့ ရှုခင်းတွေကြည့်ရင်း လေယာဉ်ပေါ်မှာ အစားအသောက်စားမယ်။

အရင်တုန်းက သင်လေယာဉ်ပေါ်ကနေ အပြင်ကိုမကြည့်ဘဲ အစာမစားဘဲအိပ်ပျော်သွားဖူးတယ်ဆိုရင် ဒီရှုခင်းတွေကို ကြည့်စေချင်ပါတယ်။
အရင်ကမမြင်ဖူးတဲ့အရာတစ်ခုကို အခုမှမြင်မိလို့ နောင်တရမိနိုင်တယ်နော်။

ဦးတည်ရာမပါဘဲ စီးရတဲ့ သုံးနာရီခွဲကြာလေယာဉ်။
ဒီလိုမျိုးပဲကမ္ဘာအနှံ့ရှိလေကြောင်းလိုင်းများကလည်း အလားတူကြိုးပမ်းမှုများကိုပြုလုပ်နေလျက်ရှိပါတယ်။

တကယ်ကိုပဲ ဦးတည်ရာပါတဲ့ခရီးစဉ်နဲ့အတူလေထဲမှာ အမြန်ဆုံးခရီးပြန်သွားနိုင်ရမယ်လို့မျှော်လင့်မိပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: