အခြေခံစျေးကွက်ရှာဖွေရေးဗဟုသုတ !! ကုန်ပစ္စည်းပေါ် မူတည်ပြီး ကြော်ငြာနည်းကိုပြောင်းပါ !!

marketing ဆိုတဲ့စကားလုံးဟာ ကမ္ဘာတစ်ဝှမ်းလူတိုင်းအသုံးပြုလျှက်ရှိပါတယ်။
ရှုပ်ထွေးတဲ့စကားလုံးတွေအသုံးပြုပြီး စျေးကွက်ရှာဖွေနေသူတွေက အထင်ကြီးစရာကောင်းတယ်လို့ အများစုတွေးကြမှာပါ..
ဒါဆို တကယ်ပဲ အဲ့လိုလူတွေဟာအထင်ကြီးစရာကောင်းရဲ့လား?

ရှုပ်ထွေးတဲ့ marketing နည်းလမ်းတွေနဲ့ချုပ်ကိုင်းခြင်းခံရပြီး သူတို့ရဲ့လှည့်စားခြင်းကိုမခံရပါစေနဲ့…
တကယ်တော့ ပိုပြီးတောင် လွယ်နေပါသေးတယ်။

ကျွန်တော်အရင်က Yahoo! JAPAN မှာအလုပ်လုပ်ခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း အကြီးစားကားကုမ္ပဏီ၊ အကြီးစားအချိုရည်ကုမ္ပဏီ၊ ဘီယာကုမ္ပဏီ နဲ့ ကွန်ဒိုမီနီယံတည်ဆောက်သူတွေအတွက် ဈေးကွက်ရှာဖွေရေးဗျူဟာတွေကို Consulting အနေနဲ့ လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။
အဲ့ဒီအထဲက လုပ်ငန်းတူ client company ထဲမှာမှ သေးစိပ်ကျတဲ့လူတွေနဲ့စကားပြောလာခဲ့ရပေမဲ့၊ သေချာတာကတော့ တစ်ခုရှိပါတယ်။
ခက်ခဲတဲ့စကားလုံးတွေနဲ့ ပတ်ဝန်းကျင်ကိုစည်းရုံသိမ်းသွင်းမယ်လို့ လုပ်တဲ့လူတွေဆီမှာ အထူးကျွမ်းကျင်မှုဆိုတာမရှိပါဘူး…
သင်တို့ကိုယ်တိုင်ကလည်း ခက်ခဲတဲ့စကားလုံးတွေကိုအသုံးပြုမှ marketing ဆန်တယ်လို့ ထင်နေကြတယ်မဟုတ်လား…
တကယ်သာကျွမ်းကျင်မယ်ဆို၊ ဘာကြောင့်နားလည်လွယ်မယ့်စကားလုံးတွေအသုံးပြုပြီး မရှင်းပြနိုင်ရသလဲ?

ဒီတစ်တခါတော့ အဲ့ဒီလိုလူတွေအတွက် နှုတ်ပိတ်မနေတော့ပါဘူး။
ဈေးကွက်ရှာဖွေခြင်းရဲ့ အခြေခံနည်းကိုပြောပြပေးပါမယ်။
စိတ်ဖတ်တတ်ခြင်းပညာဖြစ်ပါတယ်။

ကုန်ပစ္စည်းနဲ့လိုက်ပြီး customer တွေရဲ့ ခံစားမှုဟာမတူပါဘူး….
ဥပမာပေးကြည့်ရအောင်…

ဥပမာ ဘီယာဆိုပါစို့…
သင်ဟာ ဘီယာဝယ်ဖို့ရွေးနေတဲ့အချိန် ပါဝင်ပစ္စည်းစစ်ဆေးခြင်း၊ အရောင်စစ်ဆေးခြင်းတွေကို အသေးစိပ်လုပ်ပါသလား?
ဒီလိုအသေးစိပ်စစ်တဲ့လူတွေလည်း ရှိကောင်းရှိမှာပါ.. သို့သော် လူအများစုကတော့ အဲ့လောက်အထိစိတ်မဝင်စားကြဘူးနော်…..
ချက်ချင်းဝယ် ချက်ချင်းသောက်ပစ်လိုက်ကြတာမျိုးတွေ….

လူသုံးကုန်ပစ္စည်းဆိုတဲ့စကားလုံးဟာ customer တွေနဲ့ပိုရင်းနှီးနေတယ်ပေါ့….
အဲ့ဒီလိုအချိန် လိုအပ်တာက “ အရမ်းကောင်းတယ်” “ အရမ်းချစ်စရာကောင်းတယ်” ဆိုတဲ့ image ကို customer တွေရဲ့ ခေါင်းထဲရောက်သွားအောင် လုပ်ဖို့ပါပဲ..

အရှိန်အဟုန်ကောင်းကောင်းနဲ့လှုပ်ရှားနိုင်ဖို့ကအရေးကြီးပါတယ်။
ဒါပေမဲ့ အဲ့ဒီနေရာမှာ အသေးစိပ်ကြီးလိုက်ရှင်းပြနေမယ်ဆိုရင်တော့ အကျိုးရှိတော့မှာမဟုတ်ပါဘူး…

 


https://encrypted-tbn0.gstatic.com/images?q=tbn%3AANd9GcSoFLUGfSoOVJK_qciepcTfGoNGpqLT5NLd8w&usqp=CAU

 

တစ်ဖက်မှာလည်း အမြဲတမ်းဝယ်ဖြစ်တဲ့အရာမဟုတ်တာတွေကတော့ ကားတွေနှင့်ကွန်ဒိုမီနီယံတွေ ဆိုကြပါစို…
ဝယ်မယ့်အချိန်ထိ သေသေချာချာအချိန်ယူကြပြီး၊ အသေးစိပ်ကျကျကိုစစ်ဆေးကြတယ်နော်?
ဘာမှသိပ်မစဥ်းဘဲချက်ချင်းဝယ်လိုက်တဲ့ ပိုက်ဆံချမ်းသာသူတွေရှိနိုင်မှာပါ…………..
ဒါပေမဲ့၊ လူအများစုကတော့ လေးလေးနက်နက်စဥ်းစားပြီးတော့မှ ဝယ်ကြပါတယ်။
အဲ့ဒီတော့မှလိုအပ်တာက အသေးစိပ်ရှင်းပြမှုပါ…

ဒီအသေးစိပ်ရှင်းပြမှုက ကွန်ဒိုတွေဝယ်တော့မယ်၊ ကြီးကြီးမားမားပစ္စည်းတွေဝယ်တော့မယ့်အချိန်မှာ အသုံးပြုဖို့အဆင်ပြေပေမဲ့,
နေ့တဓူဝသုံးနေတဲ့ပစ္စည်းတွေအတွက်တော့ မလိုအပ်ပါဘူး..

————-

ကဲ ဒါဆိုရင် နောက်တစ်ခုကကြော်ငြာနည်းကိုရွေးချယ်ပါ..

https://www.earningdiary.com/wp-content/uploads/2018/04/Get-Success-as-an-investment-teacher.jpg

 

သင်ကိုင်တွယ်နေရတဲ့ကုန်ပစ္စည်းရဲ့ထူးခြားချက်ကိုသာ သင်သိမယ်ဆို နောက်တစ်ဆင့်ကတော့ အကောင်းဆုံးကြော်ငြာနည်းကိုရွေးချယ်ရုံသာဖြစ်ပါတယ်..

နေ့စဥ်သုံးနေရတဲ့ products တွေအတွက်တော့အရေးကြီးတာက reaching နှုန်းပိုပြီးတိုးမြှင့်ဖို့သာဖြစ်ပါတယ်။
အင်တာနက်ပေါ်မှာတော့ အဲ့ဒါ banner ကအဓိကပါပဲ…..
မီဒီယာနဲ့ပြောရမယ်ဆိုရင် TV commercials, outdoor signs, leaflets တို့ ဒါတွေပါ..

TV commercials ဆိုရင်တော်တော်ဈေးကြီးပေမဲ့ ၁၅ စက္ကန့်အတွင်းမှာပဲ အသေးစိပ်ရှင်းပြနိုင်တာကြောင့် အဲ့ဒီမှာထည့်နိုင်တယ်….
ဒီကြော်ငြာတွေရဲ့ရည်ရွယ်က အထူးသဖြင့်ကျယ်ကျယ်ပြန့်ပြန့်ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုသူတွေဆီရောက်ဖို့ဖြစ်ပါတယ်။
နောက်ပြီး ရေရေလည်လည်မိုက်တယ်ဆိုတဲ့ image ကိုရရှိသွားဖို့ပါ….

TV commercials ဟာ customer တွေရဲ့ယုံကြည်မှုကို ပိုပြီးယူနိုင်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။

တစ်ဖက်မှာလည်း နေ့တဓူဝအသုံးပြုမှုမရှိတဲ့ products တွေအတွက်ကတော့ အသေးစိပ်ရှင်းပြခြင်းဖြင့် ကြော်ငြာနိုင်ပါတယ်။
မဂ္ဂဇင်းတို့ အင်တာနက်ပေါ်မှာ ဆောင်းပါးမျိုးရေးပြီး ကြော်ငြာပါ။
ထူးခြားချက်ကို သေသေချာချာလေးရှင်းပြနိုင်တဲ့ Owned Media, တစ်နည်းအားဖြင့် ကိုယ်ပိုင် မီဒီယာပေါ့….

Owned Media ရှိဖို့အရေးကြီးတယ်လို့ consultant တော်တော်များများကသာပြောကြပေမဲ့ တကယ်တမ်း ကိုယ်ပိုင် Media ကိုစီမံနေတဲ့ consultant ဘယ်နှစ်ယောက်လောက်များရှိမလဲ?

အများစုကတော့ မရှိကြပါဘူး၊ လုပ်နေလည်း scale နည်းတဲ့လူတွေကအများစုပါ..
ဒါဘာကြောင့်လဲ?
စီမံခန့်ခွဲရတာ တကယ်ကိုခက်လို့ပဲဖြစ်ပါတယ်။
နေ့တိုင်းလိုလို ဆောင်းပါးတွေရေးပြီး ဒါကိုပဲနှစ်အတန်ကြာလုပ်နေရမယ်။
ဒါမလုပ်ဘူးဆိုရင် မီဒီယာအနေနဲ့ဆက်ပြီးသွားနိုင်မှာမဟုတ်ပါဘူး..

 

https://s3.amazonaws.com/neverbounce-hosted/images/blog/build-roi-positive-email-campaign.png

 

ကျွန်တော်တို့တွေလည်း JAPO မီဒီယာထောင်ထားပါတယ်။ ၅ နှစ်နီးပါးရှိပါပြီ…
ကျွန်တော်လည်းနေ့တိုင်းလိုလို (၁) ရက်ကို ဆောင်းပါး ၂ ပုဒ်လောက်ရေးနေတဲ့အတွက် အဲ့ဒီပင်ပန်းမှုကို ကောင်းကောင်းကြီးသိပါတယ်။

ဒါကြောင့် သင်ကိုယ်တိုင်လုပ်ဖို့စဉ်းစားမယ်ဆိုရင်၊ သင့်ကိုယ်ကိုအရင်ပြင်ဆင်ထားဖို့လည်း လိုအပ်ပါတယ်။
ဒီလိုမှမလုပ်နိုင်ဘူးဆိုရင်တော့ အခြားမီဒီယာတွေမှာ ဆောင်းပါးကြော်ငြာထည့်ဖို့ကိုပဲ အကြံပေးလိုက်ပါတယ်။

Bannerကြော်ငြာက တစ်ဖြည်းဖြည်းဈေးကျလာတာကြောင့် အခုနောက်ပိုင်း သက်သက်သာသာနဲ့reaching တက်အောင်လုပ်လိုရနိုင်ပါပြီ…
အကယ်၍ သင့်ရဲ့ products က နေ့တဓူဝသုံးတဲ့အရာမဟုတ်ဘူးဆိုပေမဲ့… reaching ဖြစ်နေမှာပါ..
ဒါဟာအလကားမဟုတ်ပါဘူး…
reaching ကြောင့်မမျှော်လင့်ဘဲ ထိရောက်မှုရှိသွားချင်လည်းရှိသွားမှာပါ…

reaching အ‌ရေအတွက်ချည်းပဲမဟုတ် ပစ္စည်းအရေအသွေးအပါအဝင် သင့်ကုန်ပစ္စည်းနဲ့လိုက်တဲ့ ကြော်ငြာနည်းကိုရွေးချည်ပါ… ဒါဟာ Smart Marketing ပါပဲ…

ဒါကြောင့် Smart Marketing ဖြစ်ဖို့ ခက်ခဲလေးနက်တဲ့စကားလုံးတွေအသုံးပြုစရာ လုံးဝ(လုံးဝ)ကိုမလိုအပ်တော့ပါဘူး ……

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: