ဂျပန်စူပါမားကတ်တို့ရဲ့ ဈေးဗန်းခင်းနည်း !!!!!

အရွယ်အစား အမျိုးမျိုးနဲ့ ဖွင့်လှစ်ထားတဲ့ စူပါမားကက်တွေ တန်းစီနေတဲ့ ဂျပန်လူနေမှုပတ်ဝန်းကျင်. . .
အဲဒီမှာတော့ Conbini လို့ခေါ်တဲ့ စတိုးဆိုင်တွေပေါ်လာတဲ့အခါ ပြင်းထန်တဲ့ အပြိုင်အဆိုင်တွေဖြစ်လာပါတယ်။

တစ်ချိန်တည်းမှာပဲ စတိုးဆိုင်တွေမှာလည်း ဈေးနှုန်းချိုသာရုံဖြင့်သာမက ပျော်စရာကောင်းတဲ့ ဖျော်ဖြေမှုတွေလည်း ပြုလုပ်လာကြပါတယ်။ဖျော်ဖြေရေးပေးတဲ့ စူပါမားကက်များရဲ့ အားထုတ်မှုကိုရှာဖွေကြည့်ရအောင်။

 

https://grapee.jp/859605

ဒီအသားရဲ့ အလေးချိန်ကတော်တော်ကြီးတယ်လို့ပြောကြတယ်။
“ တောင်းပန်ပါတယ်နော်။
ကျေးဇူးပြုပြီး အများကြီးစားပါ။”

ဒါဘာလဲ?
ရောင်းနေတဲ့ အသားထုပ်တွေက ကြီးလွန်းနေတာတောင် တောင်းပန်ပြီးတော့ကို“ ကျေးဇူးပြု၍ စားပါ”လို့ရေးထားတာက . . .အလွန်ကောင်းတဲ့ အကြံပဲ။ နည်းနည်းတော့ချစ်စရာ‌ကောင်းတာပဲနော်။

 

ပုလင်းမျိုးစုံ

https://ailovei.com/?p=40473

“ 正直イマイチです。” ရိုးသားစွာနဲ့ပြောရရင် သိပ်အကောင်းကြီးမဟုတ်ဘူးလို့ ရေးထားတာပါ။
ရိုးရိုးသားသားနဲ့ ထင်မြင်ချက်ပေးထားတာကိုတော့ ကျေးဇူးတင်ပါတယ်။ အဲဒါကိုများ ဘာကြောင့် တန်းစီထားသလဲမသိဘူးနော်။

 


ကူညီပါ
ကျွန်တော်တို့ရဲ့ထုတ်ကုန်များအတွက်သက်တမ်းကုန်ဆုံးရက်စွဲက ယနေ့အထိဖြစ်လို့ပါ။
ဧည့်သည်တို့ရဲ့ အင်အားနဲ့ ကျွန်တော်တို့ရဲ့ အသက်ကိုကူညီပါ။
မဟုတ်‌‌‌‌‌‌သေးပါဘူး၊ ခင်ဗျားတို့ကတော့…..

စားသောက်ကုန်တွေက နေ့စဉ်နေ့တိုင်းထုတ်လုပ်နေတာ မဟုတ်လား . .နေ့တိုင်းသက်တမ်းကုန်ဆုံးနေတာ မဟုတ်လား ?

Sanma ( ဆားနဲ့ကင်စားရင် အကောင်းဆုံး )
ဟုတ်ပါတယ် ဆားနဲ့ကင်စားရင် အကောင်းဆုံးဆိုတာ။ ဒါပေမယ့် ပြထားတာရိုးလွန်းမနေဘူးလား ? ?

 

ဆိုင်ရှင်ရဲ့ အသား ? ?

 


ဟဲ့ ဒါ သခွားသီးလို့ရေးထားပြီး သခွားသီးလည်းမဟုတ်ဘူး။ မှားသွားတာလား . . .တမင်လား . . .ဘာလားတော့မသိ။

 

ရေချိုကဏန်း

ကြွပ်နေအောင်ကြော်စားရင်အကောင်းဆုံးပဲ! အိမ်မွေးတိရစ္ဆာန်အဖြစ်လည်း မွေးလို့တယ်တဲ့… အဆန်းကြီးတော်
စားမလား စောင့်ရှောက်မလား။ ဒါဟာအဆုံးစွန်ရွေးချယ်မှုနဲ့အတူ တစ်ခုခုတော့ ခံစားရမှာပဲ ဒီစာကိုဖတ်ပြီး။

 


“ ကြီးမားသောအရွယ်အစားနဲ့အာလူး
Hokkaido ကြက်သွန်နီ။”
ဒါကအာလူးလား၊ ကြက်သွန်လား .. ..

 

ငါး


အေးပေါ့။ ငါးမှန်းတော့ သိတာပေါ့။ ရောင်းတဲ့သူက ဘာငါးလည်းမသိတာလား ?

 


စာမေးပွဲဖြေဆိုသူများကို အားပေးကူညီပါမယ်လို့ရေးထားတော့ မင်းကအရက်ယမကာများနှင့်ထောက်ပံ့မှာလားပြော!! ဟီ

 

ဆလတ်ရွက်ကိုပြန်ပြီး recommed ပေးနေတဲ့ ဆလက်ရွက်
အဲ . . . ဘာပြောချင်တာလဲ ?

 

“ အင်အားအကောင်းဆုံး အသားသီအိုရီ”
ဟုတ်ကဲ့၊ ကျွန်တော်လည်း အဲ့ဒီသီအိုရီကို ယုံကြည်ပါတယ်။

 

မဖတ်တတ်ဘူးဆို။

 

“ ဒီဆိုင်မှာ အသုံးပြုထားတဲ့ ငါးတွေအားလုံးက မသေခင်မှာ အသက်ရှင်ခဲ့ပါတယ်။”
အဲဒါတော့ ဟုတ်တယ်လေ။

 

ထက်ဝက်ဈေး !! အဟင့် အဟင့် !!
နားလည်ပါတယ် ဒီလို ခံစားချက်။

ဘယ်လိုလဲ?

ဂျပန်စူပါမားကတ်က စိတ်၀င်စားစရာကောင်းတယ်လို့ မထင်ဘူးလား ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: