Motivation switch ကိုဖန္တီးယူရေအာင္ ..

အလုပ်မှာထူးချွန်တဲ့လူဟာ ဂိမ်းဆော့တာလည်းတော်ပါတယ်.
တကယ်ပါ
အလုပ်ချည်းပဲလုပ်နေသူတစ်ယောက်ဟာ အလုပ်မှာထူးချွန်သူတစ်ယောက်လို့မဆိုနိုင်ပါဘူး..
တခြားလူဆီကနေ ကစားတာနဲ့အလုပ်ရဲ့ကွဲပြားမှုကိုမြင်တွေ့ဖို့ခက်ခဲတာကြောင့်ပဲဖြစ်ပါတယ်။
ထူးချွန်တဲ့လူကတော့ သေချာပေါက် ပြောင်းလဲနိုင်ကြပါတယ်။

အဲ့ဒီပြောင်းလဲနိုင်ခြင်းရဲ့ ခလုတ်လည်း သူတို့မှာရှိပြီးသားပါ..
ကိုယ်ကိုတိုင်ကWork mode ဖြစ်သွားမယ့်ခလုတ်က တစ်ယောက်နဲ့တစ်ယောက်တော့မတူပါဘူး…

suit ဝတ်ပြီး နက်ကတိုင်စည်းလိုက်တဲ့အခါ Work mode ဖြစ်သွားတဲ့လူရှိသလို..
မနက် ရုံးမှာကော်ဖီတစ်ခွက်သောက်လိုက်ရတာနဲ့ Work mode သွားသူလည်းရှိပါတယ်။
တစ်ချို့ဆို ချော်ကလပ်တစ်ကိုက်စားလိုက်ရရင်ကိုလုပ်ချင်သွားတာတို့….
မိတ်ကပ်လိမ်းလိုက်ရင်တို့ …
မိမိနှစ်သက်တဲ့ သီချင်းနားထောင်လိုက်ရရင်တို့…

ဘာပဲဖြစ်ဖြစ်ကောင်းပါတယ်.
ငှက်ပျော်သီး ၁ လုံးစားလိုက်ရလို့ Work mode ဖြစ်သွားတယ်ဆိုတာကလည်း ကောင်းပါတယ်။

တစ်ခြားလူဘက်ကနေကြည့်ရင်တော့ အဓိပ္ပါယ်ရှိလို့လာ? လို့ပြောကောင်းပြောနိုင်ပေမဲ့ ..မိမိသာအဆင်ပြေမယ်ဆိုကောင်းပါတယ်။
ဒီဟာက self-suggestion ကိုယ့်လိုအပ်ချက်ကိုကိုယ်တိုင်အကြံပြုခြင်းတစ်ခုလည်းဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့အပြုအမှုကိုလုပ်လိုက်ခြင်းဖြင့် မိမိရဲ့စိတ်ကိုပြန်ပြောင်းလဲနိုင်တယ်။’
နောက်ပြီးအလုပ်ပေါ်လည်း ပြန်လည်အာရုံစိုက်နိုင်တယ်။

 

https://shigoto-r.com/wp-content/uploads/2014/02/4a04ac4e786496c0ceb0d7c0548b559c.jpg

 

self-suggestion ကိုပေါ့ပေါ့လေးမြင်တတ်သူတွေ တော်တော်များများရှိကြတယ်။ ဒါပေမဲ့ ယုံကြည်တဲ့လူမှာတော့ ကြီးမားတဲ့စွမ်းအားတွေကိုပေးပါတယ်။
တကယ်က စာဖတ်သူတို့မှာ ကိုယ်တိုင်မသိတဲ့စွမ်းအားတွေကိုပိုင်ဆိုင်ထားပြီးသားပါ.. သို့သော်အဲ့ဒါကို အသုံးမချတတ်ကြဘူး..
အကြောင်းကတော့ အာရုံမစုစည်းနိုင်လို့ပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ်ငါ့မှာ Great ability မရှိပါဘူးလို့ထိုင်အော်နေသူဟာ တကယ်တော့မိမိ့အစွမ်းအစကိုကန့်သတ်ထားလို့ပါ..
အဲ့ဒီလိုမတွေးမိအောင်ကြိုးစားပေမဲ့ မသိစိတ်ကနေအစွမ်းအစကိုကန့်သတ်ပြီး အရာအားလုံးကိုကြည့်နေကြတာပါပဲ….

ဒါကိုကျော်လွှားဖို့ စိတ်ပိုင်းဆိုင်ရာစွမ်းအားကိုပေါင်းထည့်လိုက်တာက Self-suggestion ပဲဖြစ်ပါတယ်။

ငါဟာတတ်နိုင်တယ်! ငါသာဆိုရင်တတ်နိုင်တယ်! ငါမှမလုပ်ရင်ဘယ်သူလုပ်မလဲ !

နှလုံးသားရဲ့ဟိုးးး အောက်ခြေကနေ ဒီလိုတွေးတဲ့လူတွေလောက်သာ အခက်အခဲမှာကိုကျော်ဖြတ်နိုင်ပြီး မိမိရဲ့အနာဂတ်စွမ်းအားကို Demonstrate လုပ်ကာ၊ စွမ်းအားတွေကိုပိုပြီးမြင့်တင်နိုင်ကြခြင်းပင်ဖြစ်ပါတယ်.

Manga လောကထဲမှာလည်းရှိတယ်လေနော်?
Dragon Ball မှာ Son Goku, one piece မှာတော့ Luffy, အကြပ်အတည်းကာလထဲမှာ willpower နဲ့အတူ စွမ်းအားတွေမြင့်တက်လာတဲ့ပုံစံပါ..

ဒါဟာ အမှန်တရားပါ…
ဂျပန်ရဲ့စိုက်ပျိုးရေးမှာသဘောထားကွဲလွဲမှုဖြစ်စေနိုင်တဲ့ နည်းပညာအသစ်က မူပိုင်ခွင့်ကိုယူခဲ့ပါတယ်။
FREEZE-THAW AWAKENING METHOD ဆိုတဲ့နည်းလမ်းနဲ့ အပင်ရဲ့အစေ့မှာ ice age ကိုဖြစ်စေပြီး positive ဖြစ်ဖို့ vibration ပေးလိုက်မယ်ဆို အံ့သြစရာကောင်းတဲ့ မျိုးစေ့ဖြစ်လာပါလိမ့်မယ်။

ဒီနည်းကြောင့် vinyl house တွေကိုမသုံးရင် ဂျပန်မှာစိုက်လို့မရတဲ့ ငှက်ပျော်ပင်၊ ကော်ဖီ၊ သင်္ဘောသီးအစရှိတာတွေကို စိုက်နိုင်လာခဲ့ပါတော့တယ်။
ခုချိန်မှာတော့ လူသားတွေဟာ ခန္ဓာကိုယ်ပင်ပင်ပန်းပန်းလုပ်စရာမလိုတော့ပါဘူး။
ခလုတ်ကို ပြောင်းနိပ်လိုက်ပြီး “ ကျွန်တော်လုပ်နိုင်တယ်” လို့တွေးကာ ယုံကြည့်မှုရှိရှိနဲ့ အလုပ်မှာအကောင်းဆုံးကြိုးစားပြလိုက်ပါ…

အလုပ်တွေပြီးမြောက်သွားပြီဆိုရင်တော့ မိမိလုပ်ချင်တာလုပ်ပါ..
အရည်အသွေးကို ပေါင်းထည့်ပေးမယ့်ကိုယ်ပိုင်ခလုတ် သင်ရောလိုချင်ပါသလား…

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: