အောင်မြင်သူဆိုတာ အချိန်ခရီးသွားစက်ကို မောင်းနှင်နေသူ !!!!

Doraemon ကိုယ်စားပြု ကိရိယာတစ်ခုဖြစ်တဲ့ Doraemon ရဲ့ အနာဂတ်ကိရိယာတွေထဲမှာ အချိန်ခရီးသွားစက်ကတော့ အဓိကပါပဲ။
Nobita-kun ရဲ့ အကူအညီမဲ့နေတဲ့ အနာဂတ်ကိုသိတဲ့ အနာဂတ်က သားစဉ်မြေးဆက်တွေက ပြင်ဆင်ပြီး အသုံးပြုရန်ပို့ပေးခဲ့တဲ့ ကိရိယာတစ်ခု။

အနာဂတ်ကိုသာသိနိုင်မယ်ဆိုရင် အရာရာကိုပျော်မွေ့နိုင်တယ်လို့ တွေးမိသူက ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူးထင်တယ်နော်။

ရုပ်ရှင် Back to the future မှ မြင်ကွင်းလိုတော့ မဟုတ်ပါဘူး။ သို့သော်အနာဂတ်ကိုသင်သိပါက လောင်းကစားတောင်မှ အနိုင်ရမှာပါ။အလားတူစွာ စီးပွားရေးလောကမှာလည်း သင်သာ အနာဂတ်ကိုသိလျှင်၊ မည်သူကိုမဆို သင်အနိုင်ရနိုင်မှာပါ။
၎င်းကို Time Machine Commercial Law လို့ခေါ်ပါတယ်။

Masayoshi Son သည် Japan တွင် Softbank ဟုအမည်ရသောကုမ္ပဏီတစ်ခုကိုတည်ထောင်ခဲ့ပါတယ်။

 

https://assets.bwbx.io/images/users/iqjWHBFdfxIU/iOigRQd7kUTw/v1/1000x-1.jpg

ထိုအချိန်က သူသည်လည်း Time Machine Commercial Law ကိုအပြည့်အဝအသုံးချခဲ့သူများထဲမှ တစ်ယောက်ဖြစ်ပါတယ်။
သူကိုယ်တိုင်စတင်တည်ထောင်ခဲ့တဲ့ကုမ္ပဏီသည် အလျင်အမြန်ကြီးထွားလာပြီး ဂျပန်နိုင်ငံရဲ့ ဦးဆောင်ကုမ္ပဏီတစ်ခု ဖြစ်လာပါတယ်။

သူစတင်ခဲ့တာကတော့ ကွန်ပျူတာဆော့ဖ်ဝဲလ်ဖြန့်ဖြူးရေးလုပ်ငန်းဖြင့် အစပြုခဲ့ပါတယ်။ အဲဒီလုပ်ငန်းကလည်း Time Machine Commercial Law ကို သုံးထားတယ်လို့ပြောလို့ရပါတယ်။

အမေရိကမှာ ကွန်ပျူတာစတင်ပြီးထုတ်လုပ်ပြီးတဲ့နောက် ဂျပန်နိုင်ငံတွင် ရောင်းချရာမှာတော့ ဂျပန်ဘာသာစကားအပြောင်းအလဲပြဿနာကြောင့် ပျံ့နှံ့ရန် ခက်ခဲခဲ့ပါတယ်။
PC ဆော့ဖ်ဝဲလည်း ရောင်းမကောင်းခဲ့ပါဘူး။

ဤအတောအတွင်းမှာပဲ PC ခေတ်က မကြာမီဂျပန်သို့ရောက်တော့မယ်ဆိုတာ သူယုံကြည်ပြီး လုပ်ကိုင်ခဲ့ပါတယ်။ ဤလုပ်ငန်းကိုစွဲမြဲစွာပြုလုပ်ခြင်းရဲ့ရလဒ်ကတော့ ကြီးမားတဲ့ အောင်မြင်မှုကို ရရှိခဲ့ပါတယ်။
ထို့နောက် အိုင်တီစီးပွားရေးလုပ်ငန်းများစတင်ခေတ်စားလာပြီး
လက်ကိုင်စမတ်ဖုန်းများလည်း ခေတ်စားလာပါတယ်။

လူကြိုက်များသောအရာတွေ ဘာတွေဖြစ်နေလဲဆိုတာကြိုသိထားသလိုမျိုးနဲ့ အလုပ်လုပ်နေတာဖြစ်ပါတယ်။ဟုတ်ပါတယ်၊ အချိန်ခရီးသွားစက်ကိုသုံးနေသလိုပဲ အနာဂတ်ကိုမြင်နိုင်ဖို့အတွက်
ထိုကဲ့သို့သော အမြင် အတွေးအခေါ်ရှိရမှာဖြစ်ပါတယ်။

တကယ့် အချိန်ခရီးသွားစက်ဆိုတာကတော့ ကမ္ဘာမှာမရှိပါဘူး။သူမြင်ခဲ့ရတဲ့ အနာဂတ်ကတော့ အမေရိကဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုရှိစီးပွားရေးအခြေအနေကိုကောင်းစွာသိရှိပြီး ဒါကို ဂျပန်နှင့်အစားထိုးကြည့်ကာလုပ်ကိုင်ခဲ့တာပဲဖြစ်ပါတယ်။

ထိုအခါ ဂျပန်ရဲ့အနာဂတ်မြင်နိုင်ပါတယ်။ဘာလုပ်ရင်ကောင်းမလဲဆိုတာကို အခုလိုကြိုတင်တွေးပြီး ဆုံးဖြတ်နိုင်ပါတယ်။ဒါဟာ Time Machine ရဲ့ အခြေခံပါပဲ။အမေရိကမှာလူကြိုက်များတာက ဂျပန်မှာ ၁၀၀ ရာခိုင်နှုန်းလူကြိုက်များမှာမဟုတ်ပါဘူး။
ယဉ်ကျေးမှုနှင့် အခြားမတူညီသောအရာများကွဲပြားခြားနားမှုများရှိသဖြင့် အနာဂတ်ကိုစဉ်းစားတဲ့အခါ ဒါတွေကိုတော့ ထည့်စဉ်းစားသင့်ပါတယ်။ဖြစ်ကောင်းဖြစ်နိုင်တာတွေနဲ့ မျှမျှတတစဉ်းစားပြီး မြင့်မားတဲ့ ဖြစ်နိုင်ခြေနှင့်အတူ အနာဂတ်ကို ခန့်မှန်းနိုင်ပါတယ်။

ဟုတ်ပါတယ်၊ အနာဂတ်ကိုခန့်မှန်းခြင်းက သင့်ရဲ့စီးပွားရေးအောင်မြင်မှုနှုန်းကိုတိုးမြှင့်ပေးတဲ့ အထောက်အကူပါ။ ဒါပေမယ့်အခြားတိုင်းပြည်တစ်ခုမှာလည်း ဒီလိုဖြစ်မယ်ဆိုတာတော့ မသေချာပါဘူး။
တချို့လူများကဒီနားလည်မှုလွဲနေကြတာတွေရှိပါတယ်။

“ ဒါကဂျပန်မှာလုပ်ခဲ့တာ အောင်မြင်ခဲ့တာ။ ဒါကြောင့်မြန်မာမှာလည်း လူကြိုက်များလာလိမ့်မယ်” လူအချို့က ဒီလိုအရာကိုစဉ်းစားလေ့ရှိကြပါတယ်။
သို့သော်၎င်းသည် Time Machine သုံးတဲ့ စီးပွားရေးမဟုတ်ပါဘူး။ဂျပန်နိုင်ငံသည်ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည်ဟူသောခိုင်မာတဲ့အချက်ရှိကြပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံများမှာ လူကြိုက်များသောအရာများက အမြဲလူကြိုက်များခြင်းမဟုတ်ပါဘူး။လူကြိုက်များသောနိုင်ငံများနှင့် စီးပွားရေးလုပ်လိုသောနိုင်ငံများအကြားမှာလည်း မတူညီတဲ့ ကွဲပြားခြားနားမှုများအတွက် စိုးရိမ်ပူပန်ရမယ့် အရာတွေရှိပါတယ်။

သင့်ရဲ့ စီးပွားရေးကိုပိုမိုထိရောက်စေရန်နှင့် ကြီးမားသောအောင်မြင်မှုရရန် သင့်ရဲ့ အချိန်ခရီးသွားစက်ကို သေချာပေါက်အသုံးချပါ။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: