စစ်တိုက်ထွက်မယ့် အဘွားတို့အဖွဲ့ !!!!!

ငြိမ်းချမ်းသာယာလှတဲ့ ဂျပန်ပြည်မှာ ဒီလိုပုံစံတွေနဲ့ စောင့်ကြည့်နေကြတယ်။

 

http://blog.livedoor.jp/dqnplus/archives/2002716.html

အေပရွန်တွေဝတ်ထားတဲ့ အမျိုးသမီးတစ်စုဟာ သေနတ်ကိုလည်းကိုင်ထားကြတယ်။
ဒီလိုတရားဥပဒေစိုးမိုးတဲ့နေရာမှာ ဘာရှိနေလို့လဲ? နောက်ပြီး အမျိုးသမီးတွေမှာ ရန်သူရှိနေလို့လာ?

အဲ့ဒီအမျိုးသမီးတွေက Fukui စီရင်စုမှာနေထိုင်တဲ့ ၃ ယောက်အဖွဲ့ဖြစ်ပြီး၊ “ Monkey Busters” ဆိုတဲ့နာမည်နဲ့အဖွဲ့ ဖွဲ့ထားတာပါ။
အသက်ကတော့ ၆၇/၇၄ နှစ်လောက်ရှိမယ်လို့ထင်ရပါတယ်။

ရေရေလည်လည်တိုက်ခိုက်တော့မယ် အဖွားတွေရဲ့ရန်သူကတော့ နာမည်အတိုင်း “ မျောက်” တွေပါပဲတဲ့…….

အကြောင်းကတော့ မျောက်ရိုင်းတွေက တောင်ပေါ်ကနေဆင်းလာပြီး တောင်ယာအသီးအနှံတွေကိုစားပစ်လိုက်ကြတာကြောင့် သူတို့ရန်ကနေကာကွယ်ဖို့ ဒီလိုလုပ်လိုက်ရခြင်းပဲဖြစ်ပါတယ်…

သတင်းကြားပြီဆိုတာနဲ့ ရောက်တဲ့နေရာကနေ အပြေးအလွှားရောက်လာကြပြီး မျောက်တွေကိုလိုက်လံပစ်ခတ်တော့တာပါပဲ ….
သေနတ်ဆိုလို တကယ့်အစစ်လို့တော့မထင်လိုက်နဲ့နော်…
လေသေနတ်ပါတဲ့….!!!!!

လေသေနတ်လို့သာပြောပါတယ် ထိမှန်လိုက်ပြီဆို အရမ်းနာပါတယ်…
မျောက်တွေကိုပစ်သတ်ဖို့ရည်ရွယ်တာမဟုတ်ဘဲ နာသွားပြီးနောက်တစ်ကြိမ် စိုက်ခင်းတွေကိုလာမဖျတ်ဆီးအောင် သတိပေးလိုက်ခြင်းသာလျှင်ဖြစ်ပါတယ်။
ဒီလို လေသေနတ်နဲ့တင် အလုပ်ဖြစ်ကြတယ်လို့ ပြောပါတယ်။

အေပရွန်ဝတ်ထားတဲ့အကြောင်းကတော့ ယူနီဖောင်းသဘောမျိုးသတ်မှတ်ထားတာမဟုတ်ဘဲ၊ အိမ်အလုပ်လုပ်ရင်းတန်းလန်း အသံကြားတာနဲ့ချက်ချင်းထွက်လာကြတာကြောင့်ပါတဲ့…..
အေပရွန်နဲ့ သေနတ်ရဲ့ မလိုက်ဖက်မှုကြီးက ရုတ်တရက်ဆို အံ့အားသင့်စရာကြီးနော်….ဟဟဟ !!!!!

တကယ်က ဂျပန်နိုင်ငံရှိတောင်တွေက အန္တရာယ်အရမ်းများပါတယ်။
ဒီလို ရက်စက်တဲ့သတ္တဝါအရိုင်းကောင်တွေလည်း ရှိပါတယ်။

 

https://toyokeizai.net/articles/-/193844

 

တောထဲတောင်ထဲမှာ camp တွေလာလုပ်တဲ့အချိန် tent အတွင်းမှာရှိတဲ့ အစားအစာအနံ့တွေကိုလိုက်ပြီး ဒီကောင်တွေ ရောက်လာတတ်ကြတယ် !!!!!
ရွက်ဖျင်တဲတွေကိုလည်း ဆွဲသွားကြတဲ့အန္တရာယ်လည်း ဖြစ်ဖူးတယ်လို့သိရပါတယ်။

ဝက်ဝံတွေရဲ့ ဟိန်းသံကိုလည်း နှစ်စဥ်ကြားရတယ်လို့ပြောပါတယ်။
ဝက်ဝံကြောင့်သေဆုံးသူတွေအထိရှိတဲ့အတွက် တကယ်ကိုအန္တရာယ်များပါတယ်။

တခါတရံ ယာခင်းထဲမှာလာသောင်းကျန်းတဲ့ တောဝက်တွေနဲ့လည်းကြုံရပြီး ဂျပန်နိုင်ငံရဲ့စိုက်ပျိုးရေးလုပ်ကိုင်နေသူတို့ရဲ့ဘဝကလည်း ကြမ်းတမ်းမယ့်ပုံပါပဲ..!!!!!

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: