Toshimaen ကစားကွင်းနေရာမှာ Harry Potter Studio Tour ပြန်လည်တည်ဆောက်ဖွင့်လှစ်မည် !!!!

တိုကျိုမြို့ Nerima ရပ်ကွက်ရှိ Toshimaen ကစားကွင်းကို ၈ လပိုင်းကုန်မှာပဲ ပိတ်လိုက်ပြီးဖြစ်ပါတယ်။
ထိုသို့ပိတ်လိုက်ခြင်းဟာ Toshimaen ကစားကွင်းနေရာမှာ ဟယ်ရီပေါ်တာရုပ်ရှင်ရဲ့ studio tour ရုံကြီးဆောက်လုပ်ဖို့အတွက်ဖြစ်ပြီး…..
Harry Potter ရုပ်ရှင်ရဲ့ ထုတ်လုပ်သူဖြစ်တဲ့ Warner Bros. entertainment company နဲ့ Seibu Railway Company, Ltd. တို့ရဲ့ကြားမှာ ၂ ဦးသဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။

 

https://news.tv-asahi.co.jp/news_economy/articles/000191013.html

 

ခန့်မှန်းချေ 30,000 square မီတာလောက်ရှိတဲ့နေရာမှာ ဒုတိယမြောက်ဖြစ်လာမယ့် Harry Potter studio tour ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။ ပထမဆုံးဆောက်လုပ်ခဲ့တဲ့ Harry Potter studio tour ကတော့ လန်ဒန်မှာရှိပါတယ်။
Harry Potter နဲ့ “ Fantastic Beast” စီးရီးတို့ရဲ့ ကမ္ဘာ့အမြင်ကိုပြန်လည်ထုတ်လုပ်ပြီး၊ တကယ်ထုတ်လုပ်ခဲ့တဲ့ရုပ်ရှင်တွေထဲကအတိုင်း ရှာဖွေထိတွေ့နိုင်ရုံသာမက၊ ရိုက်ကူးရေးမှာအသုံးပြုခဲ့ကြတဲ့ အဝတ်အစားတွေနဲ့ပစ္စည်းတွေကိုလည်း ခင်းကျင်းပြသထားမှာဖြစ်ပါတယ်။

 

 

ဒီအကြောင်းကိုတော့ အစောပိုင်းကာလများကတည်းက အသိပေးကြေငြာခဲ့ပြီးသားဖြစ်ပါတယ်။

Toshimaen အပန်းဖြေကစားကွင်းဟာ ခန့်မှန်းချေ ၂၁ ဟက်တာလောက်ရှိတဲ့နေရာမှာ စီးစရာမျိုးစုံနဲ့ ရေကူးကန်တွေသာမက စကိတ်ကွင်းစသည်တို့ကိုပါထည့်သွင်းထားတဲ့ တိုကျိုမြို့ရှိအဓိကအပန်းဖြေကစားကွင်းဖြစ်ပါတယ်။
တိုကျိုမြို့နေဂျပန်လူမျိုးတွေတော်တော်များများရဲ့ငယ်ဘဝမှာ Toshimaen အပန်းဖြေကစားကွင်းသို့မရောက်ဖူးသူတွေ ခပ်ရှားရှားပါပဲ။ ဒီကစားကွင်းကြီးနဲ့အမှတ်တရများစွာရှိသူတွေကလည်း ဒီပန်းခြံကြီးကိုမပျောက်ကွယ်သွားစေချင်ဘူးလို့ဆိုကြပါတယ်။

 

https://i.pinimg.com/originals/22/3b/c6/223bc63839efa5f89d5149d3a4154dc0.jpg

 

ဆက်နွယ်နေသူတွေရဲ့ပြောပြချက်အရ ဒီပန်းခြံရဲ့စီမံသူဖြစ်တဲ့ Seibu Group က တစ်ဆင့်ပြီးတစ်ဆင့် ပန်းခြံပိတ်လိုက်ဖို့ဆုံးဖြတ်ထားခဲ့ပါတယ်။

https://news.tv-asahi.co.jp/articles_img/000179656_640.jpg

 

ဒီပန်းခြံရဲ့ အများစုကိုတော့ တိုကျိုမြို့အစိုးရက ဝယ်ယူမှာဖြစ်ပြီး မီးဘေးကြုံရတဲ့အချိန် ကယ်ဆယ်ရေးနေရာအဖြစ် ထားရှိသွားမှာဖြစ်ပါတယ်။
ကျန်တဲ့နေရာကိုတော့ အမေရိကန်ရဲ့ ရုပ်ရှင်ကုမ္ပဏီကြီးဖြစ်တဲ့ Warner Bros.က ကမ္ဘာကျော်ရုပ်ရှင်ဖြစ်တဲ့ Harry Potter ရဲ့ Theme park ဆောက်လုပ်သွားမှာဖြစ်ပါတယ်။ မြန်မယ်ဆိုရင်တော့ နောင် ၃ နှစ်အကြာ နွေဦးမှာဖွင့်လှစ်နိုင်ဖို့ မျှော်မှန်းတယ်လို့ အစောပိုင်းကာလသတင်းများအရ သိရပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: