မုသားလှလှပြောတတ်ဖို့ !!!!

မလိမ်ရဘူး ! လိမ်တာမကောင်းဘူး ! လို့ ကလေးဘဝတည်းက သင်ကြားပေးခံခဲ့ရသူတွေ အများကြီးရှိမယ်နော် …
ဒါပေမဲ့ လောကမှာမလိမ်ဖူးတဲ့သူ ဘယ်နှစ်ယောက်လောက်ရှိမလဲ? မရှိဘူးလို့ထင်တယ်နော်

သေချာတာကတော့ လူတိုင်းလူတိုင်းဟာလိမ်ဖူးကြပြီး လိမ်မိတဲ့အခါမှာလည်း မကောင်းတာလုပ်မိပြီလို့ တွေးမိကြပါတယ်။
ဂျပန်စကားပုံတစ်ခုရှိပါတယ်။

“ လိမ်တာလည်းအဆင်ပြေပါတယ်။
လိမ်ပြောရတဲ့အထဲမှာလည်း ကောင်းတာတွေဖြစ်စေချင်လို့ပြောရတဲ့အကြောင်းအရင်းတွေလည်းရှိတယ်”

ဒါဆိုဘယ်လိုလိမ်ညာမှုတွေက OK လဲ?
ကြီးကြီးမားမားဝေခွဲလိုက်မယ်ဆိုရင် လိမ်လို့ OK တဲ့ အရာ ၂ မျိုးရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။

 

https://image.freepik.com/free-photo/close-up-sunflower-with-blurred-background_1150-294.jpg

 

ပထမဆုံးတစ်ခုက လိမ်လို့လိမ်မှန်းမသိတဲ့ လိမ်ညာမှု။
ဘယ်သူမှ သင်လိမ်ပြောတယ်ဆိုတာကို မတွေးမိရင်တော့ ဒါဟာတစ်ကယ်လားဆိုပြီး ဖြစ်သွားစေမှာပါ။

ဒီလိုလိမ်တဲ့အခါမှာလည်း စည်းကမ်းတွေရှိပါတယ်။
ဒါကနှိုက်နှိုက်ချွတ်ချွတ်လိမ်တတ်ဖို့ပါ။

ထိုသို့လိမ်ရတဲ့ ရည်ရွယ်ချက်အရ လိမ်တဲ့ အထောက်အထားမရှိကြောင်းသေချာစေရန်အရေးကြီးပါတယ်။လိမ်ပြီးလို့ အချိန်ကုန်လွန်ပြီးမှ သင်ပြောထားတဲ့ အရာတွေနဲ့ကွဲပြားနေပါက အလိမ်ပေါ်မှာပါ။

အကယ်၍ ကုမ္ပဏီကို ဝင်သောအခါ ငါ့မှာကျွမ်းကျင်မှုများစွာရှိတယ်! လို့ သင်လိမ်ပြောမိရင်
ထိုကဲ့သို့သောလိမ်လည်မှုက နောက်ပိုင်းမှာ သင့်အတွက်ကြီးမားသောဆိုးကျိုးသာဖြစ်လာနိုင်ပါတယ်။
နှိုက်နှိုက်ချွတ်ချွတ်ယုတ္တိရှိရှိလိမ်ပါ။

လူတိုင်းမှာလည်း လိမ်ပြောတတ်ပေမယ့် တကယ်ကို ကောင်းမွန် ရိုးသားတဲ့လူတွေအများကြီးရှိပါတယ်။
နောက်ကျရတဲ့ အကြောင်းပြချက်မှာ မင်းရဲ့အမေမူးလဲလို့ ဆေးရုံသွားရလို့နောက်ကျတာပါ လို့ ပြောတဲ့သူရှိလား ?
သူဌေးကမင်းကိုစာနာမိပြီး မင်းကိုစိတ်ပူလိမ့်မယ်။ မေးလိမ့်မယ်။
ထို့နောက် ချက်ချင်းအကြောင်းပြချက်တစ်ခုကြောင့် ယုတ္တိမရှိတဲ့ မုသားစကားတွေကို သက်ဆက်တိုက်ပြောရတော့မယ်။

ဒီမုသားစကားပြောတဲ့အခါ မင်းရဲ့ သူဌေးဘယ်လိုခံစားရတယ်ဆိုတာ မြင်ယောင်ကြည့်ပါ။
သူသာ ကိုယ်လိမ်နေတာသိသွားရင် ?
လိမ်ရမှာကြောက်တယ်၊ ဒါပေမယ့် ငါ အဆူခံရမှာ အရမ်းစိုးရိမ်ခဲ့တယ်။ဒါဟာသဘာဝပါပဲ

တကယ်မဟုတ်တာကိုလိမ်ပြောဖို့ ဇာတ်လမ်းအကြောင်းအရာကို မင်းခေါင်းထဲမှာ အကွက်ကျဝင်နေရမယ်။
မင်းအမေက နေမကောင်းလို့ ဆေးရုံရောက်ရတယ်ဆိုတဲ့ လိမ်ပြောမိလိုက်တဲ့နောက်ဆက်တွဲမှာ
ဘယ်ဆေးရုံလဲ ?
ရောဂါလက္ခဏာကဘာတွေလဲ ?
ဆေးရုံမှာဘယ်လိုကုသမှုမျိုးလုပ်မှာလဲ ?

စဉ်းစားနေရင်းနဲ့ လိမ်နိုင်မှ ရမှာပါ။
ဒီလိုနေရာမျိုးမှာ ကောင်းကောင်းလိမ်နိုင်တယ်ဆိုရင်တော့ ကျွမ်းကျင်မှုတစ်ခုရှိတယ်လို့ ပြောလို့ရတာပေါ့။
ဒါဟာသင်ဝါကြွားနိုင်တဲ့ ကောင်းတဲ့စွမ်းရည်တော့ မဟုတ်ဘူး။

ဘာကိုဆိုလိုချင်တာလဲ? ဆိုတော့ . . .
အဖြေကရိုးရှင်းပါတယ်။
လိမ်ဖို့ဆိုတာ တကယ်တော့ မလွယ်ဘူး။

ဒီလိုနောက်ကျလို့လိမ်လိုက်မိတဲ့ မုသားကိုဖုံးကွယ်ဖို့ ပိုပြီးလိမ်နေရတာကတော့ ပင်ပန်းပါတယ်။

မင်းနောက်ကျလို့ နောက်ကျကြောင်းကို တောင်းပန်ပြီး သူဌေးရဲ့ ဒေါသထွက်တာကို ခံလိုက်ပါ။
တစ်ခါတလေအဲဒီလိုလုပ်တဲ့လူတွေရှိတယ်။ ကိုယ်က သေချာမလိမ်နိုင်ရင်
ရိုးရိုးသားသားပြောပါ။ နောက်မှ ပိုရှုပ်လာပါလိမ့်မယ်

သင်က မုသားပြောတဲ့နေရာမှာ အထူးကျွမ်းကျင်သူတစ်ယောက်ဆိုရင်
အလားတူအားထုတ်မှုဖြင့် အခြားကျွမ်းကျင်မှုများကို ရယူရန်ကြိုးစားတာက ပိုကောင်းမယ်မဟုတ်လား။

————————————————————————-

 

https://specials-images.forbesimg.com/imageserve/1143805717/960×0.jpg?fit=scale

 

နောက်ထပ်တစ်ခု၊ မုသားမပါ လင်္ကာမချော ဆိုသလို ကောင်းစေချင်လို့ပြောတဲ့ မုသားလည်းရှိပါတယ်။အဲဒါကတော့ သူတစ်ပါးကို တွေးပေး နားလည်ပေးတဲ့အနေနဲ့ သုံးတဲ့မုသားဖြစ်ပါတယ်။
သို့သော် အချို့လူများက ဒီအကြောင်းကိုရှုပ်ထွေးနေကြတဲ့သူတွေရှိပါတယ်။
အထူးသဖြင့် ဂျပန်လူမျိုးတွေမှာ နားလည်မှုလွဲမှားလေ့ရှိပါတယ်။

ပြတ်ပြတ်သားသားမပြောနိုင်တာက ကြင်နာမှုတစ်ခုပဲလား ?တခါတလေ ကိစ္စတစ်ခုခုကို နားလည်ပေးလိုက်တဲ့ ကြင်နာမှုမျိုးရှိပါတယ်။
အဲဒါကို တော့ အတွေးမမှားမိစေပါနဲ့။

သင့်ရဲ့ လက်အောက်ငယ်သားက ပေးတဲ့စာရွက်စာတမ်းတွေက သင့်အတွက် လုံးဝအသုံးမဝင်တဲ့အခါ
သင်ဘယ်လိုတွေးမလဲ?” တကယ်ကို သုံးမရတဲ့ ဟာပါလား! တော်ပြီ မလိုတော့ဘူး! အလုပ်ရပ်လိုက်ပါတော့လား ? ”ဒီလိုမျိုးအခြေအနေတွေ ခဏခဏ ကြုံဖူးတဲ့သူတွေရှိကောင်းရှိမှာပါ။

သေချာတာကတော့ ဒါဟာ အမှန်တကယ် ခံစားချက်ပဲ။
ဒါကို ဒီအတိုင်း ပြောချ၊ လုပ်ချပလိုက်တာက မကောင်းဘူးဆိုတာတော့ လူတိုင်းသိပါတယ်။ဒါဆိုရင် ဘယ်လိုလုပ်မလဲ?

အချိန်ကလည်းမရှိတော့ဘူး၊ ဒါကြောင့် ကိုယ့်ကိုယ်တိုင်ပဲပြန်လုပ်ဖို့ရှိတော့တယ်။“ ကျေးဇူးတင်ပါတယ်” လို့ပဲပြောပြီး ကိုယ့်ဘာသာကိုယ်လုပ်ရုံပဲလို့ တွေးလိုက်ရင်တော့ ကြီးမားတဲ့အမှားပဲ။

မကောင်းတဲ့အရာတွေကို မကောင်းကြောင်း ထောက်ပြရမယ်။ဒီလိုမလုပ်လို့မရဘူးဆိုတဲ့ အကြောင်းအရင်းက လက်အောက်ငယ်သားတွေရဲ့ ကျွမ်းကျင်မှုက ပိုပြီး ကြီးထွားလာမှာ မဟုတ်ပါဘူး။ဒါဟာ မကြင်နာရာရောက်မှာပေါ့ ?

မှားတာကိုထောက်ပြပြီး သင့်ရဲ့ လက်အောက်ငယ်သားအပေါ် သူတို့ရဲ့ ကျွမ်းကျင်မှုကို တိုးတက်စေချင်တာကို ပေါ်လွင်စေမယ့်အရာကို သူတို့နားလည်ဖို့က အရေးကြီးပါတယ်။
ဒါအမှန်လုပ်သင့်တဲ့မုသားမျိုးပဲ။
သင့်တော်လျောက်ပတ်တဲ့ကြင်နာမှုမျိုးမှတစ်ဆင့်ခံကာ လိမ်ပြောခြင်းတစ်မျိုးပေါ့။

နောက်တစ်မျိုးကတော့ . . .
နောက်တစ်ခါ သူ့ကိုမတွေ့ချင်လောက်အောင် မုန်းတဲ့သူရှိတယ်ဆိုပါစို့။ သူနဲ့သိတဲ့သူတစ်ယောက် က မင်းနဲ့လည်း သိတယ်။ အဲဒီ ဘုံအသိတစ်ယောက်က ဒီလိုမေးခဲ့ရင် . . .
ဘာလုပ်သင့်လဲ?
“ ခင်ဗျားသူ့ကိုမုန်းတာလား?” လို့ ဘုံအသိတစ်ယောက်ကမေးရင် မှန်ကန်သောအဖြေမှာ“ ဟုတ်တယ်၊ သူ့ကို အရမ်းမုန်းတယ်” လို့ ဖြေလိုက်တာ မှန်ကန်တဲ့အဖြေလို့ ထင်ပါသလား ? တကယ်တော့ အဲလိုပြောစရာမလိုပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ဆက်ဆံရေးကိုတိုးတက်အောင်လုပ်ဖို့အတွက်ဖြစ်ဖြစ်၊
မုန်းနေရင်ပဲဖြစ်ဖြစ် ဒီလို ရိုးသားစွာပြောဆိုတာထက်
“ ဟင့်အင်း၊ မမုန်းပါဘူး” လို့ သေးငယ်တဲ့ မုသားဟာ ပိုပြီး အဆင်ပြေတယ်လို့ထင်ပါတယ်။“ချစ်တယ်!” လို့ပြောတာလောက် လိမ်ပြောစရာမလိုပါဘူး။

လူမှုဆက်ဆံရေးကို အဆင်ပြေချောမွေ့စေရန် တစ်ခါတစ်ရံ ထိုကဲ့သို့သော လိမ်လည်မှုကိုသုံးတတ်ဖို့တော့ သေချာပေါက် လိုအပ်ပါတယ်။
သင်ရော ကောင်းကောင်းလိမ်တတ်တဲ့သူလား ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: