ခြေတစ်ဖက်ဖြတ်ထားရတဲ့မော်ဒယ် သူမရဲ့စိတ်ဓါတ်ကြံ့ခိုင်မှုကဘာကြောင့်လဲ?

Amane စံဆိုတဲ့မိန်းကလေးဟာ ကုသလိုမရတဲ့ရောဂါကြောင့် ခြေထောက်တစ်ဖက်ဆုံးရှုံးလိုက်ရတာဟာ အခုဆို ၆ နှစ်ရှိနေပါပြီး၊..
အသက် (၃) နှစ်အရွယ်ကနေစပြီး ကလေးမော်ဒယ်အဖြစ် မော်ဒယ်လောကထဲကိုဝင်လာခဲ့ပြီး Idol တစ်ယောက်အနေနဲ့လည်း လှုပ်ရှားမှုတွေရှိတဲ့ Amane စံဟာ၊ မူလတန်း (၆) နှစ်အရွယ်မှာတော့ ပြင်းထန်တဲ့ရောဂါကို ခံစားလာရပါတယ်။
ညာခြေထောက်ဟာ ပျက်ဆီးပြီးပုပ်သွားကာ၊ အသက်အန္တရာယ်ကိုပါခြိမ်းခြောက်ခဲ့တဲ့အခြေအနေ ဖြစ်ခဲ့ပါတယ်။

အသက်ကိုပါ ဆုံးရှုံးနိုင်ချေရှိတဲ့ အဲ့ဒီညာခြေထောက်ကို ဖြတ်ပစ်ရုံကလွဲပြီး မရှိခဲ့ပါဘူး။
သို့သော် ဒီလိုဖြတ်လိုက်ပြီးနောက်မှာတောင် သူမရဲ့အိပ်မက်ဖြစ်တဲ့ မော်ဒယ်အလုပ်ကိုအရှုံးမပေးခဲ့တဲ့ သူမရဲ့အံ့သြလောက်စရာ စိတ်စွမ်းအားကဘာဖြစ်မလဲ?

https://news.yahoo.co.jp/articles/516ee3038dbf268aadc55a8416cbf4182d80fb84

 

အသက် ၃ နှစ်ကတည်းက မော်ဒယ်လောကထဲကိုဝင်ရောက်လာခဲ့ပြီး၊ အသက် ၁၀ နှစ်မှာတော့ အလုပ်နယ်ပယ်ချဲ့ဖို့ရန်အတွက် အကသင်တန်းကျောင်းကိုပါ သွားရောက်တက်ခဲ့ပါသေးတယ်.
ချက်ချင်းပဲ ဆရာတွေရဲ့သဘောကျမှုခံရကာ၊ idol group ထဲပါဝင်ဖို့ ကမ်းလှမ်းခြင်းခံရပါတယ်။
သူမဟာ ကလေးမော်ဒယ်တစ်ယောက်အနေနဲ့ရော၊ idol အလုပ်တွေမှာပါ အရမ်းကိုအလုပ်ရှုပ်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။
ကင်မရာရှေ့ရောက်ပြီဆိုတာနဲ့ မျက်နှာကလုံးဝပြုံးသွားသူတစ်ယောက်ပေါ့….

တောက်ပနေတဲ့အနာဂတ်က သူမကိုစောင့်နေမယ်လို့တွေးခဲ့တဲ့သူမရဲ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲမှုကြီးဖြစ်သွားခဲ့ပါတယ်။
တစ်ရက်သောနေ့ကနေစပြီး မကြာခဏဆိုသလိုနှာခေါင်းသွေးလျှံလာကာ လက်ချောင်းထိပ်တွေဟာလည်း ခရမ်းရောင်သို့ပြောင်းလဲလာခဲ့ပါတယ်။
လက်အဆစ်အမြစ်တွေကိုက်လာပြီး ညရောက်လာပြီဆို စူးစူးဝါးဝါးအော်ဟစ်ရလောက်တဲ့အထိ နာကျင်လာခဲ့ပါတယ်။

သွားနေကြဆေးရုံမှာပြသပေမဲ့ ရောဂါအကြောင်းရင်းမသိရဘဲ၊ အဲ့ဒီဝေဒနာနဲ့ လမ်းမလျှောက်နိုင်လောက်တဲ့အထိဆိုးဝါးလာကာ၊ ညာခြေထောက်ထိပ်လေးတွေ စပြီးပုပ်လာပါတော့တယ်.
မူလတန်း ဘွဲ့ယူတဲ့အခမ်းအနားတောင်မသွားနိုင်ဘဲ၊ ကိုယ်အလေးချိန်ဟာလည်း သိသိသာသာ ၂၈ ကီလိုအထိကျသွားခဲ့ပါတယ်။

ဒီဝေဒနာကြောင့် သူမရဲ့စိတ်အခြေအနေဗရမ်းဗတာဖြစ်ကုန်ကာ၊ ကလေးငယ်တစ်ယောက်ကဲ့သို့ ဘာမှမလုပ်နိုင်မကိုင်နိုင်ဖြစ်သွားပါတော့တယ်။

အဲ့ဒီအထဲမှာ ဝေဒနာတစ်ဝက်လောက်အထိသက်သာလာခဲ့ပေမဲ့၊ ညာခြေထောက်ကတော့ မဖြတ်ရင်မရတော့တဲ့အခြေအနေသို့ ရောက်ခဲ့ပါတယ်။

Amane စံဟာ သူမရဲ့ညာခြေထောက်ဖြတ်ပစ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့အကြောင်းရင်း တစ်ခုရှိပါတယ်။
ခြေထောက်ကိုဖြတ်လိုက်မယ်ဆို ဝှီးချဲနဲ့အိပ်ယာပေါ်မှာပဲနေရတဲ့ဘဝကနေ ရုန်းထွက်နိုင်ပြီး၊ မိမိဘာသာလမ်းလျှောက်နိုင်လာမယ်။
လင်းလဲ့နေတဲ့ သူမရဲ့မျှော်လင့်ချက်ကိုပွေ့ပိုက်ပြီး Amane စံတစ်ယောက် ခွဲစိတ်ဖို့ကို လက်ခံလိုက်ပါတော့တယ်။

ခွဲစိတ်မှုအပြီး၊ ဒီတစ်ခါတော့ နာကျင်မှုတွေနဲ့အတူ စိတ်ပြန်လည်တက်ကြွမှုတွေဟာ သူမကိုစောင့်ကြိုနေခဲ့ပါတယ်။

ခွဲစိတ်မှုအပြီး ၁ လကြာလောက်မှအစပြုရမယ့်အရာတွေကို၊ ၁ ပတ်အကြာနောက်ပိုင်ကနေ သူမစလုပ်နေခဲ့ပြီး, ၃ လအကြာလောက်လုပ်ရမယ့်အရာတွေကိုတော့ ၁ လလောက်နဲ့သာ လုပ်ဆောင်ပြီးစီးနေခဲ့ပါပြီ….

သူမဟာ ဝှီးချဲမဟုတ်ဘဲ ကိုယ်ပိုင်ခြေထောက်နဲ့လမ်းလျှောက်ရတာကို ပျော်ရွှင်လာခဲ့ပါတယ်။
ဆေးရုံဆင်းပြီး အိမ်ပြန်ရောက်တဲ့အခါ စက်ဘီးလည်းစီးသလို၊ မပြေးရဘူးလို့မှာထားတဲ့အရာမှာလည်း စိန်ခေါ်မှုတွေလုပ်လာပါတယ်။
လက်ရှိမှာတော့ သူမခြေအတုနဲ့လမ်းလျှောက်နေတာကိုတောင် သတိမထားမိသူများလာလောက်တဲ့အထိ သူမဟာအသားကျပြီး ကျွမ်းကျင်လာပါတယ်။

ဆေးရဲ့ side effects ကြောင့် တစ်ချိန်တည်းမှာပဲ ကိုယ်အလေးချိန် 30kg အထိတက်ခဲ့ပါတယ်တဲ့….
မော်ဒယ်တစ်ယောက်ပြန်လုပ်ဖို့နေနေသာသာ သူငယ်ချင်းတွေနဲ့ဓါတ်ပုံရိုက်ဖို့ကိုတောင် ရှောင်ပြေးခဲ့သူတစ်ယောက်ပါ…

ခြေအတုကိုဖုံးကွယ်ပြီး ပုံမှန်အခြေအနေနဲ့ နေထိုင်ရင်း မိန်းကလေးတွေသာကန့်သတ်ထားတဲ့ ပြိုင်ပွဲမှာပါဝင်ဖို့ဖိတ်ကြားခြင်းခံရပါတယ်။
နောက်ဆုံးလက်ရွေးစင်အထိ သူမရောက်သွားပါတယ်။
နောက်ဆုံးလက်ရွေးစင်မရောက်ခင် Training camp ဝင်ရပြီးတော့ အဲ့ဒီနေရာမှာ ထိတွေ့ရတဲ့လူတွေက သူမခြေထောက်အတုတပ်ထားမှန်း သိသွားပါတော့တယ်။
ဒါနဲ့ပဲ သူမကိုယ်တိုင်ပြိုင်ပွဲကနေထွက်လိုက်ပါတယ်။
မော်ဒယ်အလုပ်ကိုပဲ သူမပြန်သွားချင်ခဲ့ပါတယ်။

 

သူမစိတ်ပြောင်းသွားတာကတော့ ၂၀၁၉ ခုနှစ် ၁၀ လပိုင်းကပါ…
ခြေအတုထိန်းချုပ်မှုအတွက် Usui စံဆီသို့သွားလည်ခဲ့တဲ့ သူမဟာ၊ ခေါင်မိုးပေါ်မှာလုပ်နေတဲ့ ဓါတ်ပုံရိုက်ကူးရေးမှာ လေ့လာခွင့်ရလိုက်ပါတယ်။
ခြေအတု၊လက်အတုတွေ သုံးနေရတဲ့လူတွေကို လှပတဲ့ရှုထောင့်အမြင်နဲ့ရိုက်ကူးနေတဲ့ Amputierte Venus “切断ビーナス” ဆိုတဲ့ ဓါတ်ပုံစုစည်းတဲ့ရိုက်ကူးရေးမှာ Usui စံ ရဲ့တိုက်တွန်းမှုနဲ့အတူ အဲ့ဒီထဲကိုရောက်သွားပြီး ပါဝင်ဖြစ်သွားခဲ့ပါတယ်။

ခြေအတုနဲ့လည်း အရမ်းမိုက်တယ် !

အဲ့ဒီလိုခံစားမိသွားတဲ့ Amane စံတစ်ယောက် မော်ဒယ်ပြန်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
Training တွေလည်းခဏခဏလုပ်ပြီး၊ မော်ဒယ်ပွဲဦးထွက်ဖြစ်လာခဲ့ပါတော့တယ်။

မော်ဒယ်အဖြစ် နောက်တစ်ကြိမ်စိန်ခေါ်လိုက်တဲ့ Amane စံရဲ့ မျှော်လင့်ချက်က အရမ်းကိုရိုးရှင်းပါတယ်။

ပိုပြီးတောင် ဓါတ်ပုံတွေရိုက်လာရပါတယ် !

ခြေအတုကိုပြုံးပြုံးလေးနဲ့သာပြသတဲ့ သူမရဲ့စိတ်ဓါတ်ကြံ့ခိုင်မှုကတော့ မြင်လိုက်ရသူတွေရဲ့ နှလုံးသားကိုလုယူလိုက်နိုင်တဲ့ လှပမှုတစ်ခုပါပဲ…

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: