အာရုံစိုက်မှုကသင့်အားနံပါတ် ( ၁ ) ဖြစ်စေမယ် !!!!

အောင်မြင်တဲ့သူတွေဟာ အာရုံစိုက်နိုင်တယ်။
ဒါဟာ ဟိုးအရင်ကတည်းက ပြောနေကြစကားဖြစ်လို့ တကယ်များလား ?တကယ့်လက်တွေ့မှာ အာရုံစူးစိုက်နိုင်လို့ ဂျပန်မှာ No.1 အထိတက်သွားတက်သူရှိပါတယ်။သူကတော့ Hideyoshi Toyotomi ဆိုသူပဲဖြစ်ပါတယ်။

https://mag.japaaan.com/archives/98738

ထိုအချိန်တုန်းက ဆာမူရိုင်းရဲ့ ကလေးများသည်ဆာမူရိုင်းဖြစ်လာကြသလို လယ်သမားရဲ့ကလေးများသည်လည်း လယ်သမားများဖြစ်လာကြရတဲ့ အချိန်ပေါ့။
ကလေးများက မိဘများရဲ့အလုပ်အကိုင်ကို လွှဲပြောင်းယူခြင်းဟာ သဘာဝကျသည့်အချိန်တစ်ခုဖြစ်ခဲ့ပြီး မူလဆင်းရဲသောလယ်သမားတစ်ဦးအနေမှ သူဟာ ဆာမူရိုင်းတို့သွားရာလမ်းကိုရောက်အောင် စိတ်အားထက်သန်စွာ ကြိုးစားခဲ့တဲ့သူတစ်ယောက်ပါ။

သူသည် Nobunaga Oda ထံတွင်အမှုဆောင်ခဲ့ပါတယ်။
အင်အားဖြင့် ဂျပန်စည်းလုံးညီညွတ်ရေးအတွက် ရည်မှန်းချက်ဖြင့်
ပြင်းထန်တဲ့ အရှိန်အဟုန်နှင့်အတူ ရှေ့သို့လှမ်းချီနေတဲ့ Nobunaga

Hideyoshiဟာ ဘာပဲဖြစ်ဖြစ်ဆာမူရိုင်းလမ်းကိုသွားနိုင်ဖို့
အစပိုင်းတွင် သူသည်လက်အောက်ခံအဖြစ် Nobunaga လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ပြီးတော့ သူက အမြဲ Nobunaga ကိုပျော်ရွှင်စေမယ့်အရာကိုလည်း စဉ်းစားရင်းတာဝန်ထမ်းဆောင်ခဲ့ပါတယ်။

နှင်းတွေဖုံးလွှမ်းနေသောနေ့တစ်နေ့မှာပေါ့ . . .
Nobunaga က အပြင်ထွက်ဖို့ပြင်တဲ့အခါ သူ့ရဲ့ မြက်ဖိနပ်ကို ရှာမတွေ့ဘူးဖြစ်နေတယ်။ ဟေ့မျောက်! ငါ့မြက်စီးဖိနပ်လည်းမရှိဘူး။ !!

Nobunaga က အသံကျယ်ကျယ်နဲ့အော်ပြောလိုက်ပါတယ်။ဟုတ်ပါတယ်။ Hideyoshi ဟာ မျောက်နဲ့ဆင်လို့ဆိုပြီး ချစ်စနိုးနဲ့ခေါ်တာပါ။
ထိုအခါ Hideyoshi က Nobunaga ရဲ့ ဖိနပ်ကိုသူ့ရဲ့ ရင်ခွင်ထဲမှထုတ်ယူလိုက်ပြီး
“ နွေးသွားပါပြီ!” လို့ပြောကာ Nobunaga ရဲ့ခြေထောက်မှာဝတ်ဆင်ပေးလိုက်ပါတယ်။

ဒီကနေပြီး Nobunaga ကို စိတ်တိုင်းကျစေခဲ့ပါတယ်။
တစ်ချိန်တည်းမှာ ဆာမူရိုင်းတို့ရဲ့လမ်းစဉ်ကိုရောင်အောင်ကြိုးစားရှေ့ဆက်ခဲ့ပါတယ်။
ပတ်၀န်းကျင်ရှိ ဆာမူရိုင်းများရဲ့လှုပ်ရှားမှုကို အနီးကပ်ကြည့်ပြီး Nobunaga ကို နှစ်သက်စေမယ့်အရာတွေကိုလည်း ကြည့်ကာ ဘယ်စစ်ပွဲမျိုးကိုလုပ်တဲ့အခါ ရှုံးမလား
အနိုင်ရမလား စသဖြင့် လေ့လာခဲ့ပါတယ်။

ထိုအကြောင်းကြောင့် သူဟာ တတ်နိုင်သမျှ ပတ်ဝန်းကျင်ကို အာရုံစိုက်မှုနှင့်အတူ လေ့လာသင်ယူခဲ့ပါတယ်။Hideyoshi သည် ဗဟုသုတများလေ့လာရရှိခဲ့ခြင်းက‌နေမှတစ်ဆင့် ကန ဦး စစ်ပွဲငယ်တစ်ခုတွင် ပါဝင်ခဲ့ရပါတယ်။
ထိုပွဲမှာအောင်မြင်ခဲ့ပြီး အဲဒီပွဲထက်ပိုကြီးတဲ့ အရာတို့ကို ထပ်မံအောင်မြင်အောင်ကြိုးစားခဲ့ပါတယ်။

Nobunaga အသတ်ခံရပြီးတဲ့နောက်ပိုင်းမှာ သူဟာကြီးပြင်းလာတယ်။ Hideyoshi ဟာ ပတ်ဝန်းကျင်ကို စေ့စေ့နားထောင်တတ်ပြီး အာရုံစိုက်တတ်တဲ့ မာစတာဖြစ်ပါတယ်။
အာရုံစိုက်တတ်ခြင်း တစ်နည်းအားဖြင့် စေ့စေ့နားထောင်တတ်ခြင်းသည် အောက်ပါအကျိုးသက်ရောက်မှုများရှိပါတယ်။

ကိုယ့်ရဲ့ ပတ်ဝန်းကျင်ပတ်လည်ကလူတွေက ကိုယ့်ကိုသဘောကျလာစေတယ်။အနားမှာရှိတဲ့သူများရဲ့ ခံစားချက်နှလုံးသားကိုဖတ်ရှုနိုင်လာတယ်။
ပတ်၀န်းကျင်မှာရှိတဲ့ သူများရဲ့အောင်မြင်မှုများနှင့်အောင်မြင်မှုများကိုလေ့လာနိုင်လာတယ်။
အာရုံစူးစိုက်မှုက အောင်မြင်ရန်အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ အခြားပါတီ၊တစ်ဖက်လူကို တခုခုကိုလုပ်ဖို့ပဲလိုတယ် ဆိုတာမျိုးဟာ မိုက်မဲတဲ့အရာပါ။
အဲဒါကိုအောင်မြင်မှုလို့ မဆိုလိုပါဘူး။

အခြားသူနှင့်သင့်ပတ်၀န်းကျင်ကိုအနီးကပ်ကြည့်ပါ။ အခြားသူ ဘာရှာနေတာလဲ။
မင်းပတ်လည်မှာရှိတဲ့လူတွေကမင်းကိုဘယ်လိုမြင်လဲဒါတွေကိုကြည့်နေစဉ် အကောင်းဆုံးနည်းလမ်းကိုစဉ်းစားပြီး အနည်းဆုံး လိုအပ်သောလှုပ်ရှားမှုများဖြင့်အောင်မြင်အောင်ကြိုးစားကြည့်ပါ။

အသုံးမ၀င်သောလှုပ်ရှားမှုများနှင့် မှတ်ချက်များသည် သင့်ပတ်၀န်းကျင်ရှိသူများကိုမကောင်းတာဖြစ်တွေဖြစ်စေပါတယ်။
အာရုံစိုက် စေ့စေ့နားထောင်ပြီး လူတိုင်းရဲ့စရိုက်နှင့်အတွေးများကို ခန့်မှန်းပါ။
အခြားလူတစ်ဦး မှားယွင်းမိတဲ့အခါ သူလက်ခံနားထောင်နိုင်သည့်အချိန်တွင် ကောင်းစွာဖြောင့်ဖျပြောဆိုပေးပါ။

အဲဒီလိုလုပ်နိုင်ဖို့ သင်ဟာဂရုစိုက်ပြီး အခြားသူရဲ့ခံစားချက်အပြောင်းအလဲတွေကို သတိပြုတတ်မိရမယ်။
သူကအရမ်းဂရုစိုက်တတ်တဲ့သူ၊အာရုံစိုက်တတ်တဲ့သူပါ။
အဲဒါကြောင့် ဆင်းရဲတဲ့လယ်သမားတစ်ယောက်ကနေ ဂျပန်နိုင်ငံရဲ့နံပါတ် ၁ နေရာ ကိုချက်ချင်းတက်နိုင်ခဲ့ပါတယ်။

ဒီခေတ်ဟာ Hideyoshi ခေတ်နဲ့အလွန်ကွာခြားပြီး မည်သူမဆိုအောင်မြင်ဖို့ ပိုပြီး အခွင့်အရေးရှိပါတယ်။
အာရုံစူးစိုက်မှုအပေါ် ကို သင်ကြိုးစားကြည့်ချင်ပါသလား?

ဥပမာအားဖြင့်၊ သူဌေးအတွက်အာရုံစူးစိုက်မှုသင့်သူဌေးရဲ့အလုပ်ကိုဖြစ်နိုင်သမျှ အနီးကပ်ကြည့်ပြီး သင်ယူလေ့လာပါ။
အစားထိုးကူညီပြီး အလုပ်လုပ်နိုင်ခွင့်ရတဲ့အထိ ကြိုးစားလုပ်ဆောင်ပါ။

သူဌေးအတွက်လည်း ကောင်းတဲ့အပြင် သင့်ကိုလည်း အလုပ်လုပ်ခွင့်ပြုပါလိမ့်မယ်။

→သင့်ရဲ့အလုပ်မှာတိုးပွားလာပြီး သင့်ကိုယုံကြည်မှုလည်းတိုးလာလိမ့်မယ်။
လေးလံသောခရီးဆောင်အိတ်များကိုလည်း အစားသယ်ဆောင်ပေးပါ။ လိုအပ်တဲ့ အသေးဖွဲပဲဖြစ်ဖြစ် အာရုံစိုက်ပေး၊ ဂရုစိုက်ခံရရင် မပျော်တဲ့သူ ဘယ်ရှိမလဲနော်။

ဖောက်သည်များအတွက်အာရုံစူးစိုက်မှုတစ်ဖက်သတ်ပြောမည့်အစား
တစ်ဖက်လူရဲ့မျက်လုံးကိုကြည့်ပြီး သူတို့၏ခံစားချက်များကိုစဉ်းစားပေးကာ ပြောပါ။
အတူတူအပြန်အလှန်ပြောပါ။
ကိုယ်ကပဲလိုရာကိုမပြောမိစေပါနဲ့။

တူညီသောရလဒ်ကို ရချင်လျှင်ပင် သင့်ရဲ့ ဂရုစိုက်တတ်ပြီး သူ့ရဲ့နှလုံးသားနှင့် အကျွမ်းတဝင်ရှိသည်ဟုထင်သောအခါ အခြားတစ်ဖက်လူမှ သင့်ကို သက်သောင့်သက်သာတုံ့ပြန်နိုင်ပါလိမ့်မယ်။
အာရုံစူးစိုက်မှုကို ဘဝတိုးတက်ရေးအတွက် ကျင့်သုံးကြည့်မလား ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: