ဂျပန်နိုင်ငံ၏ Homeless အရက်ကျေးကျွန်ဘဝများ !!!!

လုံခြုံစိတ်ချရတဲ့နိုင်ငံလို့ ထင်ကြေးပေးခံရတဲ့ဂျပန်ဟာ မြို့ကြီးတစ်မြို့ရဲ့တစ်နေရာမှာတော့ လုံခြုံရေးသိပ်ပြီးမကောင်းတဲ့နေရာလည်း ရှိပါတယ်။
အဲ့ဒီမြို့မှာ နေ့လည်ကနေစပြီး အလုပ်မလုပ်ဘဲအရက်ထိုင်သောက်နေကြတဲ့ အိမ်ခြေမဲ့တွေကို များစွာတွေ့ရပါတယ်။
အိမ်ခြေမဲ့တွေအားလုံးက အရက်ကိုအရမ်းကြိုက်လို့သောက်ကြတယ် လို့တော့မဟုတ်ပါဘူး။
ဒါပေမဲ့၊ အရက်သောက်ပြီးမူးနေတဲ့ 109, 1010 တွေအဖြစ်မြင်ရပါတယ်။

 

https://tocana.jp/2020/08/post_165330_entry.html

အဲ့ဒီလိုအချိန်ဖြုန်းမယ့်နေရာမှာ အလုပ်လုပ်မယ်ဆိုရင်ရော?
စသည်ဖြင့်… အရက်သောက်ဖို့ပိုက်ဆံကို အဆင်ပြေလောက်မယ့်အင်္ကျီဝယ်ဝတ်တာတို့၊ သေသေချာချာပြင်ဆင်ထားတဲ့ ထမင်းကိုဝယ်စားလိုက်တာတို့ လုပ်မယ်ဆိုရင်?

လို့တွေးမိပေမဲ့ ဘယ်လိုမှမဖြတ်နိုင်တော့တဲ့ အရက်ရဲ့ကျေးကျွန်ဘဝ ကျရောက်သွားသူတွေပဲဖြစ်ပါတယ်။

 

ဒီလိုမြို့မှာ အရက်တွေရတဲ့ vending machine တွေထားပေးထားပြီး အဲ့ဒီထဲမှာတော့ ရက်ကြာပြီးအရောင် နောက်လာတဲ့ ဂျပန်အရက်တွေကို ဈေးသက်သက်သာသာနဲ့ရနိုင်တဲ့ vending machine လည်းရှိပါတယ်။
အရက် ၁ ဗူးကို ယန်း ၅၀ သာဖြစ်ပါတယ်။

မူလက အရောင်မရှိဘဲကြည်လင်နေတဲ့ ဂျပန်အရက်ကနေ အဖြူရောင်နောက်ကျိကျိဖြစ်သွားတယ်ဆိုတာဟာ ဓါတ်တွေပျက်လာပြီ ဆိုတဲ့လက္ခဏာပါ။ အရသာဟာလည်းပြောင်းသွားပါတယ်။
သို့သော် သူတို့တွေလိုချင်တာကတော့ အရသာကောင်းဖို့မဟုတ်ပါဘူး။
မူးနေရရင်ကျေနပ်နေကြသူတွေပါ….
ပြီးရင်ဝယ်လာတဲ့အရက်ကို ချက်ချင်းသောက်ကြတယ်။

လုံးဝကို အရက်သမားတွေပါပဲ..
ဒါဟာ ဆေးစွဲတဲ့လူတွေနဲ့တောင် သိပ်ပြီးမကွာလှတော့ပါဘူး။

 

ဒီ Homeless တွေထဲမှာတော့ အရက်ကြောင့်ပဲ Homeless ဖြစ်သွားရသူတွေက ပိုပြီးများကြပါတယ်။
သောက်တာများပြီး အိပ်ပဲအိပ်နေတာကြောင့် အလုပ်မသွားနိုင်ဖြစ်ကာ အလုပ်ပြုတ်သွားကြရတဲ့လူတွေ..
အရက်ဟာမကောင်းပါဘူး။ အရက်သောက်တဲ့အကြိမ်တိုင်း ရန်ပွဲတွေဖြစ်ကာ အလုပ်မရတော့တဲ့လူတွေ…

Homeless ဖြစ်သွားတဲ့နောက် နေ့စားအချိန်ပိုင်းအလုပ်တွေမှာဝင်လုပ်ကြပါတယ်။
ထိုအလုပ်နေရာကိုသွားဖို့ ရထားခအနေနဲ့ အရင်ပေးထားတဲ့ ယန်း ၁၀၀၀ လုံးကို အရက်သောက်ပစ်လိုက်ပြီး အလုပ်ခွင်မသွားနိုင်တော့တဲ့ လူတွေ…
စတဲ့ ..သူတို့အားလုံးဟာ အရက်မှာကျရှုံးသွားကြသူချည်းသာလျှင်ဖြစ်ပါတယ်။

 

ဒီဦးလေးကြီးကတော့
သိပ်ပြီးမသန့်ရှင်းတဲ့ချောင်းမှာ ရေချိုးခဲ့ပါတယ်။
မနေ့က ဝီစကီ ၁ လုံးသောက်ပြီး စိတ်မကြည်တာနဲ့ရေဆင်းချိုးလိုက်တာပါတဲ့…

ဗိုက်မှာ ခွဲစိပ်ထားတဲ့ဒဏ်ရာလည်းရှိပါတယ်။
အဲ့ဒီခွဲစိပ်ဒဏ်ရာက ကင်ဆာကြောင့်ခွဲစိပ်ထားရတဲ့အနာပါ။ အကြောင်းအရင်းကတော့ သေချာပေါက် အရက်ကိုအလွန်အကျွံသောက်လို့ဖြစ်ပါတယ်။

ဒါကိုတောင်ထပ်ပြီးသောက်ပါတယ်။
ကျန်းမာရေးအရမ်းဆိုးလာပြီး အစာပြွန်ပိတ်ဆို့သွားတဲ့အထိ ဖြစ်ဖူးပါတယ်။
အဲ့ဒီအချိန် ရေခဲလေးနဲ့ဖိလိုက်တဲ့အခါ ပြန်ပြီးအဆင်ပြေသွားပါတယ်တဲ့…
အဲ့ဒီလိုလုပ်လိုက်တော့ ထမင်းလည်းပြန်စားနိုင်သွားသလို၊ အရက်လည်းပြန်သောက်နိုင်သွားတယ်ဆိုပြီး ရယ်ပြီး‌တော့တောင်ပြောပြလာတယ်။

ဆေးရုံမသွားဘဲနေရင် အခြေနေကပိုပြီးအန္တရာယ်ရှိလာမယ်မဟုတ်လား….

အရက်ကြောင့်ပဲ Homeless ဖြစ်ရ၊ အရက်ကြောင့်ပဲ ကျန်းမာရေးတွေချို့ယွင်းရပြီး နောက်ဆုံးဒါနဲ့ပဲ သေဆုံးသွားရတဲ့ သာဓကတွေများစွာရှိတယ်…
အဲ့ဒီလိုမျိုးလူတွေကို မျက်စိရှေ့မှာပဲမြင်နေရပေမဲ့၊ အရက်ကိုဘယ်လိုမှ မဖြတ်နိုင်ကြပါဘူး..

ဂျပန်နိုင်ငံရဲ့ဆောင်းရာသီဟာ အရမ်းအေးပါတယ်။ အဲ့ဒီအအေးဒဏ်လည်း အရက်စွမ်းအားနဲ့ ကျော်ဖြတ်ကြပုံရပါတယ်။

အရက်ကို ဂျပန်မှာတော့ တရားဝင်ခွင့်ပြုထားပါတယ်။
ဒါပေမဲ့ ဒီလောက်အထိသောက်မယ်ဆို ဆေးသမားတစ်ယောက်နဲ့ဘာမှ မထူးတော့ဘူးပါဘူး….

အရက်ကိုမဖြတ်မချင်း၊ ပိုက်ဆံရတာနဲ့အရက်ပဲသောက်နေတော့တာကြောင့် ပြန်လည်ကုစားဖို့နည်းမရှိပါဘူး..
သူတို့တွေ ဒီဘဝကရုန်းထွက်နိုင်ပါတော့မလား?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: